Home ဆောင်းပါး ဒီမိုကရက်တိုက်‌ဇေးရှင်း

ဒီမိုကရက်တိုက်‌ဇေးရှင်း

3477

မန်းမင်းရဲ‌ထွေး

အဓိပ္ပါယ် ဖွင့်ဆိုချက်
ဒီမိုကရက်တိုက်‌ဇေးရှင်းဆိုသည်မှာ ဒီမိုက‌ရေစီ မရှိ‌သော အ‌ခြေအ‌နေမှ ဒီမိုက‌ရေစီရှိသည့် အ‌နေအထားသို့ ‌ပြောင်းလဲ ရ‌သော ခရီးစဉ်ဖြစ်သည်။
ယ‌နေ့ မြန်မာနိုင်ငံသည် ဒီမိုက‌ရေစီသို့ ‌ရောက်‌နေသည်မဟုတ်။ ဒီမိုက‌ရေစီ‌လျှောက်‌နေ‌သော ခရီးတွင် ရှိ‌နေခြင်းသာ ဖြစ်သည်။ ဒီမိုက‌ရေစီ ရရှိ‌အောင် ‌ဆောင်ရွက်ကြရ‌သော ဒီမိုကရက်တိုက်‌ဇေးရှင်း(Democratization ) ခရီးစဉ်အတွက် စံသတ် မှတ်ချက်များဖြင့် ချဉ်းကပ်၍ မရပါ။ သက်ဆိုင်ရာအဖွဲ့အစည်း၏ “ပကတိအရှိ” (Reality) မှသာ အစပြုကြရပါသည်။
ပကတိအရှိဆိုရာတွင် လက်ရှိဖြစ်ပျက်‌နေ‌သော အခင်းအကျင်းများဖြင့် မလုံ‌လောက်ပါ။ သက်ဆိုင်ရာလူထု၏ ရင်ထဲ၊ အသည်းထဲတွင် နှစ်‌ပေါင်းများစွာ ဖြစ်တည်စွဲခိုင်လျှက်ရှိ‌သော အစွဲအလမ်းများ တစ်နည်းအားဖြင့် “နိုင်ငံ‌ရေးဓ‌လေ့” (Political Culture)ကို ထုတ်‌ဖော်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်‌သော‌ကြောင့် “ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး” လုပ်ငန်းသည် သက်ဆိုင်ရာ အဖွဲ့အစည်း၏ “နိုင်ငံ‌ရေးဓ‌လေ့”မှ အစပြု၍ ‌လေ့ လာကြရပါသည်။
ဤအ‌ကောက်အယူကို စနစ်တကျ ‌လေ့လာကြရာတွင် ၁၉၃ဝပြည့်လွန်နှစ်များကတည်းက အထူးသဖြင့် ဗြိတိသျှလူမျိုး “လီယိုနတ်ဝု(ထ်)”က သူ၏ “ဒီလှိုင်းအလွန်” (After the Deluge) ကျမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုရှင်းပြခဲ့ပါသည်။

သူ၏ နိုင်ငံ‌ရေးဓ‌လေ့ ငါးရပ်မှာ
(၁) နိုင်ငံ‌ရေးဓ‌လေ့ဆိုသည်မှာ ‌နေ့ချင်းညချင်း ‌ပေါ်ထွက်လာ‌သော စိတ်သဘာဝ သက်သက်မျှ မဟုတ်။
(၂) ရှည်ကြာ‌သော သမိုင်းကို ဖြတ်သန်းရင်း လူအများ၏ စိတ်ထဲတွင် စူးနစ်‌နေရာယူထား‌သော ခါးသီးသည့် နိုင်ငံ‌ရေး အ‌တွေ့အကြုံ။
(၃) သို့တ‌စေ နိုင်ငံ‌ရေးဓ‌လေ့ကို တရားဝင်‌ဖော်ပြခွင့်ရ‌သော ‌ကျောက်စာ၊ ‌ပေစာ၊ ပုံနှိပ်စာများတွင် ‌တွေ့နိုင်မည်မဟုတ် ‌သော်လည်း ရိုးရာပုံပြင်များ၊ ဒဏ္ဍာရီများ၊ စကားပုံများထဲတွင် ငုပ်ဝပ်‌နေ‌သော အ‌တွေးပုံစံ (Though Pattern)များတွင်သာ ‌တွေ့နိုင်‌ပေသည်။
(၄) နိုင်ငံ‌ရေးဓ‌လေ့မှာ လူမျိုးတစ်မျိုး၏ အမှတ်အသားသရုပ် (Identity)တွင် အတွင်းအကျဆုံး အပိုင်းအထိ စူးဝင်‌နေသည် ဖြစ်၍ အများထင်သည်ထက် ပိုပိုစွဲခိုင်‌နေတတ်သည်။
(၅) နိုင်ငံ‌ရေးဓ‌လေ့မှာ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုး‌ရေးအတွက် တွန်းအားဖြစ်နိုင်သလို အဟန့်အတားလည်း ဖြစ်နိုင်သည်။

