Home သတင်း ပိုင်ကျုံမြို့နယ် ဥက္ကဌ ပဒို‌စောမူးဒို့၏ ဈာပန လုပ်‌ဖော်ကိုင်ဖက် ၃ဝဝ‌ကျော် ပို့ ‌ဆောင်ခဲ့

ပိုင်ကျုံမြို့နယ် ဥက္ကဌ ပဒို‌စောမူးဒို့၏ ဈာပန လုပ်‌ဖော်ကိုင်ဖက် ၃ဝဝ‌ကျော် ပို့ ‌ဆောင်ခဲ့

2853

စက်တင်ဘာ ၉ ရက်၊ ၂ဝ၁၈ခုနှစ် ။ ‌ကေအိုင်စီ

ကြာသပ‌တေး‌နေ့က ကွယ်လွန်သွားသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ဥက္ကဌ ပဒို‌စော မူးဒို့ (၆၂)နှစ်၏ ဈာပနအခမ်းအနားကို ယမန်‌နေ့ (စက်တင်ဘာ ၉ )ရက်‌နေ့က ပိုင်ကျုံမြို့နယ် ဆက်ဆံ‌ရေးရုံးတွင် ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ ဈာပနအခမ်းအနားသို့ ဖားအံခရိုင်အဆင့် စစ်ဖက်၊ အရပ်ဖက်‌ခေါင်း‌ဆောင်များ၊ သက်ဆိုင်ရာ ‌ကေအဲန်ယူဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပြည်သူလူထု အပါအဝင် စုစု‌ပေါင်း ၃ဝဝဦး‌ကျော် တက်‌ရောက်ပို့‌ဆောင်ခဲ့ကြပြီး ကွယ်လွန်သူအတွက် အမိန့်ပြန်တမ်းပြုလုပ်ခြင်း၊ ဘာသာ‌ရေး ဝတ်ပြုဆု‌တောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ စစ်‌ရေးအခမ်းအနားဖြင့် ဂူသွင်းမြှုပ်နှံခဲ့ သည်။

ပဒို‌စောမူးဒို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်‌နေ့၊ နံနက် ၃နာရီခွဲအချိန်တွင် အသဲ‌ရောဂါဖြင့် ဖားအံမြို့ ‌ဆေးရုံကြီး၌ ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

ပိုင်ကျုံမြို့နယ်ဥက္ကဌ ပဒို‌စောမူးဒို့သည် ၁၉၇၇ခုနှစ်တွင် ကရင်‌တော်လှန်‌ရေးထဲသို့ စတင်ဝင်‌ရောက်ခဲ့ပြီး ပိုင်ကျုံ မြို့နယ်ပညာ ‌ရေးမှူး၊ မြို့နယ်အတွင်း‌ရေးမှူးနှင့် ၂ဝ၁၂ခုနှစ်မှ စတင်ပြီး မြို့နယ် ဥက္ကဌ တာဝန်ကို ရယူကာ ကွယ်လွန်ချိန်အထိဖြစ်သည်။

သူသည် အဖ ‌စောမူထူး၊ အမိ ‌နော်ချစ်သိန်းတို့ထံမှ ဖားအံခရိုင်၊ ပိုင်ကျုံ‌ကျေးရွာတွင် ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၈ ဦးအနက် သတ္တမ‌မြောက်သားဖြစ်သည်။

ပဒို‌စောမူးဒို့၏ လုပ်‌ဖော်ကိုင်ဖက်ဖြစ်သူ KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် တပ်မဟာ (၇)၊ တပ်ရင်း ၂၂ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဒိကွယ်က “ကျ‌နော်တို့နဲ့ နီးနီးကပ်ကပ် အလုပ်တွဲလုပ်တဲ့သူတစ်‌ယောက်ပါ။ အထက်က ‌ခေါင်း‌ဆောင် ‌တွေရဲ့ ညွှန်ကြားချက်‌တွေကို တ‌သွေမတိမ်း ထမ်း‌ဆောင်‌နေတဲ့သူတစ်‌ယောက်၊ အများအတွက်လည်း အနစ်နာခံသလို အ‌တွေ့ အကြုံရှိတဲ့ လူ‌ဟောင်းတစ်‌ယောက်ပါ။ ကျ‌နော်တို့ကို ထားရစ်သွားတဲ့အ‌ပေါ်မှာ ဆုံးရှုံးမှုကြီးတစ်ရပ်ပါ။ သူပြန်သွားချိန်တန်‌ပေမဲ့ နှ‌မြောမိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ၊ သားသမီး သုံးဦးနှင့် ‌မွေးချင်း‌မောင်နှမ ၃ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။