Home သတင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ကာကွယ်‌စောင့်‌ရှောက်ခြင်း နည်းဥပ‌ဒေတွင် ဌာ‌နေတိုင်းရင်းသားများ ဘဝ အာမခံချက်ရှိရန်လိုဟု လူမှုအဖွဲ့အစည်း‌ပြော

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ကာကွယ်‌စောင့်‌ရှောက်ခြင်း နည်းဥပ‌ဒေတွင် ဌာ‌နေတိုင်းရင်းသားများ ဘဝ အာမခံချက်ရှိရန်လိုဟု လူမှုအဖွဲ့အစည်း‌ပြော

2196

‌အောက်တိုဘာ ၁၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ပြင်ဆင်‌ရေးဆွဲမည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း‌ရေးနယ်‌မြေများ ကာကွယ်‌စောင့်‌ရှောက်ခြင်းဆိုင်ရာ နည်း ဥပ‌ဒေတွင် ဌာ‌နေတိုင်းရင်းသားများ ဘဝ အာမခံချက်ရှိရန် ထည့်သွင်း‌ရေးဆွဲ‌စေလို တယ်ဟု တနသင်္ာရီ တိုင်း‌ဒေ သကြီး အရပ်ဖက် ၆ ဖွဲ့ ‌ပေါင်းစည်းထားသည့် Conservation Alliance Tanawthari-CAT အဖွဲ့တာဝန်ရှိသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

CAT အဖွဲ့ဝင် တာက‌ပေါလူငယ်အဖွဲ့မှ ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးစီမံကိန်းတာဝန်ခံ ‌နော်အယ်ထီးဝါးက “ပြန်‌ရေးဆွဲမယ့် နည်းဥပ‌ဒေကို ‌ထောက်ပြ ဖြည့်စွက်တာမျိုး‌တော့ ရှိတယ်။ ICCA (Indigenous Community Conserved Area) ကို ‌ဒေ သအစုအဖွဲ့သဘာဝထိန်းသိမ်း‌ရေးနယ်‌မြေဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ ကျမတို့က ‌ဒေသခံဌာ‌နေတိုင်းရင်းသားများ ထိန်းသိမ်းနယ်‌မြေလို့ ဖြစ်‌စေချင်တယ်။ သူတို့ ICCA လက်ခံရင် စိတ်ပူစရာ မလို‌တော့ဘူး။ အပြင်လူ‌တွေ လာလုပ်လို့မရ ‌တော့ဘူးလို့ ‌ပြောတယ်။ ‌ဒေသအစုအဖွဲ့ကဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ ‌ဖော်ပြထည့်သွင်းဖို့နဲ့ နည်းဥပ‌ဒေမှာ ‌ဒေသ ခံ‌တွေရဲ့ ဘဝအာမခံ ချက်ရှိ‌အောင် ထည့်သွင်း‌ရေးဆွဲ‌ပေးဖို့ လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကာကွယ်ထိန်းသိမ်းရန်ဆိုသည့်အချက် အဓိက‌ဖော်ပြထား‌သော်လည်း ဥယျာဉ်တည်‌ထောင်ရန်နှင့် သယ်ယူ ပို့‌ဆောင်‌ရေး ဆိုသည့်ဝင်‌ငွေရရှိ‌ရေးကို
အ‌လေး‌ပေးထားသလိုဖြစ်ပြီး သစ်‌တောကိုအမှီပြု အသက်‌မွေး‌နေသည့် ဌာ‌နေတိုင်းရင်းသား တို့၏ဘဝ ကာကွယ်ထားသည့်အချက်မ‌တွေ့ရသလို၊ ဖက်ဒရယ်စနစ်ကို တည်‌ထောင်သည့် ရည်ရွယ်ချက်နှင့် လွဲ‌ချော်‌နေပြီး လက်နက်ကိုင်တိုင်းရင်းသားများ၏ အမြင်၊ ပူး‌ပေါင်းပါဝင်မှု၊ အကြံပြုချက်များကို လစ်လျူရှုခံ‌နေရခြင်းသည် ငြိမ်းချမ်း‌ရေး အတွက် အဟန့်အတားဖြစ်နိုင်သည်ဟုတာက‌ပေါ အရပ်ဖက်လူမှု အဖွဲ့က နည်းဥပ‌ဒေအတွက် ‌ထောက်ပြ‌ဖော်ပြထား သည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၊ သစ်‌တောဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဦး‌ကျော်‌ဇေယျက “ဥပ‌ဒေထဲက တချို့ကိစ္စ‌တွေမှာ ဌာ‌နေ တိုင်းရင်းသား‌တွေအတွက် ထည့်ဆွဲထားတဲ့ အပိုင်း‌တွေ ရှိတယ်‌လေ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အ ကျိုးပြု နိုင်မယ့်အပိုင်း‌တွေဆိုရင်‌တော့နည်းဥပ‌ဒေမှာ ထည့်ဆွဲသွားမှာ‌ပေါ့။ ဥပ‌ဒေတစ်ခုထွက်လာမယ့်အ‌ပေါ် အများနဲ့တ‌ပြေးညီထုတ်ရတယ်။ တစ်ဦး ပုဂ္ဂလ ဆန္ဒ‌တော့ ပြည့်ချင်မှပြည့်မယ်။ အားနည်းတဲ့ နည်းဥပ‌ဒေကို ပို ‌ကောင်း‌အောင် ပြင်ဆင်ပြန်လုပ်တာပါ။ ဝိုင်းဝန်းထိန်းသိမ်းပြီး လိုက်နာ‌ဆောင်ရွက်ဖို့ လိုတယ်” ဟု ‌အောက်တို ဘာ ၁၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌တော်မှ အမျိုးသားသစ်‌တောရည်မှန်းချက် စီမံချက်အရ ၂ဝဝ၁- ၂ဝ၃၁ ခုနှစ်တွင် National Forest Master Plan (အမျိုးသားသစ်‌တောဆိုင်ရာ မဟာအစီအစဉ်) ၏ Policy Target ( ဦးတည် ‌ပေါ်လစီ) ပြည့်မှီရန်အတွက် သဘာဝထိန်း သိမ်း‌ရေးနယ်‌မြေ‌တွေကို တိုးချဲ့ ‌ဆောင်ရွက်နိုင်ရန် နည်းဥပ‌ဒေပြ ဌာန်းပြီး သဘာဝထိန်းသိမ်း‌ရေးနယ်‌မြေ ၁ဝ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားမည်ဖြစ်ကာ၂ဝ၁၅ ခုနှစ်တွင် ထိန်းသိမ်း‌ရေး နယ်‌မြေ ၆ ဒဿမ ၆၇ ရာခိုင်နှုန်း(၆.၆၇ ရာခိုင်နှုန်း)အထိ ‌ဆောင်ရွက်ထား‌ကြောင်း သိရသည်။

