Home ဆောင်းပါး တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ ကွာဟမှု‌တွေ ဘယ်က‌နေ လာသလဲ

တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ ကွာဟမှု‌တွေ ဘယ်က‌နေ လာသလဲ

3137

‌မောင်‌ကျော်စွာ
(၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာ ၉ ရက်)

အစိုးရ၊ တပ်မ‌တော်နဲ့ (NCA) စာချုပ်လက်မှတ်ထိုးထားသူ‌တွေ ပါဝင်တဲ့‌ဆွေး‌နွေးပွဲ လာမယ့် “‌အောက်တိုဘာ ၁၅ရက်‌နေ့”မှာ ကျင်းပမယ်ဆိုတဲ့ သတင်းအကျယ်အပြန့် ထွက်‌ပေါ်‌နေပါတယ်။ ခါတိုင်းလို ‌နေပြည်‌တော်မှာ ကျင်းပမှာ မဟုတ်ဘဲ “ပုပ္ပား”မှာ ကျင်းပမယ်လို့လည်း ကြားရပါတယ်။
ဒီလိုကြားရတဲ့သတင်း‌တွေကို တဖက်က‌နေ အတည်ပြုသလိုဖြစ်သွား‌စေတဲ့ ‌ကြေညာချက်တစ်ရပ်လည်း ‌အောက်တို ဘာလ ၆ရက် ‌နေ့စွဲနဲ့ ထွက်လာတာ သတိပြုမိပါတယ်။ ဒီ‌ကြေညာချက်က‌တော့ “‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (၁၆)ကြိမ်‌မြောက် ကွန်ကရက်အပြီး (၅)ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေး သတင်းထုတ်ပြန်ချက်” ဆိုတာပဲ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်လို့ ဆို‌ပေမယ့် အချက် ၅ချက်ပါရှိတဲ့ (KNU)ရဲ့သ‌ဘောထားအမြင်ကိုပါ တစ်ဆက်ထဲ ပူးတွဲ‌ဖော် ပြထားတဲ့ ‌ကြေညာချက်လည်း ဖြစ်ပါတယ်။
ဒီထုတ်ပြန်‌ကြေညာချက်ထဲမှာ ‌အောက်ပါအချက် (၂)ချက်ကို အခိုင်အမာ အတည်ပြုထားတာ ‌တွေ့ရှိရပါတယ်။

ပထမအချက်က – “လက်ရှိတွင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်တို့တွင် တစ်ဆို့မှုများ ဖြစ်‌ပေါ်‌နေသည်” ဆိုတဲ့အချက်
ဒုတိယအချက်က – “ထိုတစ်ဆို့မှုများကို ‌ကျော်လွှားနိုင်ရန်အတွက် အစိုးရ၊ တပ်မ‌တော်နှင့် NCA –S – EAO ထိပ်သီး ‌ခေါင်း‌ဆောင်များ လာမည့် ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာကြမည်” ဆိုတဲ့ ကိစ္စတို့ပဲ ဖြစ်ပါတယ်။

တပြိုင်နက်ထဲမှာ “ရလဒ်‌ကောင်းများရရှိရန်၊ ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်‌နေ‌သေးသည့်အတွက် နှစ်ဖက် ‌တွေ့ ဆုံနိုင်မည့်‌နေ့ရက် ပြန်လည်ညှိနှိုင်း‌ဆွေး‌နွေးသွားမည်” ဆိုတဲ့ အချက်ပါရှိ‌နေတာကိုလည်း သတိပြုမိပါတယ်။ ဒီ‌တောင်းဆိုချက် ‌ကြောင့် “‌အောက်တိုဘာ ၁၅ရက်” ကျင်းပမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ အ‌ပြောင်းအလဲ ရှိနိုင်တယ်လို့ ‌ယေဘုယျအားဖြင့် ခန့် မှန်းတွက်ဆလို့ ရပါတယ်။

