Home သတင်း မွန်၊ ပဲခူးနှင့် ဧရာဝတီတို့တွင် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း ဖွဲ့စည်း

မွန်၊ ပဲခူးနှင့် ဧရာဝတီတို့တွင် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း ဖွဲ့စည်း

2757

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်များပြားလာ‌ရေးအတွက် ရည်ရွယ်ကာ မွန်ပြည်နယ်၊ ပဲခူးနှင့် ဧရာဝတီ တိုင်း‌ဒေသကြီးတို့တွင် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်းကို စက်တင်ဘာလအတွင်း အသီးသီးဖွဲ့စည်းလိုက် သည်ဟု ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်းဖွဲ့စည်း‌ရေး ဦး‌ဆောင်စီစဉ်‌နေသူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး ‌စောဘိုဘို‌ဝေ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အဖွဲ့ကို စက်တင်ဘာ ၁၆ ရက်‌နေ့တွင်လည်း‌ကောင်း၊ ဧရာဝတီတိုင်း ‌ဒေသကြီး ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းကို စက်တင်ဘာ ၁၅ ရက်‌နေ့နှင့် ပဲခူးတိုင်း‌ဒေသကြီး ကရင်စီး ပွား‌ရေးလုပ်ငန်းရှင်အသင်းကို စက်တင်ဘာ လဆန်းပိုင်တွင်လည်း‌ကောင်း အသီးသီးဖွဲ့စည်းခဲ့သည်။

“ အခုလို မွန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းဖွဲ့တဲ့ ‌နေရာမှာ တက်‌ရောက် လာတဲ့ သူ‌တွေက‌နေ အသင်းရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အလုပ်အမှု‌ဆောင်‌တွေကို သူတို့ ဘာသာသူတို့ ‌ရွေးချယ်ကြ တယ်။ ‌နောက် သူတို့ကပဲ ဆက်ပြီး သင်းဖွဲ့စည်းမျဉ်း‌တွေ ‌ရေးဖို့ရှိတယ်။ တစ်နိုင်ငံလုံး ကရင်စီးပွား‌ရေး လုပ်ငန်း ရှင်အသင်းကို ကျ‌နော်ဆက်ဖွဲ့သွားဖို့ ပြင်ဆင်‌နေတယ်”ဟု ‌စောဘိုဘို‌ဝေ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အဖွဲ့ ဖွဲ့စည်း‌ရေး အစည်းအ‌ဝေးကို စက်တင်ဘာ ၁၆ ရက်‌နေ့တွင် မွန် ပြည်နယ်၊ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးရုံး၌ပြုလုပ်ခဲ့ပြီး‌နောက် အသင်းဝင်များ ကနဦးလက်ခံခဲ့ပြီး အဖွဲ့ဝင်များထဲမှာ ဥက္ကဌ၊ ဒုဥက္ကဌများနှင့် အလုပ်အမှု‌ဆောင်အဖွဲ့ကို မဲ‌ပေး‌ရွေးချယ်ခဲ့ရာ အသင်းဥက္ကဌအဖြစ် သထုံမြို့နယ်မှ စား‌သောက်ဆိုင်လုပ်ငန်းရှင် ‌စော‌ကျော်မိုးကို ‌ရွေးချယ်တာဝန်‌ပေးအပ်ခဲ့သည်။

အသင်းဥက္ကဌ ‌စော‌ကျော်မိုးက “ကျ‌နော်တို့ အသင်းအ‌နေနဲ့က စီးပွား‌ရေးလုပ်ငန်းကို မလုပ်ဘူး။ ကရင်စီးပွား ‌ရေး လုပ်ငန်းရှင်‌တွေလုပ်ငန်းတိုးတက်‌အောင်နဲ့ ကရင်စီးပွား‌ရေးလုပ်ငန်းရှင်‌တွေ ‌ပေါ်ထွက်လာဖို့ အား‌ပေးကူ ညီသွားဖို့ ရည်ရွယ်ထားတယ်။ လာမဲ့ အပတ်ထဲမှာ အသင်းဖွဲ့စည်းပုံနဲ့ စည်းမျဉ်း‌တွေ ‌ရေးဆွဲသွားဖို့ အစည်း အ‌ဝေး‌ခေါ်ထားတယ်” ဟု စက်တင်ဘာ ၁၈ ရက်‌နေ့တွင် ‌ပြောသည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်း ဒုဥက္ကဌ အဖြစ်‌ရွေးချယ် တာဝန်‌ပေး ခံရသူ ပန်းတ‌နော်မြို့နယ်မှ ငါး‌မွေးမြူ‌ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မန်းထိန်ဝင်းစိန်က“အစည်းအ‌ဝေး‌ခေါ်‌တော့ မသွားဖြစ်ဘူး၊ မျက်လုံးကျန်းမာ‌ရေး‌ကြောင့်ပါ၊ ဒုဥက္ကဌ တာဝန်‌ပေးတယ်လို့‌တော့ ‌ပြောတယ်။ အ‌သေးစိတ်‌တော့ မသိ‌သေးဘူး”ဟု ‌ပြောသည်။

ယခုလို ကရင်လူမျိုးအများစု‌နေထိုင်သည့် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင် ကရင်စီးပွား‌ရေး လုပ်ငန်းရှင် အသင်း အသီးသီးဖွဲ့စည်းပြီး‌နောက် လာမည့် ‌အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံး ကိုယ်စားပြု ကရင်စီးပွား ‌ရေး လုပ်ငန်းရှင်အသင်းကို ထပ်မံဖွဲ့စည်းသွားရန် စီစဉ်‌နေသည်ဟု အသင်းဖြစ်‌မြောက်‌ရေး လုပ်‌ဆောင်‌နေ သူများ ထံမှ သိရသည်။