Home သတင်း အ‌မေရိကန်နိုင်ငံ‌ရောက် မြန်မာလူမျိုး ၅ဝဝ ခန့် အိမ်ရာမှ ယာယီ ‌ပြောင်း‌ရွှေ့ခံရ

အ‌မေရိကန်နိုင်ငံ‌ရောက် မြန်မာလူမျိုး ၅ဝဝ ခန့် အိမ်ရာမှ ယာယီ ‌ပြောင်း‌ရွှေ့ခံရ

3261

စက်တင်ဘာ ၂၃ ရက်၊ ၂ဝ၁၈ရက်၊ ‌စောမြတ်ဦးသာ။

အ‌မေရိကန်နိုင်ငံ Nebraska ပြည်နယ်၊ Omaha မြို့ ရှိ Yale Park အိမ်ရာတွင် အ‌ခြေချ‌နေထိုင်ကြသည့် မြန်မာလူမျိုး အိမ်‌ထောင်စု ၉၈ စုမှ လူဦး‌ရေ ၅၀ဝ ခန့်သည် ၎င်းတို့‌နေထိုင်သည့် အိမ်ရာမှာ ‌နေထိုင်ရန် အဆင့်မမှီသဖြင့် စက်တင်ဘာ ၂ဝ ရက်‌နေ့က အစိုးရမှ ယာယီ ‌ပြောင်း‌ရွှေ့‌ပေးလိုက်ရသည်ဟု သိရသည်။

အဆိုပါ အိမ်ရာသည် လူ‌နေရန် အဆင့်မမှီသည့်အပြင် အသုံးပြု‌နေသည့် ဂက်စ်များလုံခြုံမှုမရှိဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်အစိုးရများမှ ၎င်းအိမ်ရာကို ပြန်လည် ပြုပြင်မွမ်းမံရန် အိမ်ရာတွင်း ‌နေထိုင်သူများ အား ထိုသို့ ယာယီ‌ပြောင်း‌ရွှေ့‌ပေးလိုက်ခြင်းဖြစ်သည်ဟု ‌ပြောင်း‌ရွှေ့ခံရသူ ‌စောအယ်မူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရဲ‌တွေ‌ရောက်လာ‌တော့ လူ‌တွေဆင်းခိုင်းတယ်။ အဝတ်အစား ၃ ရက်စာ ထည့်ခိုင်းထားတယ်။ ပြီးမှ ပစ္စည်းပြန်လာယူခိုင်းတယ်။ အခုအိမ်ရာမှာ ဘယ်သူမှ ‌နေထိုင်လို့ မရဘူး။ ကျ‌နော့်မိန်းမက က‌လေး‌မွေး ထားတာ မကြာ‌သေးဘူး။ အခုသူများအိမ်မှာ ကပ်‌နေရတယ်။ အိမ်ရာမှာ သုံး‌နေတဲ့ ဂက်စ်‌တွေက လုံခြုံမှုမရှိလို့‌တော့ ‌ပြောတယ်” ဟု စက်တင်ဘာ ၂၃ ရက်‌နေ့ ‌ပြောသည်။

ကရင်လူမျိုးအပါအဝင် မြန်မာလူမျိုးအများစု ‌နေထိုင်ကြသည့် ၎င်း Yale Park အိမ်ရာတွင် လွန်ခဲ့သည့် ၃ နှစ်က ဂက်စ်‌ပေါက်ကွဲမှု ဖြစ်စဉ်ရှိခဲ့ပြီး လူ‌နေထိုုင်မှုအန္တရာယ်ရှိသည့်အတွက် သက်ဆိုင်ရာမှ အိမ်ရာပိုင်ရှင်ကို ပြန်လည်ပြင်ဆင်ရန် လွန်ခဲ့သည့် ၃ လဝန်းကျင်က အသိ‌ပေးထားမှုရှိခဲ့သည်ဟု အိမ်ရာငှားရန်း ‌နေထိုင်သူမှများ ထံမှ သိရသည်။

အိမ်ရာမှ ‌ပြောင်း‌ရွှေ့ခံရသူမြန်မာလူမျိုးထဲတွင် ‌ကျောင်း‌နေ အရွယ်က‌လေး ၁၇၅ ဦး၊ ‌မွေးကင်း စက‌လေး ငယ်များလည်းပါဝင်ပြီး Hartland Family Service ပရဟိတအသင်းမှ ကယ်ဆယ်ကူညီ‌စောင့်‌ရှောက်ထား လျက်ရှိကာ အိမ်ရာအတွင်း ‌နေထိုင်သည့် မြန်မာအများစုမှာ ထိုင်းနိုင်ငံနှင့် မ‌လေးရှားနိုင်ငံမှတစ်ဆင့် လာ‌ရောက်‌နေထိုင်သူ အများဆုံး ဖြစ်သည်ဟု သိရသည်။