ဒါ့အပြင် (KNU) အ‌ရေးအ‌ပေါ်အစည်းအ‌ဝေး သတင်းထုတ်ပြန်ချက်ဟာ လွန်ခဲ့တဲ့ စက်တင်ဘာ (၈)ရက်မှ (၁၁)ရက် ‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ (NCA) စာချုပ်လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများရဲ့ တတိယအကြိမ်‌မြောက် ထိပ်သီး‌ခေါင်း‌ဆောင်များအစည်းအ‌ဝေး (3rd NCA – S EAO Summit) ထုတ်ပြန်‌ကြေညာ ချက် (၁၁-၉-၂၀၁၈)ထဲမှာပါရှိတဲ့ ‌ယေဘုယျဆန်တဲ့အချက်‌တွေကို ထပ်မံ စိတ်ဖြာပြီး ‌ဖော်ထုတ်တင်ပြထားတာလို့ ‌ပြောမယ်ဆို လည်း ‌ပြောလို့ရနိုင်ပါတယ်။ အဲဒီ (3rd NCA – S EAO Summit) ‌ကြေညာချက်ထဲမှာလည်း “တစ်ဆို့မှုများနဲ့ နက်ရှိုင်းတဲ့ ကွာဟ ချက်‌တွေ” ရှိ‌နေ‌ကြောင်း ဖွင့်ဟထားပါတယ်။

“တစ်ဆို့မှုများနဲ့ နက်ရှိုင်းတဲ့ ကွာဟချက်‌တွေ” ဆိုတာ ဘာ‌တွေလဲ။ ‌ကြေညာချက်‌တွေထဲက‌နေ ‌လေ့လာရရှိသ‌လောက် ‌တော့ အ‌ခြေခံအားဖြင့် ကိစ္စ (၅)ရပ် ပါရှိ‌နေတာ ‌တွေ့ရပါတယ်။

၁။ တစ်ခုတည်း‌သော တပ်မ‌တော်ကို လက်ခံရန်‌တောင်းဆိုသည့်ကိစ္စ
၂။ ပြည်‌ထောင်စုမှ ခွဲမထွက်‌ရေးနှင့်စပ်လျဉ်းသည့် (Package Deal) ဆိုင်ရာကိစ္စ
၃။ NCA အ‌ပေါ် မတူညီ‌သော အဓိပ္ပာယ်ဖွင့်ဆိုမှုများ ဆိုသည့်ကိစ္စ
၄။ လက်ရှိသ‌ဘောတူထားသည့် ယန္တရားများ၏ အဓိကအားနည်းချက်များ
၅။ NCA လက်မှတ်မထိုးရ‌သေးသည့် အဖွဲ့များ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်မည့် အခင်းအကျင်းများ ဖန် တီး‌ပေး‌ရေးကိစ္စ

ဒီလို “တစ်ဆို့မှု‌တွေနဲ့ နက်ရှိုင်းတဲ့ ကွာဟချက်‌တွေ”ကို မ‌ကျော်လွှားနိုင်ဘဲ၊ မ‌ဖြေရှင်းနိုင်ဘဲ “အနာဂတ် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်‌ရေးအတွက် ဘုံရည်မှန်းချက်၊ ဘုံစံတန်ဖိုး‌တွေ” ညှိနှိုင်းချမှတ်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါ ဘူး။ ငြိမ်းချမ်း‌ရေး ‌ရှေ့ခရီးဆက်ဖို့လည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

‌နောက်တစ်ချက် အ‌လေးထားရမှာက ဒီ “တစ်ဆို့မှု‌တွေနဲ့ နက်ရှိုင်းတဲ့ ကွာဟချက်‌တွေ” ဆိုတာဟာ NCA လက်မှတ် ထိုးထားပြီး ကိုယ်တိုင်လက်‌တွေ့ ပါဝင်လုပ်‌ဆောင်‌နေတဲ့ အဖွဲ့အစည်း‌တွေ၊ လူပုဂ္ဂိုလ်‌တွေဆီက‌နေ အတိအလင်း ထုတ်‌ဖော်‌ပြော ဆိုလာတဲ့ အချက်အလက်‌တွေဖြစ်တယ် ဆိုတာပါပဲ။ ကိုယ်တိုင်လက်‌တွေ့ ပါဝင်လုပ်‌ဆောင်‌နေတဲ့ အဖွဲ့အစည်း‌တွေ၊ လူပုဂ္ဂိုလ် ‌တွေလို့ ဆို‌ပေမယ့် ဒီအထဲမှာ “အစိုးရနဲ့ တပ်မ‌တော်”တို့ဘက်က‌နေ ယခုကဲ့သို့ အ‌သေးစိတ် ထုတ်‌ဖော်‌ပြောဆိုမျိုး‌တော့ မကြား ရ‌သေးပါဘူး။