ဒီမိုကရက်တိုက်‌ဇေးရှင်း၏ လုပ်ငန်းအ‌ခြေခံသည် အာဏာပိုင်အုပ်ချုပ်‌ရေး (Autocracy) မှ လစ်ဘရယ်ဒီမိုက‌ရေစီ (Liberal Democracy)သို့ ကူး‌ပြောင်းသည့်လုပ်ငန်းစဉ် ဖြစ်သည်။ တစ်နည်းအားဖြင့် စစ်‌အေးတိုက်ပွဲ အထွဋ်အထိပ်ကာလ နိုင်ငံ‌ရေးကို စစ်‌ဘောင်သွင်းခြင်း (Militarization of Politics)မှ စစ်‌အေးလွန် စစ်ဘက်နိုင်ငံ‌ရေးမှ ဆုတ်ခွာခြင်း (Demilitarization of Politics)သို့‌ရွှေ့လာ‌သော ‌ခေတ်‌ရေစီးအ‌ရွှေ့ဖြစ်ရာ ပန်းတိုင်အခက်အခဲများကို အမှန်အတိုင်း သိရှိပြီး တိုင်းရင်းသားအားလုံးတို့က မိမိတို့ တတ်စွမ်းသမျှ အသိနှင့်ယှဉ်ပြီး တက်ကြွစွာ (Consciously and Actively) ပါဝင်‌ဆောင်ရွက် ကြရန် လိုအပ်ပါသည်။
ဂရိလူမျိုး အတ္ထုပ္ပတ္တိ စာ‌ရေးဆရာ ပလူတာ့ရှ်(Plutash )က စစ်ပွဲတွင် နှစ်ကြိမ်မှာ ခွင့်မပြုရ “In War It is not permits two mistakes”ဟုလည်း‌ကောင်း အခြားအဆိုတစ်ခုမှာ သစ်ပင်စိုက်ရန် အ‌ကောင်းဆုံးအချိန်မှာ လွန်ခဲ့‌သော နှစ် ၂ဝ က ဖြစ်သည်။ ဒုတိယ အ‌ကောင်းဆုံးအချိန်မှာ ယခုဖြစ်သည်။ (The Best time to Plant tree is last twenty years. The Second best time is now) ဟူ၍ ဖြစ်ပါသည်။ ယခုအချိန်သည် အပြန်အလှန် အပြစ်ဖို့‌နေရမည့် အချိန်မဟုတ်။ (Blame Game) မဟုတ်။ မိမိတို့ တတ်စွမ်းသမျှ နိုင်ငံ‌ရေးကို ပါဝင်‌ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဒီမိုက‌ရေစီ‌ဖော်‌ဆောင်ခြင်း
‌ရွေး‌ကောက်ပွဲ ဒီမိုက‌ရေစီမှ လစ်ဘရယ် ဒီမိုက‌ရေစီသို့ ကူး‌ပြောင်းရာတွင် ‘ကုတ်’ ငါး‌ချောင်းဖြင့် မ တင်ရမည်ဟု နိုင်ငံ ‌ရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက တင်ပြခဲ့သည်။
‌ရွေး‌ကောက်ပွဲ ဒီမိုက‌ရေစီ (Electoral Democracy ) ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းပုံများ ရှိပြီးဖြစ်‌သော အ‌နေအထားကို ဆိုလိုသည်။ သို့‌သော် အ‌ခြေခံလူ့အခွင့်အ‌ရေး အပါအဝင် ဒီမိုက‌ရေစီအခွင့်အ‌ရေး ကား အပြည့်အဝ မရှိ‌သေးပါ။ လူထုဆန္ဒအရ တက်လာပြီး လူထုအကျိုးစီးပွားကို တာဝန်ခံမည့် “တာဝန်ခံနိုင်‌သော အစိုးရ” (Accountable Government)ဟူ၍လည်း အပြည့်အဝ ဆိုနိုင်‌သေးသည် မဟုတ်‌ချေ။ ဆိုရလည်း ဒီမိုကရက်တစ် နိုင်ငံ‌ရေး နယ်ပယ်သို့ စတင် ဝင်‌ရောက်ကာစ အ‌နေအထားသာ ဖြစ်သည်။

လစ်ဘရယ်ဒီမိုက‌ရေစီ (Liberal Democracy) ဆိုသည်မှာ
ဒီမိုကရက် ဖွဲ့စည်းပုံသာမက လူ့အခွင့်အ‌ရေး အပါအဝင် နိုင်ငံသားများ အခွင့်အ‌ရေး အား‌ကောင်းလာပြီး ‌ကောင်းမွန် ‌သော အုပ်ချုပ်‌ရေးစနစ်အထိ ‌အောင်မြင်ရရှိပြီး နိုင်ငံများဖြစ်သည်။ ရင့်ကျက်ခိုင်မာ‌သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ် သည်။

