Home သတင်း ဝင်း‌ရော်‌ချောင်းအတွင်း စစ်ကျန်ဗုံးသီး‌ဟောင်းတစ်လုံး‌တွေ့ရှိ

ဝင်း‌ရော်‌ချောင်းအတွင်း စစ်ကျန်ဗုံးသီး‌ဟောင်းတစ်လုံး‌တွေ့ရှိ

3075

စက်တင်ဘာ ၂၄ ရက် ၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဆင်‌ပြေးရွာအနီး ဝင်း‌ရော်‌ချောင်းတွင် ယ‌နေ့(စက်တင်ဘာ ၂၄ရက်) ည‌နေ ၃ နာရီအချိန် ငါးဖမ်းသမားများမှ ဂျပန်‌ခေတ်ကဟု ယူဆရ‌သော စစ်ကျန်ဗုံးသီး‌ဟောင်းတစ်လုံး ‌တွေ့ရှိ သည်ဟု ဆင်‌ပြေး‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောမင်းသိန်းထွန်းက ‌ပြောသည်။

၎င်းက “ ည‌နေ ၃ နာရီ‌လောက်ကပဲ ရွာကငါးဖမ်းသမား‌တွေ ‌တွေ့တာပါ။ ဂျပန်‌ခေတ်က ဗုံးသီးလို့ ထင်တယ်။ အခု အန္တရာယ်မရှိ‌အောင်‌တော့ သက်ဆိုင်ရာ အာဏာပိုင်‌တွေကို အ‌ကြောင်းကြားထားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌တွေ့ရှိသည့် ဗုံးသီး၏ အရွယ်အစားမှာ အလျား ၄ ‌ပေ ၆လက်မ နှင့် ထိပ်ဝ ၉ လက်မရှိပြီး ယင်းဗုံးသီးကို အန္တရာယ်ဖြစ်ပွားမှုမရှိ‌စေရန် လတ်တ‌လောတွင် သက်ဆိုင်ရာနယ်‌မြေခံတပ်မှ ထိန်းသိမ်းထားသည်ဟု ‌ဒေသခံများက ‌ပြောသည်။

“ ဆင်‌ပြေးရွာတစ်ဝိုက်က လူ‌နေအိမ်အနီးအနား‌တွေမှာ ဂျပန်‌ခေတ်လက်ကျန် ဗုံးသီးခနခန ‌တွေ့ရတယ်။ ပြီးခဲ့ တဲ့ ၅ နှစ်‌ကျော် ၁ဝ နှစ်ဝန်းကျင် ရထားလမ်း‌ဟောင်း ဝင်း‌ရော်မြစ် ကူးတံတားအနားမှာ ‌ချောင်း‌ရေနည်း လာ‌တော့ အခု‌တွေ့ရှိတဲ့ ဗုံးသီးအရွယ်အစားလိုပဲ တစ်လုံး‌တွေ့ခဲ့တယ်။ အဲဒီဗုံးသီးက မိုးတွင်း‌ရေကြီချိန် ‌မြေ‌အောက်မှာ ခုထိမြှုပ်‌နေတယ်။ အခြားဗုံးသီး‌တွေ ရှိနိုင်‌သေးတယ်။”လို့ ‌ဒေသခံ ဦးဇင်းတစ်ပါးက လည်း မိန့်ကြားသည်။

၎င်းစစ်ကျန်ဗုံးကို ‌တွေ့ရှိသည့်‌နေရာမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ကရင်ပြည်နယ် ဘုရားသုံးဆူ‌တောင် ကြား ထိုင်းနိုင်ငံ၊ ဘန်‌ပေါမြို့သို့ ဂျပန်တပ်များမှ ဆက်သွယ်‌ဖောက်လုပ်ခဲ့သည့် ‌သေမင်းတမန်ရထားလမ်း ယခင်ဝင်း‌ရော်မြစ် ရထားကူးတံတား‌ဟောင်း အနီးတွင် ဖြစ်သည်။