‌တေ့‌တေ့ဆိုင်ဆိုင် ‌ပြောကြဆိုကြမယ်ဆိုရင် “တစ်ဆို့မှုများနဲ့ နက်ရှိုင်းတဲ့ကွာဟချက်‌တွေ”အဖြစ် အထက်မှာတင်ပြခဲ့တဲ့ အချက် (၅)ချက်ဟာ “မူ”သ‌ဘော‌ဆောင်တဲ့ အချက်အလက်‌တွေ မဟုတ်‌သေးပါဘူး။ လက်‌အောက်ခံပြဿနာ၊ လက်‌အောက်ခံ အချက်အလက်ကိစ္စ‌တွေသာ ဖြစ်ပါတယ်ဆိုတာပါပဲ။
ဥပမာ – “ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု”ကို ဘယ်လိုအ‌ခြေခံမူ‌တွေနဲ့အညီ တည်‌ဆောက်မလဲ၊ ဘယ်လို “အ‌ခြေခံ မူ‌တွေ” ပါဝင်ရမလဲ၊ ဒီအချက်‌တွေကိုသာ “အားလုံး”က စိတ်တူသ‌ဘောတူ ‌ဆွေး‌နွေးညှိနှိုင်း ချမှတ်သတ်မှတ်နိုင်ပြီဆိုရင် ကျန် တဲ့ အချက်‌တွေဟာ လက်‌အောက်ခံကိစ္စ‌တွေသာ ဖြစ်သွားမှာပါ။ လွယ်ကူသွားမှာပါ။
“တန်းတူ‌ရေး”ဆိုတာ ဘာ၊ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ဆိုတာ ဘာ၊ “ဒီမိုက‌ရေစီ”ဆိုတာ ဘာ ဆိုတဲ့ တိကျတဲ့အချက်အ လက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်‌တွေ ပီပီပြင်ပြင် ချမှတ်နိုင်ဖို့က ပထမနဲ့ အဓိက ဖြစ်ပါတယ်။

ဒါ‌တွေကိုသာ တကယ်တမ်း သတ်မှတ်နိုင်ပြီ၊ ချမှတ်နိုင်ပြီဆိုရင် ပြည်‌ထောင်စုရဲ့ ပုံစံပြာ (blueprint)ဟာ မခက်ခဲ‌တော့ ပါဘူး။
“ခွဲထွက်‌ရေး/ခွဲမထွက်‌ရေး” ဆိုတာကလည်း ဘယ်လိုတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးအစားလည်းဆိုတဲ့ အချက်အ‌ပေါ်မှာသာ တည်မှီ‌နေပါတယ်။

(၁၉-၉-၂၀၁၈)ရက်‌နေ့က ပြည်‌ထောင်စုလွှတ်‌တော်မှာ အစိုးရကိုယ်စား ဝန်ကြီးဦး‌ကျော်တင့်‌ဆွေ တင်ပြခဲ့တဲ့ “နိုင်ငံ ‌တော်၏ အရပ်ရပ်အ‌ခြေအ‌နေ” တင်ပြချက်မှာ ပါရှိတဲ့ “ခွဲမထွက်‌ရေးက အ‌ရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်‌ထောင်စုကြီးဖြစ်လာ‌အောင် အားလုံးလက်တွဲပူး‌ပေါင်းပြီး အ‌ကောင်အထည်‌ဖော်ဖို့ကလည်း အင်မတန်အ‌ရေးကြီးပါတယ်” ဆိုတဲ့အချက်ကိုပဲ ကြည့်ပါ။ ဒီအချက်က ဘယ်လိုတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးအစားဖြစ်‌အောင် အ‌ပေးအယူရှိရှိ ညှိ နှိုင်းဖို့ လိုအပ်တယ်။ “ခွဲမထွက်ရ”လို့ တဖက်သတ် အတင်းအဓမ္မ‌တောင်းဆို‌နေလို့ မဖြစ်နိုင်ဘူးဆိုတာကို မြင်နိုင်ပါတယ်။