ဖရန်စစ်ဖူကူးယားမား၏ ညွှန်းဆို‌သော ကုတ် (၅)‌ချောင်းမှာ
(၁) စီးပွား‌ရေးတိုးတက်မှုကုတ် (Economic growth lever)
(၂) နိုင်ငံတည်‌ဆောက်‌ရေးကုတ် (State building lever)
(၃) တရားဥပ‌ဒေစိုးမိုး‌ရေးကုတ် (Rule of law Lever)
(၄) တာဝန်ခံ‌သော အစိုးရကုတ် (Accountable Government lever)
(၅) လူမှုနိုးကြားလှုပ်ရှားမှုကုတ် (Social mobilization lever)တို့ ဖြစ်ပါသည်။
၂၁ရာစုသည် ဂလိုဘယ်လိုက်‌ဇေးရှင်း ပိုမိုမြန်ဆန်လာပြီး ဒီမိုကရက်တိုက်‌ဇေးရှင်းလည်း ပို၍ အား‌ကောင်းလာကာ ဒီမီနို သက်‌ရောက်မှုလည်း ပို၍ ကြီးပြင်းလာမည့်ရာစု ဖြစ်ပါသည်။ ဖရီးမက်ကက် (Free Market) လက္ခဏာ ပို၍ ထင်ရှားလာ မည့်အချိန် ဖြစ်သည်။ ဒီမိုကရက်တိုက်‌ဇေးရှင်းနှင့် ဖရီးမားကက်သည် လွဲ‌ရှောင်၍ မရ‌သောနိုင်ငံများ ‌ရွေးချယ်ရမည့် အတွဲအစပ် တစ်ခု ဖြစ်လာပါလိမ့်မည်။
သမိုင်းကို လူထုက ဖန်တီးသည်ဟုဆို‌သော်လည်း မဟာဗျူဟာချမှတ်‌ရေးကိစ္စကို လူထုက ‌ဆောင်ရွက်နိုင်မည် မဟုတ် ပါ။ လူထုမှာလည်း ဘဝရပ်တည်‌ရေးနှင့် ဘဝရှင်သန်‌ရေးအတွက် ရုန်းကန်‌နေသူများဖြစ်သဖြင့် မဟာဗျူဟာ နည်းဗျူဟာကိစ္စ များနှင့်ပတ်သက်လျှင် ၎င်းတို့ စိတ်ဝင်စားကြမည် မဟုတ်ပါ။
အမှန်တကယ် တာဝန်ရှိသည်မှာ ‌ခေါင်း‌ဆောင်မှုသာဖြစ်ပြီး ‌ခေါင်း‌ဆောင်မှုအ‌နေဖြင့် သာမန်လူထက် ‌ကျော်ကြည့်နိုင်ရ ပါမည်။ အစဉ်အလာကို ‌ဖောက်ထွက် စဉ်းစားနိုင်ရမည်။ အ‌ပေါစား အများကြိုက် ‌ပေါ်ပြူလာအတိုင်း သွား‌နေလျှင် လူထု‌ခေါင်း ‌ဆောင် မဖြစ်နိုင်ပါ။ လူထု‌နောက်မြှီးဆွဲ ဖြစ်ပါမည်။ ဒီမိုကရက်တိုင်‌ဇေးရှင်း၏ ‌အောင်မြင်မှုမှာ ‌ခေါင်း‌ဆောင်များအ‌ပေါ်တွင်သာ တာဝန်ရှိမည်ဟု ဆိုချင်ပါသည်။

ဒီမိုက‌ရေစီ အ‌ပြောင်းအလဲအတွက် ‌တောင်အာဖရိကနိုင်ငံမှ သင်ခန်းစာ (၅)ရပ်
‌တောင်အာဖရိက သမ္မတ‌ဟောင်း အက်ဖ်ဒဗလျူကလပ်(ခ်)၏ ၂၀၁၂ခုနှစ်၊ မတ်လ (၅)ရက်‌နေ့ ဝါရှင်တန်တွင် ‌ပြောကြား‌သော မိန့်ခွန်းမှ ‌ကောက်နှုတ်ချက်
ငြိမ်းချမ်း‌ရေးအတွက် ကြိုးပမ်း‌နေကြတဲ့ နိုင်ငံ‌တွေ၊ ဆင်းရဲမွဲ‌တေမှုကို တိုက်ဖျက်‌နေကြတဲ့ နိုင်ငံ‌တွေ၊ ဒီမိုက‌ရေစီစနစ်ကို ဦးတည် ချီတက်‌နေကြတဲ့ နိုင်ငံ‌တွေ၊ အ‌ပြောင်းအလဲဖြစ်စဉ်အ‌ပေါ်‌ရောက်‌နေတဲ့ ကျ‌နော်တို့ မြန်မာနိုင်ငံအတွက် အ‌ထောက်အ ကူ ပြုနိုင်လိ်မ့်မယ်လို့ ယူဆရတဲ့ အာဖရိကနိုင်ငံရဲ့ သင်ခန်းစာ (၅)ရပ်ကို တင်ပြ‌ဆွေး‌နွေးလိုပါတယ်။

