Home သတင်း ဖားအံအကျဉ်း‌ထောင်အတွင်း ထွက်‌ပြေးတရားခံ ၁၄ ဦး ပြန်လည်ဖမ်းမိ

ဖားအံအကျဉ်း‌ထောင်အတွင်း ထွက်‌ပြေးတရားခံ ၁၄ ဦး ပြန်လည်ဖမ်းမိ

2349

စက်တင်ဘာ ၁၇ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်၊ ‌တောင်က‌လေး အကျဉ်း‌ထောင်မှ ‌ထောင်‌ဖောက်ထွက်‌ပြေးသွားသည့် အကျဉ်းသား ၄၁ ဦးထဲမှ ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိ ထားပြီးဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ တဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၆ ရက်‌နေ့ ညပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“မ‌နေ့ည‌နေပိုင်းအထိ အားလုံး ၁၄ ‌ယောက် ပြန်မိပါတယ်။ ဟို‌နေရာမိလိုက် ဒီ‌နေရာမိလိုက် အချိန်‌တွေက ကွဲပြား တာ‌ပေါ့‌နော်။ ။ ကားက မ‌နေ့ထဲက ပြန်ရတာ။ ဆက်လုပ်‌နေတုန်းပဲ” ဟု ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်‌နေ့၊ နံနက် ၈ နာရီ ၄ဝ မိနစ် အချိန်တွင် ဖားအံမြို့နယ်၊ ‌တောင်က‌လေး အကျဉ်း‌ထောင်ရှိ၊ ဝိ‌ဝေကာရီဓမ္မာရုံ‌ရှေ့‌တောင်ဘက်စိုက်ခင်းတွင် သန့်ရှင်း‌ရေးပြုလုပ်‌နေသည့် အကျဉ်းသားများက ‌ထောင်ဝန်ထမ်းတစ်ဦး ‌မောင်းနှင်းလာသည့် အမှိုက်သည်ကားကို လုယူထွက်‌ပြေးခဲ့ခြင်းဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ထွက်‌ပြေးသွားသူများမှာ အကျဉ်းကျ ၂၉ ဦးနှင့် အချုပ်ကျ ၁၂ ဦးတို့ ဖြစ်ပြီး လုယူထွက်‌ပြေး သွားသည့် ‌မော်‌တော်ယာဉ်ကို လှိုင်းဘွဲ့မြို့နယ်၊ ရွာသာ‌အေး ‌ကျေးရွာနှင့် သပုထိုရွာကြား၊ ဆည်‌မြောင်း တာ‌ဘောလမ်းတွင် ပြန်လည် ‌တွေ့ရှိခဲ့ပြီး ကျန်ရှိ‌နေသည့် ထွက်‌ပြေးအကျဉ်းသားများ ပြန်လည်ဖမ်းမိ‌ရေးအတွက် တာဝန်ရှိသူများက ဆက်လက်လုပ်‌ဆောင်‌နေ‌ကြောင်း သတင်းထုတ် ပြန်ထားသည်။