Home သတင်း ‌နေရပ်မပြန်နိုင်‌သေးသည့် ကန်ညီ‌နောင်စစ်‌ရှောင် ၂၀၀‌ကျော် ခက်ခဲစွာ ‌နေထိုင်စား‌သောက် ‌နေရ

‌နေရပ်မပြန်နိုင်‌သေးသည့် ကန်ညီ‌နောင်စစ်‌ရှောင် ၂၀၀‌ကျော် ခက်ခဲစွာ ‌နေထိုင်စား‌သောက် ‌နေရ

2499
ကန်ညီ‌နောင် စစ်‌ရှောင်များ Photo_Eh Scel

စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်မဟာ (၅) လက်‌အောက် ခံတပ်နှင့် အစိုးရစစ်တပ်တို့ ဩဂုတ်လ ၂၉ ရက်‌နေ့က ဖြစ်ပွား‌သော ပစ်ခတ်မှုများ‌ကြောင့် ထွက်‌ပြေး တိမ်း ‌ရှောင်လာခဲ့ကြရသည့် ကန်ညီ‌နောင်‌ကျေးရွာမှ စစ်‌ဘေး‌ရှောင် ၂၄၅ ဦးမှာ ယ‌နေ့ထိ ‌နေရပ်သို့ မပြန်နိုင် ‌သေး‌ကြောင်း မြိုင်ကြီးငူ စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးထွန်းက“ ဒီ‌လောက်‌တောင် သူများ‌ထောင် ထားတဲ့ မိုင်းက နည်းတာမှ မဟုတ်ပဲကိုး။ မိုင်းက ‌နေ့တိုင်း‌ပေါက်တယ်။ ကျွဲ၊ နွား၊ ဆိတ်‌တွေ ‌နေ့တိုင်းပဲ ‌သေ တယ်။ မိုင်းရှင်းလင်းပြီးမှပဲ ‌နေရပ်ကို ပြန်လို့ရမှာ‌ပေါ့။ ‌နောက်ပိုင်း ‌နေဖို့၊ ထိုင်ဖို့အတွက် အ‌ပေါ်က တာဝန်ရှိ သူ‌တွေ ဘယ်လိုစီစဉ်‌ပေးထားလဲ‌တော့ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ဖက်တပ်များအကြား ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ထွက်‌ပြေးတိ်မ်း‌ရှောင်လာရသည့် ကန်ညီ‌နောင်‌ကျေးရွာမှ စစ်‌ဘေး‌ရှောင်များမှာ ဩဂုတ်လ ၂၉ ရက်‌နေ့မှစတင်ကာ မြိုင်ကြီးငူရှိ မိုးဆန်းမြိုင် နှင့် မာလာယုမြိုင်ရပ်ကွက် နှစ်ခုရှိ ‌ဆွေမျိုးအသိအိမ်များတွင်သာ ‌ခေတ္တတည်းခို‌နေထိုင်‌နေရခြင်းဖြစ်သည်။

၎င်းအပြင် ‌နေရာထိုင်ခင်းအခက်အခဲ‌ကြောင့် အဆိုပါ စစ်‌ဘေး‌ရှောင်များအား မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စ ခန်းတွင် လက်ခံထားနိုင်ခြင်းမရှိ‌သေးသကဲ့သို့ စစ်‌ရှောင်ရက် နှစ်ပတ်‌ကျော်ကြာမြင့်လာပြီဖြစ်သည့် အတွက် ‌နေ‌ရေးထိုင်‌ရေးနှင့် စားနပ်ရိက္ခာများ အခက်အခဲ ဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း ကန်ညီ‌နောင် စစ်‌ဘေး‌ရှောင် များက ‌ပြောဆိုသည်။

ကန်ညီ‌နောင်‌ကျေးရွာ စစ်‌ဘေး‌ရှောင် တစ်ဦးဖြစ်သူ ‌နော်‌အေးချိုက“ကိုယ့်ရွာ ကိုယ်ပြန်ချင်တာ‌ပေါ့ ။ ပြန်လို့မှ အဆင်မ‌ပြေ‌သေးတာ‌လေ။ မိုင်း‌ထောင်ထားတာ‌တွေရှိ‌တော့ ပြန်မ‌နေရဲဘူး။ အခု ‌နေဖို့ထိုင်ဖို့ကလည်း အမျိုး ‌တွေဆီမှာ ‌နေရ‌တော့ ကြာ‌တော့ အဆင်မ‌ပြေဘူး။ ‌နေရာထိုင်ခင်း စီစဉ်‌ပေးမယ်ဆိုရင်‌တော့ ‌ကောင်းတာ ‌ပေါ့။ ကူညီ‌ပေးနိုင်တဲ့သူ‌တွေ ကူညီ‌ပေးပါလို့လည်း ‌ပြောချင်တယ်”ဟု ‌ပြောသည်။

ယခုလက်ရှိတွင် ကန်ညီ‌နောင် စစ်‌ဘေး‌ရှောင် အိမ်‌ထောင်စု ၅၁ စုမှ လူဦး‌ရေ ၂၅၄ဦးရှိပြီး လှိုင်းဘွဲ အ‌ထွေ ‌ထွေ အုပ်ချုပ်‌ရေးမှူးနှင့် အလှူရှင်များမှ လာ‌ရောက်လှူဒါန်း‌သော စားနပ်ရိက္ခာများရှိ‌သော်လည်း လုံ‌လောက် မှုမရှိသည့်အတွက် ‌နေထိုင်‌ရေးအပြင် စားနပ်ရိက္ခာအတွက်ပါ အခက်ကြုံ‌နေရ‌ကြောင်း စစ်‌ဘေး‌ရှောင်စ ခန်းမှ တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။