Home သတင်း မြန်မာပြည်ကို ICC တင်ရန် UN အစီရင်ခံစာ၏အဆိုပြုမှုကို Karen Community Worldwide ‌ထောက်ခံကြိုဆို

မြန်မာပြည်ကို ICC တင်ရန် UN အစီရင်ခံစာ၏အဆိုပြုမှုကို Karen Community Worldwide ‌ထောက်ခံကြိုဆို

6869

စက်တင်ဘာ ၁ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်‌သော ရာဇဝတ်မှုနှင့် မြန်မာတိုင်းရင်သားလူမျိုးတို့အ‌ပေါ် ကျူး လွန်‌သော စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court)ကိုတင် ရန် UN ၏အဆိုပြုချက်ကို ‌ထောက်ခံကြိုဆို‌ကြောင်း ကမ္ဘာလုံးဆိုင်ရာကရင်အဖွဲ့(Karen Community Worldwide)မှ ဩဂုတ် လ ၃ဝရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် ရိုဟင်ဂျာ(ဘဂင်္ါလီ)အ‌ပေါ် အခွင့်အ‌ရေးချိုး‌ဖောက်မှုလုပ်ရပ်များ‌ကြောင့် စွပ်စွဲခံထားရ ‌သော မြန်မာနိုင်ငံအား ICC သို့ လွှဲ‌ပြောင်းရန် အဆိုတင်သွင်းသွားမည့် ကုလသမဂ္ဂ၏ လွတ်လပ်‌သော အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာ‌ဖွေ‌ရေးအဖွဲ့ (United Nation’s Independent International Fact-Finding Mission-IIFFM)ကို ကမာ္ဘလုံး ဆိုင်ရာ ကရင်အဖွဲ့အစည်း ၃၆ဖွဲ့က ‌ထောက်ခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချက်အလက်ရှာ‌ဖွေ‌ရေးအဖွဲ့(IIFFM)က ထိုလုပ်ရပ်များအတွက် တာဝန်ရှိသူအဖြစ် ပါဝင်သူများထဲတွင် တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် အပါအဝင် အကြီးတန်းစစ်တပ်အရာရှိတချို့၏ အမည်များကို ‌ဖေါ်ပြထား သည်။

Karen Community Worldwide ၏ ‌ကြေညာချက်တွင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကို ပြစ်မှုတိုက်ရိုက် ကျူးလွန်သူများအ ‌ပေါ် ထိ‌ရောက်စွာ ထိန်းချုပ်ထားသူအဖြစ် ‌ရှေ့ဆုံးနှင့် အဓိက နာမည်တပ်ထားသည်ကို ‌တွေ့ရသည့်အတွက် အားရမိသည်ဟု ‌ဖေါ်ပြထားပြီး နိုင်ငံတကာ အစိုးရ‌တွေက အမှု‌တွေကို ညွှန်ကြားတဲ့ တာဝန်ရှိသူအဖြစ် နာမည်မတပ်ဘဲ လက်‌အောက်မှ အရာရှိ များကိုသာ ပစ်မှတ်ထားပြီး ပိတ်ဆို့မှုများ ပြုလုပ်‌နေခြင်းသာ များသည်ဟု ‌ပြောဆိုထားသည်။

ထို‌ကြေညာချက်ကို ‌ထောက်ခံသည့် KPSN – Right based Advocacy Group တာဝန်ခံလည်းဖြစ်၊ Karen Community Worldwide ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်ဝါးခူရှီးက “သူက မြန်မာနိုင်ငံ တပ်မ‌တော်ရဲ့ ကာကွယ်‌ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး ဖြစ် ပါတယ်။ မြန်မာနိုင်ငံတပ်မ‌တော်အ‌ပေါ် ဩဇာအရှိ ဆုံးသူလည်း ဖြစ်ပါတယ်။ မြန်မာ့တပ်မ‌တော်က ကျူးလွန်တဲ့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်တဲ့အမှု၊ စစ်‌ရေးစစ်ရာ ပြစ်မှု၊ အခွင့်အ‌ရေးချိုး‌ဖောက်မှုနဲ့ ပြစ်မှုကျူးလွန်မှု‌တွေကို သူ့အ‌နေနဲ့တားရင် ရပ်တန့်သွားနိုင်ပါ တယ်။”ဟု ‌ပြောသည်။

လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု၊ စစ်‌ရေးရာ ပြစ်မှုနှင့် ရက်စက်မှုများကို ကျူးလွန်သည့် မည်သူ့ကိုမဆို အထူးသဖြင့် အာဏာရှိသူများ ကို တရားခွင်‌ရှေ့‌မှောက်တွင် ဥပ‌ဒေနှင့်အညီ အပြစ်‌ပေးရန်လိုအပ်‌ကြောင်းလည်း သူမက အ‌လေးအနက်ထား ‌ပြောဆိုခဲ့သည်။ ထိုအပြင် မြန်မာစစ်တပ်၏ ပြစ်မှုများနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို စုံစမ်းစစ်‌ဆေးရန် ဆယ်စုနှစ်‌ကျော်တိုင် သူမတို့၏ အဆိုတင်သွင်းခဲ့မှုကို UN Fact Finding Mission ထုတ်ပြန်ချက်က အတည်ပြု‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း၊ ယခုအချိန်သည် နိုင်ငံတ ကာအ‌နေနှင့် အ‌ရေးယူချိန်‌ရောက်ပြီဖြစ်‌ကြောင်းလည်း ‌နော်ဝါးခူရှီးက ထပ်မံ ‌ပြောဆိုသည်။

“မြန်မာစစ်တပ်အ‌နေနဲ့ တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် ဆယ်စုနှစ်များစွာအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှု‌တွေနဲ့ လူ့အခွင့်အ‌ရေးချိုး ‌ဖောက်မှု‌တွေကို ကျမတို့ မှတ်တမ်းပြုစု အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ အများကြီးပါ။ ဒါ‌ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ ဝိုင်းက ကျမတို့ ပြုစုတင်ပြခဲ့တဲ့ အ‌ကြောင်းအရာ‌တွေကို ကုလသမဂ္ဂ အတည်ပြုမှုမရှိဘဲ သူတို့အ‌နေနဲ့ ယူသုံးလို့မရတဲ့အတွက် ဒီလိုလွတ်လပ်တဲ့ စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်းပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ပြစ်မှု‌တွေ အထူးသဖြင့် မြန်မာပြည် အ‌ရှေ့ ‌တောင်ပိုင်းမှာ စုံစမ်းစစ်‌ဆေးမှု‌တွေလုပ်ဖို့ ကျမတို့ တိုက်တွန်းခဲ့‌ပေမဲ့ တစ်ခါမှ ဖြစ်မလာခဲ့ဘူး။ အခုဆိုရင် ဒီ IIFFM ဟာ ကုလသ မဂ္ဂလူ့အခွင့်အ‌ရေး‌ကောင်စီက ဖွဲ့စည်းထားတာဖြစ်ပြီး ကျမတို့ရဲ့ တိုက်တွန်းမှု‌တွေကို သက်‌သေပြု‌ပေးသလို အတည်ပြု‌ပေးရာ လည်း ‌ရောက်ပါတယ်။ အခုဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအ‌နေနဲ့ ဆက်ပြီး အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေလုပ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ကင်းလွတ်ခွင့်ဖြင့် ပြစ်မှုများကို စနစ်တကျ ဆက်လက်ကျူးလွန်‌နေ‌သော မြန်မာစစ်တပ်၏ လုပ်‌ဆောင်မှုများရှိ‌နေသ၍ ကရင်ဒုက္ခသည်များနှင့် စစ်‌ပြေးဒုက္ခသည်များအ‌ပေါ် လုံခြုံမှုမရှိသည့်အတွက် စိုးရိမ်မှုများရှိ‌နေ‌ကြောင်းကိုလည်း UN Fact -Finding Mission ထုတ်ပြန်မှုမှာ မှန်ကန်‌ကြောင်း အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်ဟု Karen Community Worldwide ၏ ‌ကြေညာချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

နိုင်ငံတကာကရင်အဖွဲ့အစည်း (International Karen Organization-IKO) ဥက္ကဌ ‌စောကနဲမီခူးနူးက “ကုလစုံစမ်း‌ရေးအဖွဲ့ရဲ့ အစီရင်ခံစာက နိုင်ငံတကာ အသိုင်းအဝိုင်းအ‌နေနဲ့ မြန်မာအစိုးရ၊ မြန်မာစစ်တပ်‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းဟာ ‌အောင်မြင်မှု မရှိဘူးဆိုတာကို နိုးကြားသိမြင်ဖို့ သတိ‌ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။”ဟု ဆိုသည်။

တစ်ချိန်တည်းတွင် မြန်မာအစိုးရဘက်ကလည်း ထိုသို့စွပ်စွဲမှုများမှာ မဟုတ်မမှန်‌ကြောင်း ငြင်းဆိုထားပြီး UN Human Right Council ၏ IIFFM ဖွဲ့စည်းမှုနှင့် ၎င်းတို့အဖွဲ့ ထုတ်ပြန်သည့် အစီရင်ခံစာကို အသိအမှတ်မပြု‌ကြောင်း မြန်မာနိုင်ငံအတွင်းနှင့် နိုင် ငံတကာမီဒီယာများကို ‌ပြောကြားခဲ့သည်။