လမ်းခွဲ အဆက်ပြတ်ပွိုင့် (Departure Point)
(၁) ပထမ သင်ခန်းစာ
အကြမ်းဖက် သံသရာက ‌ဖောက်ထွက်လိုချင်တယ်ဆိုရင် ပိုမိုချမ်းသာကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အုတ်မြစ်‌ကောင်း ‌ကောင်းချချင်တယ်ဆိုရင် ‌ခေတ်‌ဟောင်းစနစ်‌ဟောင်းနဲ့ အဆက်ဖြတ်ရပါလိမ့်မယ်။
အင်အားစု အသီးသီးက ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ အ‌ခြေခံကျတဲ့ အ‌ပြောင်းအလဲတစ်ခု လိုအပ်‌နေပြီလို့ သ‌ဘော‌ပေါက် နားလည်ကြပြီဆိုရင် ဒါဟာ ‌ခေတ်‌ဟောင်း၊ စနစ်‌ဟောင်းနဲ့ အဆက်ဖြတ်နိုင်မယ့် “ပွိုင့်”လို့ ဆို‌လောက်ပါတယ်။
‌ခေတ်‌ဟောင်း စနစ်‌ဟောင်းနဲ့ အဆက်ဖြတ်ဖို့ဆိုရင် အင်အားစုအသီးသီးက ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ အ‌ပြောင်းအလဲ တစ်ခုလုပ်မှ ဖြစ်‌တော့မယ်လို့ သိမှတ်လက်ခံကြဖို့ ဖြစ်တယ်။
‌တောင်အာဖရိကမှာ “အမျိုးသားပါတီ”က လုပ်‌ဖော်ကိုင်ဖက် အားလုံးဟာ ဒီအတိုင်း ဆက်သွားလို့ မဖြစ်‌တော့ဘူး။ ‌ပြောင်းမှဖြစ်‌တော့မယ်ဆိုတာ သ‌ဘော‌ပေါက်ခဲ့ကြပါတယ်။ အစဉ်အလာ ဖြစ်‌နေတဲ့ အသားအ‌ရောင် ခွဲခြားမှုကြီးကို ပို‌ကောင်း ‌အောင်လုပ်ဖို့ အများလက်ခံ‌အောင် လုပ်ဖို့ဆိုတာ ကျ‌နော်တို့ချည်း မဖြစ်နိုင်မှန်း နားလည်ခဲ့ကြလို့ ငါမှငါ “ငါတ‌ကော အစွဲ‌တွေ” ကိုခွာပြီး ရင်းနှီးချစ်ကြည်မှုနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု အမြင်သစ်ကို ဖက်‌ပွေ့ကြိုဆိုနိုင်ခဲ့ကြတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကြုံ‌တွေ့ ရ‌လေ့ရှိတဲ့ က‌သောင်းကနင်း ရုန်းရင်းဆန်ခတ်ထဲ နစ်မသွားရ‌အောင် ဒီလို ဝရုန်းသုန်းကား မတည်ငြိမ်မှု‌တွေက‌နေ အာဏာရှင် စနစ်နဲ့ ငါ့မင်း ငါ့ချင်း စနစ်‌တွေဆီကို ပြန်ထွက်မှားနိုင်တာကိုလည်း အ‌လေးဂရုပြုကြရပါမယ်။
သမ္မတ မင်ဒလာရဲ့ “အာဖရိကန် အမျိုးသားကွန်ဂရက်”(ANC)‌ခေါင်း‌ဆောင်‌တွေကလည်း ‌တော်လှန်‌ရေးစစ်ပွဲနဲ့ အ‌ဖြေ မရနိုင်တာကို သ‌ဘော‌ပေါက်လက်ခံလာပြီး အင်အားသုံး အာဏာရယူ‌ရေးလမ်း‌ကြောင်းကို စွန့်လွှတ်ပြီး ဒီမိုက‌ရေစီနည်းနာ‌တွေ နဲ့ အ‌ဖြေရှာဖို့ ‌ပြောင်းလဲခံယူလာတယ်။ ဒါ‌ကြောင့်မို့ နှစ်ဖက်စလုံး အ‌ခြေခံကျကျ ‌ပြောင်းမှဖြစ်‌တော့မယ့် တစ်ရာ့ရှစ်ဆယ်ဒီဂရီ လမ်း‌ကြောင်းမှ ‌တော်လိမ့်မယ်ဆိုတာကို သ‌ဘော‌ပေါက်လက်ခံလာကြတဲ့ အချက်ကပဲ နှစ်ဖက်စလုံးကို ‌စေ့စပ်ညှိနှိုင်း‌ရေးစားပွဲ ကို ပို့လိုက်တာပဲဖြစ်တယ်။ ဒီအကျိုးဆက်ကပဲ နှစ်ဖက်သ‌ဘောတူနိုင်မယ့် ကြားအ‌ဖြေ(compromise solution) ရခဲ့လို့ နှစ်ဖက် ‌ခေါင်း‌ဆောင်‌တွေကြား အ‌ခြေခံကျကျ ‌ပြောင်းလဲကြဖို့ မလွဲမ‌ရှောင်သာ လိုအပ်‌နေပြီဆိုတာကို သ‌ဘောတူညီကြတာဟာ၊ ‌ခေတ် ‌ဟောင်းစနစ်‌ဟောင်းနဲ့ အပြတ်လမ်းခွဲနိုင်မယ့် ပွိုင့်ကို ‌ရောက်လာတာဟာ ပထမသင်ခန်းစာပဲ။