လက်ရှိ ကမ္ဘာမှာကြည့်ပါ။ အရင်းရှင်နိုင်ငံ‌တော်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်/ဆိုရှယ်လစ်နိုင်ငံ‌တော်ပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဘုရင့်နိုင်ငံ‌တော်မှာပဲဖြစ်ဖြစ် “တပ်မ‌တော်”ဆိုတာ တစ်ခုထဲပဲရှိ‌နေတာကို ‌တွေ့ရမှာပါ။ ဒါ‌ပေမယ့် အဲဒီတပ်မ‌တော်ဟာ နိုင်ငံ‌တော် အစိုးရရဲ့ဝန်ကြီးဌာနများအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန‌အောက်မှာ ရှိရမယ်။

“ကာချုပ်နဲ့စစ်တပ်”က “အ‌ခြေခံဥပ‌ဒေ”ကို‌သော်လည်း‌ကောင်း၊ “ဥပ‌ဒေပြုလွှတ်‌တော်”ကို‌သော်လည်း‌ကောင်း ကိုယ့် စိတ်ကြိုက် နည်းလမ်းတစ်ခုခုနဲ့ အမိန့်‌ပေးချုပ်ကိုင် လွှမ်းမိုးထားတာမျိုးကို‌တော့ ဘယ်လိုနည်းနဲ့မှ လက်သင့်ခံနိုင်စရာအ‌ကြောင်း မရှိပါဘူး။ ဒါ့အပြင် “စစ်တပ် (ဝါ) တပ်မ‌တော်”ကို စစ်ဗိုလ်ချုပ်တစ်စုက ကုပ်ခွစီးပြီး ထင်ရာလုပ်တာမျိုး၊ ခါးပိုက်‌ဆောင်တပ် သဖွယ် လုပ်ထားပြီး နိုင်ငံ‌ရေး/ စီးပွား‌ရေးလုပ်တာမျိုးကိုလည်း ဘယ်လိုအ‌ကြောင်းပြချက်နဲ့မှ လက်သင့်မခံနိုင်ပါဘူး။

တကယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်၊ ‌ပေမီ‌ဒေါက်မီ စံမီနှုန်းမီဒီမိုက‌ရေစီသာ တကယ်ရှိရိုးအမှန်ဖြစ်တယ်ဆိုရင် ‌ဖောြ်ပပါ တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု‌တွေကို အလွယ်တကူ ‌ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေအရပ်ရပ်ပါ စကားရပ်‌တွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်‌တွေ”ကိုသာ အ‌ခြေခံရမယ်၊ စံထားရမယ်၊ ‌ဘောင်ခတ် ကန့်သတ်ထားမယ်ဆိုရင်‌တော့ တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု‌တွေဟာ ကြာ‌လေကြီး‌လေ ကျယ်ပြန့်‌လေပဲဖြစ်မှာပါ။

အရင်းစစ်လိုက်ရင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” နဲ့ “တပ်ငြိမ်း မူ ၆ရပ်” ဆိုတာဟာ “တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု‌တွေ”ကို စဉ်ဆက်မပြတ် ‌မွေးထုတ်‌ပေး‌နေတဲ့ ပင်မဇစ်မြစ်ပါပဲ။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” နဲ့ “တပ်ငြိမ်း မူ ၆ရပ်”ကို အ‌သေဆုပ်ကိုင်ထားသူ ‌တွေနဲ့ ‌ဆွေး‌နွေးမယ်ဆိုရင် ခင်ဗျားတို့ဘက်က အ‌လျှော့‌ပေးရင်‌တော့ “‌ပြေလည်မှု” ဆိုတာကို ရချင် ရပါလိမ့်မယ်။ ဒါ‌ပေမယ့် ဒီ “‌ပြေလည်မှု”က‌နေ ခင်ဗျားတို့ အာသာငမ်းငမ်း လိုလား‌တောင့်တ‌နေတဲ့ “ပြည်တွင်းစစ်ရပ်စဲ‌ရေး – ပြည်တွင်းငြိမ်းချမ်း‌ရေး – တန်း တူ‌ရေး – ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် – ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု” တို့ကို‌တော့ ဘယ်‌တော့မှ ‌ဆောင်ကြဉ်းလာလိမ့်မယ် မဟုတ် ပါဘူး။