Home သတင်း အကျဉ်းသားများ ပြန်လည်ဖမ်းမိနိုင်‌ရေး KNU/KNLA–PC ကူညီမည်

အကျဉ်းသားများ ပြန်လည်ဖမ်းမိနိုင်‌ရေး KNU/KNLA–PC ကူညီမည်

3257

စက်တင်ဘာလ ၂၄ ရက်၊ ၂၁၀၈ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံအကျဉ်း‌ထောင်ကို ‌ဖောက်ကာ ထွက်‌ပြေးလွတ်‌မြောက်သွားသည့် အကျဉ်းသားများ ပြန်လည် ဖမ်းမိနိုင်‌ရေး အတွက် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA–PC )အ‌နေဖြင့် သက်ဆိုင်ရာများအား ပူး‌ပေါင်းပါဝင်ကူညီ‌ဆောင် ရွက်‌ပေးနိုင်ရန် ၎င်းတို့၏ တပ်ရင်းနှင့်နယ်‌မြေအသီးသီးထံ အ‌ကြောင်းကြားထား‌ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် ဖားအံအကျဉ်း‌ထောင်‌ဖောက်‌ပြေးမှုမှ အကျဉ်းသား အချို့ လွတ်‌မြောက်‌နေဆဲဖြစ်သည့်အတွက် အဆိုပါ အကျဉ်းသားများ မိမိတို့နယ်‌မြေအတွင်း ဝင်‌ရောက်လာ ပါက ဖမ်းဆီးအ‌ရေးယူနိုင်ရန် စက်တင်ဘာလ ၂၂ ရက်‌နေ့ရက်စွဲဖြင့် ၎င်းတို့၏ စစ်ဗျူဟာ၊ တပ်ရင်း၊ ဌာနများထံ ‌ပေးပို့ အ‌ကြောင်းကြားထားခြင်းလည်းဖြစ်သည်ဟု KNU/KNLA– PC တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ကေအိုင်စီသို့‌ပြောသည်။

“ အကျဉ်းသား‌တွေ စပြီး ထွက်‌ပြေးလာကတည်းက အတီး(ဦး)တို့ဘက်က‌တွေ့ရင် တရားဥပ‌ဒေအရ ‌ဆောင်ရွက်မှာပဲ။ ကိုယ့်လူမျိုးဖြစ်‌နေပါ‌စေ၊ ဖွက်တာ‌တွေ လုပ်လို့မရပါဘူး။ ငြိမ်းချမ်း‌ရေး လုပ်‌နေတဲ့အချိန်မှာ ငြိမ်းချမ်း‌ရေး နယ်‌မြေ လုံခြုံ‌ရေး၊ နယ်‌မြေ တည်ငြိမ်‌ရေးအတွက် ဒီလိုမျိုးအ‌နှောင့်အယှက် ဖြစ်တဲ့ ဥပ‌ဒေနဲ့ မလွတ်ကင်းတဲ့ဟာ‌တွေကို ပူး ‌ပေါင်းတိုက်ဖျက်ဖို့ နဂိုကတည်းက ရည်ရွယ်ချက်ရှိပြီးသား ဖြစ်တယ် ” ဟု ဗိုလ်မှူးကြီး ‌စော‌ကျော်ညွှန့်က ‌ပြောသည်။

အဆိုပါ ‌ထောင်ဝရမ်း‌ပြေးများ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ နယ်‌မြေအတွင်း ဝင်‌ရောက်လာ‌ခြေရှိသည်ဟု သက်ဆိုင်ရာမှ အ‌ကြောင်းကြားလာခြင်းများရှိခဲ့ပြီး‌နောက် မိမိတို့‌နေထိုင်ရာ တပ်ရင်း/ဌာန နယ်‌မြေအတွင်း မသကင်္ာ ဖွယ်ရာ သူစိမ်းများ ဝင်‌ရောက်လာပါက စနစ်တကျ စစ်‌ဆေး‌မေးမြန်းသွားရန်နှင့် ‌ထောင်‌ပြေးအကျဉ်းသားများဖြစ် ‌ကြောင်း စစ်‌ဆေး‌တွေ့ရှိရသူများအား အ‌ရေးယူနိုင်‌ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ‌ဆောင်ရွက် ‌ပေးနိုင်‌ရေး ညွှန်ကြားထားခြင်းဖြစ်သည်။

‌ထောင်‌ဖောက်‌ပြေးမှု ဖြစ်စဉ်မှာ ဖားအံမြို့နယ်၊ ‌တောင်က‌လေးအကျဉ်း‌ထောင်အတွင်း စက်တင်ဘာလ ၁၆ ရက်‌နေ့ နံနက်တွင် အကျဉ်းသား ၄၂ ဦး ‌ထောင်‌ဖောက်ထွက်‌ပြေးမှုဖြစ်ပွားခဲ့ရာ ယ‌နေ့အထိ အကျဉ်းသား ၂၄ဦး ပြန်လည် ဖမ်းမိထားပြီး ၁၈ ဦးမှာ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲ ဖြစ်သည်။

လွတ်‌မြောက်‌နေဆဲ အကျဉ်းသားများ ပြန်လည်ဖမ်းဆီးရရှိ‌ရေးအတွက် ပူး‌ပေါင်းကူညီ‌ပေးနိုင်ရန် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးထံ အသိ‌ပေးအ‌ကြောင်းကြားထား မှုများရှိသကဲ့သို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပါအဝင် လုံခြုံ‌ရေးအဖွဲ့အစည်းများမှလည်း ယ‌နေ့အထိ လိုက်လံစုံစမ်းရှာ‌ဖွေ‌နေဆဲဖြစ်‌ကြောင်းလည်း သိရ သည်။