Home သတင်း အရက်၏ဆိုးကျိုးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိလာရန် ဖားအံတွင် ‌ဆွေး‌နွေးပွဲပြုလုပ်

အရက်၏ဆိုးကျိုးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိလာရန် ဖားအံတွင် ‌ဆွေး‌နွေးပွဲပြုလုပ်

2942

‌အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်း ‘အရက်နှင့်ဆက်နွယ်လျက်ရှိ‌သော ကျား၊မ အ‌ခြေပြုအကြမ်းဖက်မှုနှင့် ဆင်းရဲခြင်း ပြဿနာ’ ‌လျော့နည်း‌ရေးဆိုင်ရာ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ‌အောက်တိုဘာ ၂၉ ရက်(ယ‌နေ့)တွင် ဖားအံမြို့၊ ခွယ် က‌ဘောင်ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

အရက်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်၊ ‌လေး‌လေးနက်နက် သိရှိ‌စေ ရန်အတွက်ရည်ရွယ်၍ လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်းသိရပြီး ယခုပွဲကို ‌မေတ္တာလမ်း လူမှုဝန်းကျင်ဘက်စုံ ဖွံ့ဖြိုး‌ရေးအဖွဲ့မှ ဦး‌ဆောင်ကျင်းပခြင်းလည်းဖြစ်သည်။

‌မေတ္တာလမ်း လူမှုဝန်းကျင်ဘက် စုံဖွံ့ဖြိုး‌ရေးအဖွဲ့၏ တာဝန်ခံ ‌နော်မူး‌ဖောက “ကျားမအ‌ခြေပြုအကြမ်းဖက်မှုနဲ့ ဆင်းရဲခြင်းစတဲ့ အရက်ရဲ့ဆိုးကျိုး‌တွေ ‌လျော့ကျ‌စေဖို့ဆိုရင် ပထမဦးဆုံးအ‌နေနဲ့ CBO၊ CSO(အရပ် ဖက်လူမှု အဖွဲ့အစည်း)‌တွေက ဒီအ‌ကြောင်းကို စိတ်ပါဝင်စားလာဖို့၊ ‌နောက်ပြီး တတ်နိုင်တဲ့နည်းဘက်မှာ လုပ်နိုင်ဖို့ ဖြစ်‌စေ ချင်ပါတယ်။ ဒါမှ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်”ဟု ‌ပြောသည်။

ထို့အပြင် အစိုးရတာဝန်ရှိသူများအ‌နေနှင့်လည်း ဥပ‌ဒေအရ ‌သေ‌သေချာချာ ထိန်းချုပ်မှုများ၊ အရက်နှင့် ပတ် သက်သည့် ကန့်သတ်ချက်များထားရှိခြင်း၊ ပြည်သူများအား အသိပညာ ကျယ်ကျယ်ပြန့်ပြန့်‌ပေးခြင်းများ ပြုလုပ် ‌ပေး‌စေလိုသည့် ရည်ရွယ်ချက်များဖြင့် ‌ဆွေး‌နွေးပွဲပြုလုပ်ရခြင်းဖြစ်‌ကြောင်း ‌နော်မူး‌ဖောက ဆက်‌ပြောသည်။

ယစ်မျိုးဥပ‌ဒေတွင် Alcohol (အရက်) ၂ ရာခိုင်နှုန်းနှင့်အထက်ရှိ‌သော ဝီစကီ၊ ဘီယာ၊ ထန်းရည်၊ ဝိုင်၊ ‌တော အရက်စသည့် မူးယစ်‌စေနိုင်‌သော အရာများအားလုံးကို အရက်ဟု သတ်မှတ်ထားပြီး အရက်‌ကြောင့်ဖြစ်‌ပေါ် လာနိုင်သည့် ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာ‌ပေးမှုများကို ဆက်လက်လုပ်‌ဆောင်သွားရန် ရှိ‌ကြောင်း လည်း ‌မေတ္တာလမ်း လူမှုဝန်းကျင်ဘက်စုံဖွံ့ဖြိုး‌ရေးအဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

ယင်း‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူထုအ‌ခြေပြု အဖွဲ့အစည်း (CBO) များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO)များ၊
ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက် (KSCN) တာဝန်ခံများ စုစု‌ပေါင်း ၇ဝ ဦး‌ကျော် တက်‌ရောက်ကာ အပြန်အလှန် ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ကြခြင်း လည်းဖြစ်သည်။

ယခုပွဲသို့ တက်‌ရောက်လာ‌သော အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနမှ ‌စောမြလင်းသာက “အရက်‌ကြောင့် အိမ်တွင်း အကြမ်းဖက်မှု‌တွေဖြစ်‌ပေါ်လာနိုင်တယ်။ ဝင်‌ငွေရနည်းတဲ့မိသားစု‌တွေမှာ အရက်‌သောက်လို့ ကုန်ကျစရိတ်များ လာနိုင်တယ်။ ‌နောက်ဆုံး ဆင်းရဲမှုနဲ့ဆက်နွယ်‌နေတာ‌တွေကို ပို‌တွေ့လာရတယ်။ ဒီအရက်ရဲ့ ဆိုးကျိုး‌တွေ ဘယ် လိုရှိလဲဆိုတာကို ကျ‌နော်ရဲ့ ရပ်ရွာမှာ ပြန်လည်အသိ‌ပေး ‌ဝေမျှသွားပါမယ်”ဟု ‌ပြောသည်။

လူမှုဖွံ့ဖြိုး‌ရေးကို အဟန့်အတားဖြစ်‌စေသည့် အရက်‌သေစာနှင့်မှုးယစ်‌ဆေဝါးပြဿနာများ ‌လျော့ကျလာ‌စေရန် ရည်ရွယ်၍ ‌မေတ္တာလမ်းလူမှုဝန်းကျင် ဘက်စုံဖွံ့ဖြိုး‌ရေးအဖွဲ့ကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်ဟု ‌မေတ္တာလမ်းအဖွဲ့ထံမှ သိရသည်။