Home သတင်း ဖာပွန်‌ဒေသ ဝက်သက်‌ရောဂါ ဆက်လက်ဖြစ်ပွား လူနာ ၂ဝဝ ‌ကျော်တွင် (၁) ဦး‌သေ၊ (၁)ဦးမျက်စိကွယ်

ဖာပွန်‌ဒေသ ဝက်သက်‌ရောဂါ ဆက်လက်ဖြစ်ပွား လူနာ ၂ဝဝ ‌ကျော်တွင် (၁) ဦး‌သေ၊ (၁)ဦးမျက်စိကွယ်

3228

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မူ‌တြော်(ဖာပွန်)‌ဒေသရှိ ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်တို့တွင် ဆိုးဝါးစွာ ဖြစ်ပွား‌နေသည့် ဝက်သက်‌ရောဂါသည် ယခု ဖြစ်ပွား‌နေသူ က‌လေးငယ် ၂ဝဝ ‌ကျော်ထဲတွင် တစ်ဦး‌သေဆုံးပြီး တစ်ဦးမျက်စိကွယ်သွားခဲ့သည်ဟု နယ် လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့(BPHWT)မှ ဖာပွန် ‌ဒေသတာဝန်ခံ ‌စောဖိုး‌အေးက ‌ပြော သည်။

“ဆုံးသွားတဲ့ က‌လေးက ဝက်သက်‌ရောဂါ‌ကြောင့် ပဲလား။ တခြား‌ရောဂါနဲ့လား ဆိုတဲ့ ‌သေဆုံးသွားရတဲ့ အ ‌ကြောင်းရင်းကို‌တော့ ပြန်စိစစ်သွားပါမယ်။ မျက်စိကွယ်သွားတဲ့က‌လေးက‌တော့ ဝက်သက်‌ရောဂါ‌ကြောင့်ပဲ။ ကျ ‌နော်တို့ ကျန်းမာ‌ရေး လုပ်သား‌တွေ အနီးကပ် ‌စောင့်ကြည့်ကုသ‌ပေး‌နေလို့ အရင်ဖြစ်ပွားတဲ့သူ‌တွေထဲက ‌နေပြန် ‌ကောင်းသွားတာ‌တွေ‌တော့ ရှိတယ်” ‌စောဖိုး‌အေးက စက်တင်ဘာ ၁၅ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် ဩဂုတ်လ ၂၄ ရက်မှစ၍ စက်တင်ဘာ ၁ဝ ရက်‌နေ့အထိကို ‌ကျေးရွာ (၈)ရွာမှ ‌ရောဂါဖြစ်ပွားသူ က‌လေး လူနာ ၁၀ဝ ‌ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ‌နောက်ထပ် ‌ကျေးရွာ ၄ ရွာမှ က‌လေးလူနာ‌ပေါင်း ၁၀ဝ ‌ကျော် ထပ်မံ ကူးစက်ဖြစ်ပွား‌နေသည့်အတွက် အနီးကပ်‌ဆေးကုသ‌ပေး‌နေရသည်ဟု ‌စောဖိုး‌အေးက ‌ပြောသည်။

ဝက်သက်‌ရောဂါခံစား‌နေရ‌သော က‌လေးများအတွက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများကို နယ်‌မြေခံ ကျန်းမာ‌ရေး အဖွဲ့အစည်းများဖြစ်သည့် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHWနှင့် Shoklo Malaria Research Unit –SMRU အဖွဲ့အစည်းမှ ကျန်းမာ‌ရေး လုပ်သားများအပြင် Community Partners International မှ လည်း ပူး‌ပေါင်းကူညီမှု‌ပေး‌နေသည်ဟု BPHWT ဆိုသည်။

ထို့အပြင် လသားအရွယ်မှ ၁၂ နှစ်‌အောက် က‌လေးသူငယ်များတွင် အဖြစ်များသည့် ၎င်းဝက်သက် ‌ရောဂါသည် အဖျားတက်ခြင်း၊ ခန္ဓာကိုယ်အ‌ရေပြားတွင် အဖုများထွက်ခြင်း၊ ‌ချောင်းဆိုးခြင်း၊ ပါးစပ်အနာ‌ပေါက်ခြင်း၊ မျက်လုံး နာခြင်း၊ လည်‌ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများ ဖြစ်‌ပေါ်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ‌ရောဂါသည် အ‌ရေး‌ပေါ်ဖြစ်ပွားခြင်း‌ကြောင့် ကုသမှုအတွက် လိုအပ်သည့် ‌ဆေးဝါးအကူအညီများကို မယ်‌တော် ‌ဆေးခန်း-MTC၊ HSS Program အဖွဲ့တို့ထံမှ အကူအညီရယူ၍ ‌စောင့်ကြည့် ပြုစုကုသ‌ပေး‌နေ ‌သော်လည်း ‌ဆေးဝါးမလုံ‌လောက်မှုနှင့် အခက်အခဲများလည်း ကြုံ‌တွေ့‌နေရခြင်း‌ကြောင့် အကူအညီများ ထပ်မံလိုအပ်လျက်ရှိ‌ကြောင်း BPHWTက ‌ပြောသည်။

၎င်း‌ဒေသတွင် ယခင်က ဝက်သက်‌ရောဂါဖြစ်ပွားသူ အချို့သာရှိခဲ့ရာ ယခုနှစ်အတွင်းဖြစ်ပွားမှုမှာ အဆိုးဝါးဆုံးဖြစ်သည်ဟု နယ်‌မြေခံ ကျန်းမာ‌ရေးလုပ်သားများက ‌ပြောဆိုထားခဲ့သည်။