Home သတင်း နယ်စပ်ရှိ ‌နောဖာစာသင်‌ကျောင်းအတွက် သင်‌ထောက်ကူပစ္စည်းအကူအညီ ရရှိ

နယ်စပ်ရှိ ‌နောဖာစာသင်‌ကျောင်းအတွက် သင်‌ထောက်ကူပစ္စည်းအကူအညီ ရရှိ

2367

စက်တင်ဘာ ၈ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/ KNLA-PC) ထိန်းချုပ်နယ် ‌မြေရှိ ‌နောဖာအလယ်တန်း‌ကျောင်းတွင် ပညာသင်ကြား‌နေကြ‌သော ‌ကျောင်းသူ၊ ‌ကျောင်းသားများအတွက် လိုအပ်သည့် ‌ကျောင်းသင်‌ထောက်ကူ ပစ္စည်းအချို့ကို ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် အလှူရှင်တစ်စုမှ ယမန်‌နေ့ (စက်တင်ဘာ ၇ရက်)က သွား‌ရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် Karen Unity Hope ၏ ချိတ်ဆက်မှုဖြင့် SVA (SHANTI VOLUNTEER ASSOCIATION)နှင့် ထိုင်းနိုင်ငံသား ပရဟိတသမား Dr. Somchai ဆိုသူတို့က ‌ကျောင်းသူ ‌ကျောင်းသား များအတွက် လိုအပ်သည့် ဗလာစာအုပ်၊ ‌ဘောပင်၊ ခဲတံတို့အပြင် အဝတ်အစားများ၊ ဖိနပ်များနှင့် ‌ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများကို သွား‌ရောက်လှူဒါန်း‌ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌ကျောင်း၏ ‌ကျောင်းအုပ်ဖြစ်သူ‌စောအယ်ကလယ်က “ စာအုပ်စာတမ်းနဲ့ အဝတ်အစား၊ ဖိနပ်‌တွေလာ လှူ‌ပေးတဲ့အတွက် ‌ကျေးဇူးတင်ပါတယ်။ ကျ‌နော်တို့အတွက် လမ်း‌ကြောင်းရှာ‌ပေးပြီး အကူအညီလာ‌ပေးကြတဲ့ သူ‌တွေ အားလုံးကို အထူးပဲ ‌ကျေးဇူးတင်ပါတယ်”ဟု ‌ပြောခဲ့သည်။

ကရင်ပညာ‌ရေးဌာန(KED)၏ သင်ရိုးညွှန်းတမ်းကို အသုံးပြုသင်ကြား‌နေသည့် ၎င်း‌နောဖာ အလယ် တန်း‌ကျောင်းတွင် လက်ရှိ ‌ကျောင်းသူ‌ကျောင်းသား ၁ဝဝ ‌ကျော်အား ‌ကျောင်းဆရာ၊ ဆရာမ ၇ ဦးက တာဝန်ယူ သင်ကြားပို့ချ‌ပေး‌နေခြင်းဖြစ်သည်။