အကျယ်အပြန့် ညှိနှိုင်း‌ဆွေး‌နွေး (Inclusive Negotiation)
(၂) ဒုတိယသင်ခန်းစာ
မတူတဲ့ အင်အားစုမျိုးစုံ၊ မတူတဲ့ အာဂျင်ဒါ‌တွေ၊ မတူတဲ့ စိုးရိမ်‌ကြောင့်ကြမှု‌တွေ၊ မတူတဲ့ ရည်မှန်းချက်‌တွေ‌ကြောင့် ပဋိ ပက္ခကြီး ဖြစ်လာတာဖြစ်လို့ ဒီအ‌ခြေအ‌နေမျိုးမှာ ကျယ်ပြန့်တဲ့ ‌ဆွေး‌နွေးမှုမျိုးရှိမှသာ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း‌ဆောင်ရွက်နိုင် ‌လေ ‌ရေရှည် ‌အောင်မြင်မှုအတွက် အာမခံချက်ရှိ‌လေဖြစ်လို့ ‌အောင်မြင်မှုအတွက် ဒုတိယ သင်ခန်းစာပဲဖြစ်ပါတယ်။

အ‌ပေးအယူအ‌ခြေခံ (Give and Take Basic)
(၃) တတိယသင်ခန်းစာ
ကျယ်ပြန့်တဲ့ ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေအတွက် ထွက်‌ပေါ်လာတဲ့ သ‌ဘောတူညီချက်‌တွေဟာ တစ်ဖက်မှာ စွန့်လွှတ်‌ပေးရ တာရှိသလို ကျန်တစ်ဖက်မှာလည်း ‌အောင်မြင်မှုနဲ့ စိတ်‌ကျေနပ်စရာ‌တွေ အ‌သေအချာ ရရှိပါတယ်။
ညှိနှိုင်း‌ဆွေး‌နွေးမှုဖြစ်စဉ်‌တွေမှာ “နိုင်သူ၊ ရှုံးသူ”ဆိုတာမျိုးနဲ့ အဆုံးသတ်မသွားဖို့ အ‌ရေးကြီးပါတယ်။ ဘယ်သူမှ မရှုံး‌စေဘဲ အားလုံး အနိုင်ရကြဖို့ဖြစ်တယ်။ ‌တောင်အာဖရိကမှာ နှစ်ဖက်လုံး နာကျင်ပင်ပမ်းခဲ့ရတဲ့ လိုက်‌လျောမှု‌တွေရှိသလို စိတ်‌ကျေနပ် စရာ‌ကောင်းတဲ့ ‌အောင်မြင်မှု‌တွေလည်း ရခဲ့ပါတယ်။
ညှိနှိုင်း‌ဆွေး‌နွေးမှုတိုင်း အ‌ပေးအယူ‌ပေါ် အ‌ခြေခံပြီး နှစ်ဖက်လိုက်‌လျောမှု‌တွေနဲ့ ညှိနှိုင်း‌ဆွေး‌နွေးကြမယ်ဆိုရင် နှစ်ဖက် စလုံးအတွက် ‌ကျေနပ်စရာအ‌ဖြေ‌တွေ ‌ပေါ်လာတယ်ဆိုတာ လက်‌တွေ့‌အောင်မြင်ခဲ့တဲ့ တတိယ သင်ခန်းစာဖြစ်ပါတယ်။

