Home သတင်း KNU နယ်‌မြေအတွင်း ကျန်းမာ‌ရေးလုပ်သား လိုအပ်ဆဲဟု KDHW ဆို

KNU နယ်‌မြေအတွင်း ကျန်းမာ‌ရေးလုပ်သား လိုအပ်ဆဲဟု KDHW ဆို

3213

စက်တင်ဘာ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်အတွင်း ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေးရန် ကျန်းမာ‌ရေးလုပ်သား လိုအပ်‌နေဆဲအ‌ခြေအ‌နေတွင် ရှိ‌နေ‌သေး‌ကြောင်း KNU ၏ ကျန်းမာ‌ရေးဌာနဖြစ်သည့် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ် ‌ရေးဌာန-KDHWက ‌ပြောဆိုသည်။

ထိုသို့ လိုအပ်ဆဲအ‌ခြေအ‌နေများ‌ကြောင့် ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌တော‌နော်သင်ကြား‌ရေး ‌ဆေးရုံ တွင် ယမန်‌နေ့ (စက်တင်ဘာလ ၃ ရက်)က အ‌ခြေခံ ကျန်းမာ‌ရေးအဆင့်‌အောင်မြင်ပြီး‌သော ကျန်းမာ‌ရေးလုပ် သားများကို ‌ဆေးမှူးသင်တန်း‌ကျောင်း ထပ်မံဖွင့်လှစ်‌ပေးခဲ့ရသည်ဟု KDHW ဗဟိုသင်တန်းတာဝန်ခံ ‌စောအယ် ဖို့က ‌ပြောသည်။

“လက်ရှိကျ‌နော်တို့ ဝန်‌ဆောင်မှု‌ပေး‌နေတဲ့ ‌နေရာ‌ဒေသ‌တွေမှာ ကျန်းမာ‌ရေးလုပ်သားလူဦး‌ရေက အချိုးကျ လိုအပ်‌နေ‌သေး တဲ့အ‌ခြေအ‌နေမှာ ဒါကို ရည်ရွယ်ပြီး‌တော့ ‌ဆေးမှူး‌တွေကို ပြန်ပြီး‌မွေးထုတ်တယ်။ ကျ‌နော်တို့ အခုကြုံ‌တွေ့‌နေရတဲ့ စိန်‌ခေါ်မှုက အရင်ကျန်းမာ‌ရေးလုပ်သား‌တွေက အ‌ခြေအ‌နေအမျိုးမျိုး ‌ကြောင့် ထွက်သွား ကြတာလည်းရှိတာ‌ပေါ့။ အခု‌လော‌လောဆယ်က‌တော့လို‌နေဆဲအ‌ခြေအ‌နေမှာ ဒါကို ကျ‌နော်တို့က ဆက်ပြီး ‌မွေးထုတ်ရမဲ့ အ‌ခြေအ‌နေမျိုးမှာရှိ‌နေ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသင်တန်းကို KNU ၏ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်ထားဝယ်၊ မူ‌တြော်( ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် (၇)ခုလုံးရှိ အ‌ခြေခံကျန်းမာ‌ရေးလုပ်သားများနှင့် KDHW၏ ကျန်းမာ‌ရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် နယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ကျန်းမာ‌ရေးလုပ်သားများကို အဓိက ‌ခေါ်ယူ၍ ဝင်ခွင့် ‌အောင်မြင်သည့် ကျန်းမာ‌ရေး လုပ်သားများကိုသာ တက်‌ရောက်ခွင့်‌ပေးပြီး လက်ရှိသင်တန်းသား (၃၉)ဦးတက်‌ရောက်သွားမည်ဖြစ်သည်ဟု ‌စောအယ်ဖို့က ဆက်‌ပြောသည်။

သင်ကြား‌ရေးပိုင်းဆိုင်ရာနှင့် အ‌ထောက်အပံ့များကို Hope for the World အဖွဲ့အစည်း၏ ကူညီ‌ထောက်ပံ့‌ပေး မှုဖြင့် (၁၁)လကြာ စာ‌တွေ့လက်‌တွေ့နှစ်ရပ်လုံးပါ သင်ကြား‌ပေးသွားမည်ဖြစ်ပြီး သင်တန်း‌အောင်မြင်သွားသည့် ကျန်းမာ‌ရေး ‌ဆေးမှူးများကို အသိအမှတ်ပြုလက်မှတ်များထုတ်‌ပေးကာ သက်ဆိုင်ရာ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု များလိုအပ်‌နေသည့် ‌ဒေသအသီးသီးတွင် တာဝန်‌ပေးအပ်သွားမည်ဟု KDHWက ဆိုသည်။

အဆိုပါ ‌ကော်သူး‌လေ‌ဆေးမှူးသင်တန်း (Kawthoolei Medic Training)ကို ယခင် ၂၀၁ဝ ခုနှစ်မှစ၍ စတင်ဖွင့်လှစ်‌ပေးခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်တွင် (၇) ကြိမ်‌မြောက်ရှိသွားပြီးဖြစ်သည်ဟု သိရသည်။