Home သတင်း ရန်ကုန် ကရင်ပါတီနှစ်ခု ‌ရွေး‌ကောက်ပွဲ ‌နေရာမထပ်‌ရေး ‌ဆွေး‌နွေး

ရန်ကုန် ကရင်ပါတီနှစ်ခု ‌ရွေး‌ကောက်ပွဲ ‌နေရာမထပ်‌ရေး ‌ဆွေး‌နွေး

2641

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ‌ခေါင်း‌ဆောင်များသည် စက် တင်ဘာ ၉ ရက်‌နေ့ ည‌နေပိုင်းတွင်၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ ကရင်အမျိုးသား သဟာယအသင်းရုံး ခန်း ၌ ‌တွေ့ဆုံခဲ့ပြီး လာမည့်‌ရွေး‌ကောက်ပွဲတွင် ‌နေရာမထပ်‌ရေး ကိစ္စ‌ဆွေး‌နွေးခဲ့သည်ဟု KPP ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ပါတီ ‌ခေါင်း‌ဆောင်နှစ်ဦးနဲ ့အဖွဲ့ဝင်‌တွေ ‌တွေ့ကြတယ်။ ‌ဆွေး‌နွေးခဲ့တာက‌တော့ လာမဲ့ ‌ရွေး‌ကောက်ပွဲမှာ ပါတီနှစ်ခု ‌နေရာမထပ်‌ရေးကိစ္စ‌ဆွေး‌နွေးခဲ့တယ်။ ‌နောက်‌ရွေး‌ကောက်ပွဲကျရင် တစ်ပါတီနဲ့တစ်ပါတီ အပြန် အလှန် ကူညီဖို့‌ပေါ့။ ဒါ‌တွေက အ‌ရေးကြီးတယ်။ ညှိနှိုင်းရခက်တယ်။ အခုလို ကြိုတင်‌ဆွေး‌နွေးထားမှ ‌တော်ရုံ ကျမယ်။ ‌နောက် လက်ရှိနိုင်ငံ‌တော်ကြုံ‌တွေ့‌နေရတဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေကို ပါတီ‌ခေါင်း‌ဆောင်‌တွေ ‌ဆွေး‌နွေးတယ်”ဟု စက်တင်ဘာ ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ ပါတီ‌ခေါင်း‌ဆောင်များဖြစ်‌သော ကရင်ပြည်သူ ့ပါတီ ဥက္ကဌ၊ ‌စောထွန်း‌အောင်မြင့်နှင့် ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်း‌ရွှေတို့ ဦး‌ဆောင်သည့် အဖွဲ့ဝင်များ အသီးသီးတက်‌ရောက်ခဲ့ပြီး စက်တင် ဘာ ၁ဝ ရက်‌နေ့၊ ည‌နေ သုံးနာရီမှ ည ၈ နာရီဝန်းကျင်ထိ ကြာမြင့်ခဲ့‌ကြောင်း ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် ပါတီ ‌ခေါင်း‌ဆောင်များထံမှ သိရသည်။

ယခုလို ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်ပါတီနှစ်ခု‌တွေ့ဆုံခြင်းသည် ‌ကောင်းမွန်‌သော်လည်း ပါတီ‌ပေါင်းစည်း‌ရေး နှင့်‌ရွေး‌ကောက်ပွဲ‌နေရာမထပ်‌ရေး ကိစ္စရပ်များထက် ကရင်ပြည်သူများ ‌ထောက်ခံမှုရ‌အောင် ကနဦး လက်‌တွေ့ ကျကျ လုပ်‌ဆောင်သွားရန် လိုသည်ဟု ထင်မြင်‌ကြောင်း ရန်ကုန်မြို့ခံ ကရင်နိုင်ငံ‌ရေးသမားတစ်ဦးက သုံးသပ် ‌ပြောဆိုသည်။

လက်ရှိပြည်တွင်း၌ ကရင်ပြည်နယ်တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နှင့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်မြို့တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP)တို့ တရားဝင် နိုင်ငံ‌ရေးပါတီများအဖြစ် ရပ်တည်လှုပ်ရှားလျက်ရှိသည်။