Home သတင်း ဝင်း‌ရော်မြစ်ကူး ကြိုးတံတား ကိုယ်ထူကိုယ်ထ တည်‌ဆောက်

ဝင်း‌ရော်မြစ်ကူး ကြိုးတံတား ကိုယ်ထူကိုယ်ထ တည်‌ဆောက်

2600

‌အောက်တိုဘာ ၃ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျောက်ဘီလူး‌ကျေးရွာအုပ်စုနှင့် ခလယ်‌စောနှစ်အိမ် ကြာအင်းဆိပ်ကြီးမြို့သို့ ဆက်သွယ်မည့် အရှည် ‌ပေ ၃ဝဝ ရှိ ဝင်း‌ရော်မြစ်ကူး ကြိုးတံတားကို ‌ကျေးရွာများ စု‌ပေါင်းထည့်ဝင်‌ငွေဖြင့် ‌အောက်တိုဘာ တတိယအပတ် တွင် ကိုယ်ထူကိုယ်ထ စတင်တည်‌ဆောက်‌နေပြီး ဖြစ်သည်။

ဝင်း‌ရော်မြစ်ကူး တံတားမရှိသည့်အတွက် သွားလာကူးသန်း‌ရောင်းဝယ်‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး စသည့် လူမှု‌ရေး အ‌ခြေအ‌နေများ ‌နောက်ကျန်‌နေမှုအ‌ပေါ် ‌ဒေသခံ‌ကျေးရွာများ ထည့်ဝင်‌ငွေဖြင့် ကိုယ်ထူကိုယ်ထ တည်‌ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ကြိုးတံတားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ ဆင်‌ပြေးဆရာ‌တော် ဦးဝရသာမိက ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“ လမ်းလည်းမရှိ‌သေးဘူး။ မိုးတွင်းကျ‌တော့ ‌ချောင်းဖြတ်ကူးဖို့ ယာယီ‌ဖောင်ကို လူနဲ့ဆွဲပြီး ပညာ‌ရေး၊ ကျန်းမာ ‌ရေး ကိစ္စ‌တွေမှာ ရွာသား‌တွေက အခက်အခဲမျိုးစုံနဲ့ သွားလာ‌နေရတယ်။ အဖက်ဖက်က ‌နောက်ကျ ကျန်‌နေ တယ်။ တိုင်စိုက်ဖို့‌မြေတူးတာ‌တွေ ဘိလပ်‌မြေ‌ဖျော်တာ‌တွေကအစ လူလုပ်အားနဲ့ သွား‌နေရ‌တော့ အခက်အခဲရှိတယ်။ ဆိုင်ကယ်နဲ့ လူ‌တွေ ‌နွေ၊ မိုး၊ ‌ဆောင်းသွားလာလို့ရ‌အောင် ‌ကျေးရွာခွဲတမ်း အလှူ‌ငွေနဲ့ ကြိုးတံတား စ‌ဆောက်‌နေပြီး” ဟု ဆင်‌ပြေးဆရာ‌တော် ဦးဝရသာမိက မိန့်ကြားသည်။

အရှည်‌ပေ ၃ဝဝ ရှိ ၎င်းကြိုးတံတားတည်‌ဆောက်နိုင်ရန် ‌ကျောက်ဘီလူး၊ သံပုရာ‌ချောင်းဖျား၊ ‌တောင်စွန်းရွာမှ ကျပ်သိန်း ၂ဝဝ စီနှင့် ခုံခွာ၊ ဆင်‌ပြေးရွာမှ ကျပ်သိန်း ၁ဝဝ စီခွဲတမ်းချထည့်ဝင်‌ငွေဖြင့် တည်‌ဆောက်‌နေခြင်း ဖြစ်သလို နိုင်ငံခြား မှအလှူရှင်များကလည်း သံမဏိကြိုး၊ သံတိုင်များ ပံ့ပိုးမှုတို့ဖြင့် ‌အောက်တိုဘာ ဒုတိယ အပတ်တွင်းက စတင်တည်‌ဆောက် ခဲ့ခြင်း ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက“ ‌ကျောက်ဘီလူး ‌ကျေးရွာ အုပ်စုနဲ့ ‌တောင်စွန်း‌ကျေးရွာအုပ်စုက သွားလာ‌ရေးအခက်အခဲဖြစ်လို့ ရွာ‌ပေါင်းအများကြီး ပိတ်‌နေတယ်။ အခု တံတားက အ‌ရေးပါ တယ်။ ရွာသား‌တွေပဲ ရုန်း‌နေရတယ်ဆို‌တော့ ဝန်ပိတာ‌ပေါ့။ ဘိလပ်‌မြေရနိုင်ဖို့ ‌ဆောင်ရွက်‌ပေး‌နေတယ်။ ကားလမ်းရဖို့ လည်း သက်ဆိုင်ရာနယ်‌မြေတာဝန်ရှိသူ‌တွေ နှစ်ဖက်ညှိနှိုင်း ‌ဆောင်ရွက်‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတံတားတည်‌ဆောက်ပြီးလျှင် ‌တောင်စွန်း၊ ‌ကျောက်ဘီးလူး၊ ‌တောင်က‌လေး၊ ခလယ်‌စော၊ နှစ်အိမ်၊ ‌တောင်‌ပေါက်ရွာမှ ကြာအင်းဆိပ်ကြီးမြို့သို့ သွားလာနိုင်မည်ဖြစ်ပြီး ‌ကျေးလက်‌ဆေး‌ပေးခန်းမရှိ‌သေးသည့် ‌ကျေးရွာအများစုလည်း အနန်းကွင်း တိုက်နယ်‌ဆေးရုံသို့ ကျန်းမား‌ရေးကိစ္စများ အလွယ်တကူ သွား‌ရောက်နိုင်မည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်အ‌ရှေ့ဘက်ခြမ်းနှင့် အ‌နောက်ဘက်ခြမ်းတွင် ‌ကျေးရွာ အများစု တည်ရှိပြီး ဖာဒလယ်- ထီမံထို မြစ်ကူးတံတားတစ်စင်းကို အစိုးရမှ ယခုနှစ်အတွင်း တည်‌ဆောက်သွားမည်ဖြစ်ကာ ကျန်ရှိ‌နေသည့် သံပုရာ၊ ကွမ်က‌သောင်၊ ကတိုးဆိပ် မြစ်ကူးတံတား တည်‌ဆောက် နိုင်ခြင်း မရှိ‌သေးသည့်အ‌ပေါ် မိုးရာသီတွင် ‌ဒေသခံများ သွားလာ‌ရေးခက်ခဲမှုရှိ‌နေ‌သေးသည်။