Home သတင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၉ခုတွင် ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်း ပြုလုပ်သွားရန်ရှိ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၉ခုတွင် ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်း ပြုလုပ်သွားရန်ရှိ

2196

‌အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူငယ်များ စွမ်း‌ဆောင်ရည် မြှင့်တက်လာ‌စေရန် ရည်ရွယ်သည့် ကရင်လူငယ်ဖွံ့ဖြိုး‌ရေး သင်တန်းများကို လာမည့် ၂၀၁၉ခုနှစ်တွင် မြို့နယ် ၉မြို့နယ်၌ ပြုလုပ်သွားရန် ရည်ရွှယ်ထား‌ကြောင်း ပန်းတ‌နော်မြို့နယ် ကရင် လူငယ်တာဝန်ခံ စရဲသူရိန်ဟန်က ‌ပြောသည်။

ပန်းတ‌နော်မြို့နယ် ကရင်ယဉ်‌ကျေးမှုပြတိုက်တွင် ‌အောက်တိုဘာလ ၂၃ရက်‌နေ့က ပြုလုပ်‌သော ကရင်လူငယ်စွမ်းရည်မြှင့် အစီ အစဉ်များ ‌ဆွေး‌နွေးပွဲသို့ မြို့နယ် ၁၂မြို့နယ်မှ ကရင်စာယဉ်အဖွဲ့များနှင့် လူငယ်များ စုစု‌ပေါင်း ၆ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြ ပြီး ၎င်းကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းများ ကျင်းပမည့် အစီအစဉ်နှင့်ပတ်သက်၍ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကရင်လူငယ် စွမ်းရည်မြှင့်အစီအစဉ်အ‌ပေါ် စရဲသူရိန်ဟန်က “နှစ်စဉ် ‌နွေရာသီမှာ ပြုလုပ်တဲ့ ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းကို စနစ်တကျ လုပ်‌ဆောင်နိုင်ဖို့နဲ့ လူငယ်‌တွေထဲက‌နေပဲ ဆရာဖြစ်သင်တန်း(TOT)ကို တက်ပြီး‌တော့ ပြန်ပြီး သင်တန်းပြန်‌ပေးနိုင်ဖို့ ရယ်၊ ‌ငွေ‌ကြေးပိုင်းဆိုင်ရာမှာ ကိုယ်ထူကိုယ်ထနဲ့ ဘယ်လိုလုပ်‌ဆောင်ကြမလဲ စတာ‌တွေဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသင်တန်းဖွင့်လှစ်ရခြင်းမှာ အနာဂတ်တွင် ကရင်လူငယ်များအ‌နေဖြင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အ‌တွေးအ‌ခေါ်များ၊ လူ့အခွင့် အ‌ရေးဆိုင်ရာ၊ ဥပ‌ဒေဆိုင်ရာ ဗဟုသုတများ ၊ ပညာ‌ရေးဆိုင်ရာ အသိပညာများနှင့် တသီးပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်လာ‌စေရန် ရည် ရွယ်ပြီး ကျင်းပခြင်းလည်းဖြစ်သည်ဟု စရဲသူရိန်က ဆက်‌ပြောသည်။

ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်း ပြုလုပ်ရန် လျာထား‌သော မြို့နယ် ၉မြို့နယ်မှာ ပန်းတ‌နော်မြို့နယ် အပါအဝင် ဘိုက‌လေး၊ မအူပင်၊ ဟသင်္ာတ၊ အိမ်မဲ၊ ကန်ကြီး‌ဒေါင့် ၊ ‌မြောင်းမြ၊ လပ္ပတ္တာနှင့် ဖျာပုံမြို့နယ်များဖြစ်ပြီး ကျိုက်လတ်မြို့နယ်နှင့် ဝါးခယ်မမြို့ နယ်များတွင်လည်း ပြုလုပ်နိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်အ‌ခြေစိုက် Youth Cycle အဖွဲ့၏ ပံ့ပိုး‌ပေးမှုများနှင့်အတူ ဧရာဝတီတိုင်း‌ဒေသကြီး၏ မြို့နယ်အသီး သီးမှ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ လက်‌အောက်ရှိ ကရင်လူငယ်အဖွဲ့များ၏ ဦး‌ဆောင်မှုဖြင့် ၂၀၁၉ခုနှစ်၊ မတ်လမှ ‌မေ လအထိ မြို့နယ်များအလိုက် ‌နေရာခွဲကာ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

သင်တန်းတွင် လူငယ်ဖွံ့ဖြိုးမှုနှင့် ‌ခေါင်း‌ဆောင်မှု၊ ငြိမ်းချမ်း‌ရေးနှင့် သဟဇာတဖြစ်ခြင်း၊ ကရင်လူငယ်များ၏ နိုင်ငံ‌ရေးလှုပ်ရှားမှု များ၊ ယဉ်‌ကျေးမှုဆိုင်ရာ အသိပညာနှင့် တန်ဖိုးထားမှုများအပြင် ပညာ‌ရေးဆိုင်ရာ၊ လူငယ်နှင့် မျိုးပွားမှုဆိုင်ရာ၊ လူမှုမီဒီယာ အထူး ‌ဟော‌ပြောခြင်းများကို ထည့်သွင်း‌ဆွေး‌နွေးခြင်းဖြင့် သင်တန်းပို့ချမှုများကို ပြုလုပ်ကြမည် ဖြစ်သည်။

ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းကို ၂၀၁၃ခုနှစ်တွင် ပန်းတ‌နော်မြို့နယ်၌ စတင် ကျင်းပခဲ့ကာ ၆ကြိမ်‌မြောက်အထိ နှစ်စဉ် ပြုလုပ် နိုင်ခဲ့ပြီး ‌ညောင်တုန်းမြို့နယ်နှင့် ကန်ကြီး‌ထောင့်မြို့နယ်များတွင်လည်း သင်တန်းကို တိုးချဲ့ပြုလုပ်နိုင်ခဲ့‌ကြောင်း ‌ဒေသခံလူငယ် များက ‌ပြောဆိုသည်။