ညီညွှတ်မှုနဲ့ ကွဲလွဲမှု (Unity and Diversity)
(၄) စတုတ္ထသင်ခန်းစာ
ဒီ‌နေ့ကမ္ဘာမှာ ဖြစ်‌နေတဲ့ အကြမ်းဖက်ပဋိပက္ခ (၂၅)ခုမှာ တိုင်းပြည်တစ်ခုနဲ့တစ်ခုကြား ဖြစ်‌နေတာဟာ (၂)ခုပဲဖြစ်ပြီး ကျန်တဲ့ (၂၃)ခုဟာ ကိုယ့်အမျိုးသားအချင်းချင်း တိုက်ခိုက်‌နေကြတဲ့ ပြည်တွင်းစစ်‌တွေပဲ ဖြစ်‌နေပါတယ်။
တစ်ပြည်ထဲသား ညီ‌နောင်သားချင်းဖြစ်တာမို့ စည်းလုံးညီညွတ်မှု မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီစုစည်းညီညွတ်မှု‌ဘောင်ထဲမှာ အင်အားစုအသီးသီးရဲ့ပ‌ဒေသာစုံဖြစ်မှုကိုလည်း မှန်မှန်ကန်ကန် ‌နေရာ‌ပေးဖို့ ဖြစ်တဲ့အတွက် ပ‌ဒေသာစုံမှုကို စီမံခန့်ခွဲကြဖို့ ဖြစ်ပါ တယ်။ ပ‌ဒေသာစုံမှုကို တစ်ခုလုံး သ‌ဘော‌ဆောင်တဲ့ ညီညွတ်မှုဗိမာန်‌တော်ကြီး အဓွန့်ရှည်တည်တံ့ဖို့ အုတ်မြစ်ချရပါမယ်။ လူနည်းစု‌တွေကို တစ်ခုလုံးရဲ့ အ‌ရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြု လက်ခံရမယ်။ လူနည်းစု‌တွေအ‌နေနဲ့ သူတို့ ကိုယ်သူတို့ ဖယ်ထုတ်ခံရတဲ့ လူနည်းစုလို့ မမြင်မိ၊ မခံစားမိ‌အောင် အထူး ဂရုစိုက်ဖို့ လိုပါတယ်။
သ‌ဘောထားကွဲလွဲမှု‌တွေနဲ့ ညီညွတ်မှုကို ချိန်ခွင်လျှာ မျှနိုင်တဲ့အတွက် တည်ငြိမ်ခိုင်မာတဲ့ ငြိမ်းချမ်း‌ရေးကို အ‌သေအ ချာ တည်‌ဆောက်နိုင်တာဟာ စတုတ္ထသင်ခန်းစာ ဖြစ်ပါတယ်။

သင်ပုန်း‌ချေ (Forgive Mistake)
(၅) ပဉ်စမသင်ခန်းစာ
နိုင်ငံ‌တော်‌တော်များများ ပဋ္ဋိပက္ခသံသရာထဲက မ‌ဖောက်ထွက်နိုင်ရတာဟာ နိုင်ငံ‌ရေးရာဇဝတ်မှု‌တွေနဲ့ ဆက်စပ်‌နေပါ တယ်။ ဒီကိစ္စအ‌ပေါ် မှန်မှန်ကန်ကန် သ‌ဘောမထားနိုင်ရင် အ‌ပြောင်းအလဲအတွက် ခလုတ်ကန်သင်း ဖြစ်တတ်တယ်။ အထူးသ ဖြင့် ပဋ္ဋိပက္ခကြီး‌တွေကို တာဝန်ယူခဲ့တဲ့သူ‌တွေဘက်က စိုးရိမ်ပူပန်မှု‌တွေ အမှန်တကယ် သဘာဝကျစွာရှိ‌နေနိုင်ပါတယ်။ “ငါတို့ အာဏာစွန့်လိုက်ရင် ‌ထောင်ထဲ‌ရောက်သွားမလား” “လက်တုံ့ပြန် ဒဏ်ခတ်ကြမလား” စတဲ့ စိုးရိမ်မကင်းမှု‌တွေ ဖြစ်ပါတယ်။ ဇင်ဘာ‌ဘွေက ဗိုလ်ချုပ်ကြီး‌တွေ သမ္မတမူဂါဘီဘက် အပြတ်ရပ်တည်ခဲ့ကြတာ ဒီ‌ကြောင့်ကြစိတ်‌တွေနဲ့ ဆိုင်ပါတယ်။ နိုင်ငံ‌တော် ‌တော်များများမှာ ဒါမျိုး‌တွေ ‌တွေ့ရမှာ ဖြစ်ပါတယ်။
‌တောင်အာဖရိကရဲ့ အ‌တွေ့အကြုံအရဆိုရင် အ‌ကောင်းဆုံးနည်းဟာ “သင်ပုန်း‌ချေ”လိုက်ကြဖို့ဖြစ်တယ်။ ဥပ‌ဒေ ‌ကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးဖို့ ဖြစ်တယ်။ ကလဲ့စားမ‌ချေဘဲ သင်ပုန်း‌ချေခြင်းသာ တည်ငြိမ်တဲ့အ‌ပြောင်းအလဲအတွက် မှန်ကန်တဲ့ ‌ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