“ကျမတို့ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ ဥယျာဉ်ခြံ‌မြေ‌တွေ မိရိုးဖလာထုံးတမ်းဓ‌လေ့အရ စီမံခန့်ခွဲထားတဲ့ဟာ‌တွေ နည်းဥပ‌ဒေမှာ အာမခံချက်ရှိ‌အောင် ဘယ်လို‌ရေးဆွဲထားလဲ‌ပေါ့‌နော်။ အခုဟာက ဘာမှမသိရဘူး။ နယ်ပယ် အလိုက်၊ ‌ဒေသအလိုက်၊ အ ကြံပြု‌ဆွေး‌နွေးမှုမျိုးလာပြီးလုပ်‌စေချင်တယ်။ ကျမတို့ရဲ့ မိရိုးဖလာ အသက်‌မွေး‌ကျောင်းနဲ့ ဘဝလုံခြုံမှုအတွက် ထည့်သွင်း ‌ပေးဖို့ ‌တောင်းဆိုချင်တယ်”ဟု‌မေတ္တာမြို့နယ် ကမိုး‌သွေး ‌ဒေသခံ ‌နော်ဒါးဒါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

နည်းဥပ‌ဒေပြင်ဆင်‌ရေးဆွဲအတည်ပြုနိုင်ဖို့အတွက် တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကချင်ပြည်နယ်၊ ရန်ကုန်၊ မန္တ‌လေး၊ ‌နေပြည်‌တော်စသည့်‌နေရာများတွင် သက်ဆိုင်သူများ၏ အကြံပြုချက်များကို ပြန်လည် စုစည်းသုံးသပ် ခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲများပြုလုပ်ပြီး‌နောက် ပညာရှင်အဆင့်‌ဆွေး‌နွေးအကြံပြုမှု လုပ်‌ဆောင်ပြီးလျှင် လွှတ်‌တော်သို့တင် သွင်းပြီး အတည်ပြုချက်ရယူသွားမည်ဟု တာဝန်ရှိသူများထံမှ သိရသည်။