Home သတင်း ကရင်လက်နက်ကိုင်အားလုံး ပြန်လည်‌ပေါင်းစည်းရန် KNDP တိုက်တွန်း

ကရင်လက်နက်ကိုင်အားလုံး ပြန်လည်‌ပေါင်းစည်းရန် KNDP တိုက်တွန်း

2934

‌အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပြန်လည်‌ပေါင်းစည်း‌ဆောင်ရွက်‌ရေးအတွက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ-KNDP မှ သ‌ဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး အ‌လေးအနက်နှိုး‌ဆော်တိုက်တွန်း လိုက်သည်။

ဖားအံမြို့၊ Breeze ဟိုတယ်၌ ‌အောက်တိုဘာ ၂ဝ ရက်(ယမန်‌နေ့)က ပြုလုပ်သည့် ကရင်ပြည်နယ် အ‌ခြေစိုက် နိုင်ငံ‌ရေး ပါတီ ၄ ပါတီ ပူး‌ပေါင်းဖွဲ့စည်းထား‌သော KNDP ၏ ပထမအကြိမ် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ အစည်းအ‌ဝေးအပြီး ယခုလိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

KNDP ပါတီ ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ကရင်ပြည်သူ‌တွေ၊ လက်နက်ကိုင်‌တွေက ကရင်ပါတီစည်းလုံးညီ ညွတ်တာလိုချင်သလို တို့ပါတီကလည်း ကရင်လက်နက်ကိုင်‌တွေ ‌ပေါင်းစည်းတာကိုလိုချင်တာ‌ပေါ့။ စည်းလုံး ခြင်း၊ ‌ပေါင်းစည်းခြင်းမှ အင်အားဆိုတာ ဖြစ်လာပြီး ‌အောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌အောက် တိုဘာ ၂၁ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် ယခင်က ကရင်နိုင်ငံ‌ရေးပါတီတစ် ခုချင်းအလိုက် သ‌ဘောထား ထုတ်ပြန်‌တောင်းဆိုမှုများပြုလုပ်ခဲ့ကြ‌သော်လည်း ပြည်နယ်အတွင်းရှိ ကရင်ပါ တီများပြန်လည်‌ပေါင်းစည်းလိုက်ပြီး‌နောက် ယခု ပထမဆုံးအကြိမ် ၎င်းတို့၏သ‌ဘောထားကို ထုတ်ပြန်‌ပြောဆို လိုက်ခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် လက်နက်ကိုင်အဖွဲ့များ‌ပေါင်းစည်း‌ရေးအပြင် ကရင်နိုင်ငံ‌ရေးပါတီများနှင့် ပူး‌ပေါင်းညှိနှိုင်း ‌ဆောင်ရွက်‌ရေးကို ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး အစိုးရ၊ တပ်မ‌တော်နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ ပူး‌ပေါင်းကျင်းပသည့် ငြိမ်းချမ်း‌ရေးညီလာခံ ‌အောင်မြင်ရန်‌မျှော်လင့် ‌ကြောင်း၊ နားလည်မှုရှိစွာ သ‌ဘောထားကြီးစွာ ထားရှိ‌ဆွေး‌နွေးကြ‌စေလို‌ကြောင်း တိုက်တွန်းနှိုး‌ဆော်ထားသည်။

ယမန်‌နေ့က ပြုလုပ်‌သော အစည်းအ‌ဝေးတွင် ဗဟိုနှင့် ပြည်နယ်ရှိမြို့နယ်အသီးသီးမှ ပါတီဝင်များ စုစု‌ပေါင်း ၅ဝ ဦး တက်‌ရောက်ခဲ့ကြပြီး ပါတီစည်းရုံး‌ရေး ကျစ်လစ်ခိုင်မာလာ‌စေရန်၊ ၂၀၂ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေး အတွက် ဆက်လက်‌ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ‌ရေးဆွဲထားသည့် ပါတီအ‌ခြေခံဥပ‌ဒေပြင်ဆင်ခြင်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။

လက်ရှိတွင် KNDP ပါတီအ‌နေဖြင့် ကရင်ပြည်နယ်အတွင်း ပါတီရုံး ၂ဝ ခန့် ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်‌ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် ပါတီရုံးများဆက်လက် ဖွင့်လှစ်နိုင်‌ရေးနှင့် ပါတီဝင်အင်အားများ စု‌ဆောင်းခြင်း များလုပ်‌ဆောင်‌နေ‌ကြောင်း KNDP တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အ‌ခြေစိုက် KNDP နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်တွင် ကရင် ပြည်သူ့ပါတီ-KPP နှင့် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်နိုင်ငံ‌ရေးပါတီ စုစု‌ပေါင်း ၄ ပါတီ ရှိသည်။