လှိုင်းများ (Waves)
ဒီမိုက‌ရေစီစနစ်သို့ အ‌ရွေ့ကို ဟားဗတ်တက္ကသိုလ် ဆင်မြူရယ်ဟန်တင်ကန်က လှိုင်းများပုံစံဖြင့် တင်ပြထားသည်။ ၁၈၂၈မှ ၁၉၂၆ကို ပထမလှိုင်းရှည်၊ ၁၉၂၂မှ ၁၉၄၂ကို ပထမ‌နောက်ပြန်လှိုင်း၊ ၁၉၄၃မှ ၁၉၆၂ ဒီမိုကရက်တစ် ဒုတိယလှိုင်းတို၊ ၁၉၅၈မှ ၁၉၇၅ကို ဒုတိယ‌နောက်ပြန်လှိုင်းနှင့် ဒီမိုကရက်တိုင်‌ဇေးရှင်း၊ တတိယလှိုင်းကိုမူ ၁၉၇၄ ‌နောက်ပိုင်းဟူ၍ ပိုင်းခြား‌ဖော်ပြ ထားသည်။
အထူးသဖြင့် ဒီမိုကရက်တိုင်‌ဇေးရှင်း တတိယလှိုင်း၏ သဘာဝကို အထွတ်အထိပ်ကာလပုံစံ ၁၉၉ဝ ဝန်းကျင်နှင့် တတိယလှိုင်း သဘာဝ‌နှောင်းပိုင်း ကာလပုံစံဟူ၍ ခွဲခြား‌ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၁၉၄၃မှ ၁၉၆၂က ဒုတိယလှိုင်းတိုတွင် ပါဝင်ခဲ့ပါသည်။ လွတ်လပ်‌ရေးရပြီးစ ၁၉၄၈မှ ၁၉၆၂အတွင်း ဖြစ်ပါတယ်။ ယင်း‌နောက် ၁၉၆၂ခုနှစ်၊ တပ်မ‌တော်က အာဏာသိမ်းလိုက်ရာ (၁၉၆၂-၂၀၁၀)ထိ ဒုတိယ‌နောက်ပြန်လှိုင်းထဲ ပါဝင်သွားခဲ့ရပြန်ပါတယ်။ တဖန် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တိုင်‌ဇေးရှင်း တတိယလှိုင်းတွင် ၂၀၁ဝမှ စတင် ပါဝင်လာခဲ့ရာ ယ‌နေ့ထိပင် ဖြစ်သည်။

‌နောက်ပြန်လှိုင်းထိနိုင်‌သော အ‌ခြေအ‌နေ (၅)ရပ်
(၁) စီးပွား‌ရေးဖွံ့ဖြိုးမှုအဆင့် နိမ့်ပါးလွန်းခြင်း။
(၂) နိုင်ငံ၏ဓနမှာ တစ်ခုတည်း‌သော အရင်းအမြစ်‌ပေါ်တွင်သာ အမှီပြု‌နေရခြင်း။
(၃) အမှတ်အသား သရုပ်ဆိုင်ရာ အကွဲအပြားများခြင်း (Identity Base)
(၄) ဗဟုဝါဒ အ‌တွေ့အကြုံ ရှားပါးခြင်း။
(၅) ဒီမိုကရက်တစ်မဟုတ်‌သော အိမ်နီးချင်းများ ရှိ‌နေခြင်း။ အထူးသဖြင့် ဒီမိုကရက်တစ်မဟုတ်‌သော စူပါ ပါဝါ ဩဇာစက်ဝန်း အတွင်းတွင် ရှိ‌နေခြင်းတို့ဖြစ်သည်။

တတိယလှိုင်းအထွတ်အထိပ်ကာလကို အုပ်စု သုံးစုခွဲ၍ ‌ဖော်ပြရာတွင်
ပထမအုပ်စု – အ‌ရှေ့အာရှနိုင်ငံများ
လွှတ်‌တော်မရှိသည့်တိုင် ‌ဈေးကွက်နှင့် ပညာအဆင့်အတန်းရှိသည့် နိုင်ငံများဖြစ်သည်။
ဒုတိယအုပ်စု – အ‌ရှေ့ဥ‌ရောပ နိုင်ငံအများစု
လွှတ်‌တော်မရှိ၊ ‌ဈေးကွက်မရှိ၊ သို့တ‌စေ ပညာအဆင့်အတန်းရှိသည့် နိုင်ငံများဖြစ်သည်။
တတိယအုပ်စု – (…………)
လွှတ်‌တော်‌ရော ‌ဈေးကွက်ပါမရှိသည့်အပြင် ပညာ‌ရေးပါ‌နောက်ကျကျန်ရစ်‌သော နိုင်ငံများဖြစ်သည်။

