Home သတင်း မယ်‌တော်‌ဆေးခန်း၌ မျက်စိကျန်းမာ‌ရေး အခမဲ့ စစ်‌ဆေး‌ပေးခြင်း အထူးအစီအစဉ် ပြုလုပ်မည်

မယ်‌တော်‌ဆေးခန်း၌ မျက်စိကျန်းမာ‌ရေး အခမဲ့ စစ်‌ဆေး‌ပေးခြင်း အထူးအစီအစဉ် ပြုလုပ်မည်

2302

‌အောက်တိုဘာ ၁၆ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ‌ကျောင်းသူ‌ကျောင်းသားများပါအဝင် အနယ်နယ်အရပ်ရပ်ရှိ မျက်စိ‌ဝေဒနာရှင်များအား မျက်စိကျန်းမာ‌ရေး အခမဲ့ စစ်‌ဆေး‌ပေးခြင်း အထူးအစီအစဉ်တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၌ ‌အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်‌နေ့ အထိ ပြုလုပ်‌ပေးမည်ဖြစ်‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ မျက်စိကျန်းမာ‌ရေး အခမဲ့ စစ်‌ဆေး‌ပေးခြင်း အစီအစဉ်ကို အ‌မေရိကအ‌ခြေစိုက် အစိုးရမ ဟုတ်‌သော INGO အဖွဲ့တစ်ဖွဲ့ဖြစ်သည့် One Sight အဖွဲ့မှ လာ‌ရောက်လုပ်‌ဆောင်‌ပေးမည်ဖြစ်ပြီး ယင်းအစီအစဉ်နှင့်ပတ်သက်၍ မယ်‌တော်‌ဆေးခန်း၏ မျက်စိ‌ရောဂါ စမ်းသပ်ကုသ‌ရေးဌာန တာဝန် ခံ ‌နော်တာမလာဝါးက ယခုလို ‌ပြောသည်။

“အဓိက က‌တော့ မျက်စိပါဝါ မတူတဲ့သူ‌တွေကို မျက်မှန်တပ်ဆင်‌ပေးနိုင်ဖို့နဲ့ အခြား မျက်စိ‌ရောဂါ‌တွေကို စစ်‌ဆေး‌ပေးဖို့ပါ။ မျက်မှန်လိုအပ်ရင်လည်း အခမဲ့ မျက်မှန်တပ်ဆင် ‌ပေးမှာဖြစ်ပါတယ်။ ခွဲစိတ်‌ပေးတဲ့အဆင့်ထိ‌တော့ မပါဘူး‌ပေါ့‌နော်။ ”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မျက်စိကျန်းမာ‌ရေး စစ်‌ဆေး‌ပေးမှု အထူးအစီအစဉ်တွင် ဦး‌ရေ ကန့်သတ်ထားသဖြင့် မျက်စိကျန်းမာ‌ရေး လာ‌ရောက်စစ်‌ဆေးမည့်သူများအ‌နေဖြင့် ကြိုတင်နာမည် စာရင်း‌ပေးသွင်း ရမည်ဖြစ်ပြီး လက်ရှိ စာရင်းလာ‌ရောက်‌ပေးသွင်းထားသူ ၉ဝဝ ဦး‌ကျော်ရှိပြီဟု သိရှိရသည်။

“မယ်‌တော်‌ဆေးခန်းမှာ‌တော့ ပါဝါတူတဲ့လူ‌တွေကိုပဲ မျက်မှန်ထုတ်‌ပေးလို့ရတယ်‌လေ။ အခုလာ လုပ်‌ပေးမှာက မျက်စိပါဝါ တူတဲ့လူ၊ မတူတဲ့ လူ‌တွေအားလုံးကို ထုတ်‌ပေးမှာဆို‌တော့ ဘယ်သူမဆို လာ‌ရောက် စစ်‌ဆေးပြီး မျက်မှန်တပ်ဆင်‌ပေးနိုင်ပါတယ်။”ဟု ‌နော်တာမလာဝါးက ‌ပြောသည်။

One Sight အဖွဲ့သည် ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံ‌ပေါင်း ၄ဝ ‌ကျော်တွင် မျက်စိကျန်းမာ‌ရေး အခမဲ့ စစ်‌ဆေး‌ပေးမှု အစီအစဉ်များကို လိုက်လံ လုပ်‌ဆောင်‌ပေး‌နေသည့် အဖွဲ့ဖြစ်ပြီး မယ်‌တော် ‌ဆေးခန်းတွင် ပထမဆုံးအကြိမ် လာ‌ရောက် လုပ်‌ဆောင်‌ပေးမည့် အစီအစဉ်ဖြစ်သည်ဟု သိရ သည်။