Home သတင်း ရင်ခွင်မဲ့က‌လေးငယ်များ ကာကွယ်‌စောင့်‌ရှောက်‌ရေးအသင်း ကြာအင်းဆိပ်ကြီးတွင် ဖွဲ့စည်း

ရင်ခွင်မဲ့က‌လေးငယ်များ ကာကွယ်‌စောင့်‌ရှောက်‌ရေးအသင်း ကြာအင်းဆိပ်ကြီးတွင် ဖွဲ့စည်း

2679

‌အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

အိမ်‌ထောင်မပြုခင် အတူ‌နေထိုင်မှုနှင့် အခြားဖြစ်စဉ်များ‌ကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိလာသည့်အခါ ဖျက်ချစွန့် ပစ် မှုမျိုး မဖြစ်‌အောင် က‌လေးသူငယ်များဆိုင်ရာ ဥပ‌ဒေအခွင့်အ‌ရေးများနှင့်အညီ ရင်ခွင်မဲ့က‌လေးငယ်များ ‌လျှော့ချ‌ရေးနှင့် ကာကွယ်‌စောင့်‌ရှောက်‌ရေးအသင်းကို ‌အောက်တိုဘာ ၁ဝ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖွဲ့ စည်းလိုက်သည်။

ဖားအံမြို့နယ် ရင်ခွင်မဲ့က‌လေးငယ်များ ကာကွယ်‌စောင့်‌ရှောက်‌ရေးအသင်း ဥက္ကဌ ‌ဒေါ်တင်မြ‌မော်က “ရင်ခွင်မဲ့ က‌လေးငယ် ‌တွေရဲ့ ရပိုင်ခွင့်‌တွေကို ဥပ‌ဒေနဲ့အညီ ကူညီ‌ထောက်ပံ့သွားဖို့ ရည်ရွယ်ပြီး အသင်းဖွဲ့စည်းတာပါ။ တိုက်ပွဲဖြစ်ပွားမှု‌တွေ ‌ကြောင့် ရင်ခွင်မဲ့က‌လေးဖြစ်လာစရာ အ‌ကြောင်းရှိတယ်။ လိင်ပိုင်းဆိုင်ရာ အလိုမတူ လိမ်လည်လှည့်စားရယူတာ။ လူငယ်သဘာဝ အိမ်‌ထောင်မပြုခင် အတူ‌နေရင်းနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရတဲ့ အခါမှာ ဖျက်ချတာ၊ စွန့်ပစ်တာမျိုး ‌ကြောင့် ရင်ခွင်မဲ့က‌လေးဖြစ်လာနိုင်တယ်”ဟု ‌အောက်တိုဘာ ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် ရင်ခွင်မဲ့က‌လေးငယ်များကို မိမိတို့အသင်းအ‌နေဖြင့် ကိုယ်ဝန်‌ဆောင်‌နေစဉ်နှင့် မီးဖွားချိန် အထိ က‌လေးစွန့်ပစ်မှုမဖြစ်‌စေဘဲ မိခင်စိတ်အပြည့်နှင့် ကြံ့ကြံ့ခံ‌မွေးဖွားလာနိုင်‌ရေးအတွက် လိုအပ်သည်များကို ‌ထောက်ပံ့ ကူညီ‌စောင့်‌ရှောက်သွားမည်ဟု ‌ဒေါ်တင်မြ‌မော်က ဆက်‌ပြောသည်။

အ‌ခြေခံစည်းမျဉ်းဥပ‌ဒေနှင့်အညီ ကိုယ်ဝန်‌ဆောင်မိခင်နှင့် ၂ နှစ်‌အောက် က‌လေးငယ်များကို တစ်လ ၁၅,ဝဝဝ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်‌ထောက်ပံ့သွားမည်ဖြစ်ပြီး မြို့နယ်တိုင်းတွင် အသင်းဆက်လက် ဖွဲ့စည်းနိုင်‌ရေး အတွက် ဌာနဆိုင်ရာများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု အသင်းတာဝန်ရှိသူများက ‌ပြောသည်။

“ကရင်ပြည်နယ်မှာက မိရိုးဖလာဓ‌လေ့ထုံးတမ်း ယဉ်‌ကျေးမှု‌တွေ ရှိ‌နေ‌သေး‌တော့ အဲ့ကိစ္စ‌တွေမှာ အရှက်အ‌ကြောက်ပိုင်း ကြီးတယ်။ အခု‌နောက်ပိုင်း ဆိုရှယ်မီဒီယာ‌တွေ‌ပေါ်မှာ၊ တိုင်းတစ်ပါး ယဉ်‌ကျေးမှု စိမ့်ဝင်လာတဲ့ အခါကျ‌တော့ အိမ်‌ထောင်မ ပြုခင် အတူ‌နေကြတာမျိုး‌တော့ ဖြစ်လာတယ်။ တချို့ကျ မလိုလားပဲ ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချပစ်တာ၊ ‌မွေးပြီး‌တော့ အခြားသူ‌တွေနဲ့ ပစ်ထားခဲ့ပြီး ရင်ခွင်မဲ့ရတဲ့က‌လေး‌တွေရှိလာတယ်။ ဒါ‌တွေက ‌ကျောင်းမှာက‌လေး‌တွေကို ကိုယ်ကျင့်တရား နီတိ‌ရေးရာလိုမျိုးမှာ ပညာ‌ပေးထားရင် ‌ကောင်းတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့မှ မ‌ဟေမာလှိုင်က ‌ပြောသည်။

ရင်ခွင်မဲ့က‌လေးငယ်များနှင့် ကာကွယ်‌စောင့်‌ရှောက်‌ရေးအသင်းကို ဗဟို၏လမ်းညွှန်ချက်ဖြင့် စက်တင်ဘာလ ၂ဝ ရက်‌နေ့ တွင် ကရင်ပြည်နယ်အ‌နေဖြင့် အသင်းစတင်ဖွဲ့စည်းပြီး မြို့နယ်အဆင့်အ‌နေဖြင့် ‌ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး မြို့ နယ်တွင် အသင်းဖွဲ့စည်းထားပြီးဖြစ်သလို သံ‌တောင်၊ ဖာပွန်နှင့် လှိုင်းဘွဲ့မြို့နယ်တို့တွင် အသင်းဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်‌ကြောင်း သိရသည်။