အ‌ပြောင်းအလဲပုံစံများ
ပထမလှိုင်းတွင် ဒီမိုက‌ရေစီနိုင်ငံအဖြစ် ‌ပြောင်းလဲလာကြ‌သော နိုင်ငံများသည် တင်ကူးအ‌ခြေအ‌နေ (၃)ရပ်ကို အ‌ခြေခံ ၍ ‌ပြောင်းလဲသွားကြခြင်းဖြစ်သည်။ တင်ကူးအ‌ခြေအ‌နေ (၃)ရပ်မှာ
(က) စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှု
(ခ) အမှီအခိုကင်းသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အား‌ကောင်းမှု
(ဂ) ဒီမိုကရက်တစ်နိုင်ငံ‌ရေး ဓ‌လေ့အ‌ခြေခံ‌ကောင်းများ ရှိခြင်းတို့ဖြစ်ပါသည်။
ပထမလှိုင်းတွင် ဒီမိုက‌ရေစီသို့ ‌ပြောင်းလဲသွား‌သောနိုင်ငံများမှာ အ‌မေရိကနှင့် အ‌နောက်ဥ‌ရောပနိုင်ငံများဖြစ်ကြပြီး အ‌ရှေ့အာရှနိုင်ငံများနှင့် အ‌ရှေ့ ဥ‌ရောပနိုင်ငံအများစုသည် ဒီမိုကရက်တိုင်‌ဇေးရှင်း အထွတ်အထိပ်ကာလ (၁၉၉၀)ဝန်းကျင်အ တွင်း ‌ပြောင်းလဲသွားကြ‌သောနိုင်ငံများဖြစ်ကြသည်။ ထို့အ‌ပြောင်းအလဲပုံစံကို ပါ‌မောက္ခရှစ်မစ်တာက “ပဋ္ဋိညာဉ်အ‌ပြောင်းအလဲ” ဟု ဝိဂြိုလ်ပြုပါသည်။
ထိုနိုင်ငံများ၏ ဒီမိုကရက်တိုင်‌ဇေးရှင်းကို လူထုအုံကြွမှုဖြင့် လမ်း‌ပေါ်က စသည့်တိုင် လမ်း‌ပေါ်တွင် အဆုံးသတ်ခဲ့သည် မဟုတ်။ တည်ဆဲပါတီအီလစ်များ လူထုလှုပ်ရှားမှုမှ ထွက်‌ပေါ်လာ‌သော နိုင်ငံ‌ရေးအီလစ်တို့ စားပွဲဝိုင်းတွင် ဆုံဖြစ်ကြသည့် လမ်း ‌ပေါ်နိုင်ငံ‌ရေးကို စားပွဲဝိုင်းနိုင်ငံ‌ရေး(Table Politics)သို့ လှည့်‌ပြောင်းနိုင်ခဲ့ပြီး အဆိုပါ စားပွဲဝိုင်းညှိနှိုင်း‌ဆွေး‌နွေးမှုမှပင် နှစ်ဖက် သ‌ဘောတူညီ‌သော ပဋ္ဋိညာဉ်တစ်ခုချမှတ်ပြီး အ‌ပြောင်းအလဲကို ပုံ‌ဖော်ယူခဲ့ကြခြင်းဖြစ်သည့်အတွက် “အထက်နှင့် ‌အောက် ပူးတွဲလာ‌သော အ‌ပြောင်းအလဲ” (Transformation from above and below)ဟု ဆိုပါသည်။ အ‌ရှေ့ဥ‌ရောပတွင် အများဆုံး ဖြစ်ခဲ့၍ ဥ‌ရောပပုံစံဟုလည်း ‌ခေါ်ကြသည်။
ထွန်းသစ်စ ဒီမိုက‌ရေစီနိုင်ငံများ၏ အ‌ရေးနိမ့်မှုသုံးရပ်ကို မီးခိုး‌ရောင်ဇုန်၏ လက္ခဏာများဖြင့် ‌ထောက်ပြကြသည်။
(က) ခိုင်မာ‌သော ဒီမိုကရက်စ်အင်စတီကျုးရှင်းများ မတည်‌ဆောက်နိုင်ခြင်း (Fail to Provide strong democratic institutions)
(ခ) စီးပွား‌ရေးတိုးတက်ဖွံ့ဖြိုး‌အောင် ဖန်တီးမ‌ပေးနိုင်ခြင်း (Fail to Provide economic development)
(ဂ) ဒီမိုက‌ရေစီ၏ အနိမ့်ဆုံးအ‌နေအထားကို ‌ဆောင်ကြဉ်းမ‌ပေးနိုင်ခြင်း (Fail to Provide the Minimal conditions of democracy)တို့ ဖြစ်ပါသည်။
တတိယလှိုင်း‌နောက်ပိုင်းကာလမှာပင် ထွက်‌ပေါ်လာနိုင်‌သော အ‌ပြောင်းအလဲပုံစံတစ်ရပ်ကို ပါ‌မောက္ခရှမစ်တာက “သတ်မှတ်ပြဌာန်းပြီး အ‌ပြောင်းအလဲ” (Imposed Transition)ဟု ဝိဂြိုလ်ပြုပါသည်။
‌ခေတ်‌ရေစီးကို နားလည်ဆင်ခြင်မိ‌သော တည်ဆဲပါတီ အီလစ်များကိုယ်တိုင်က အ‌ပြောင်းအလဲ စတင်လို‌သော်လည်း သတိကြီးစွာဖြင့် လုံခြုံစိတ်ချရသည့် အ‌ခြေအ‌နေတစ်ခုမှ (မိမိစိတ်ကြိုက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲပြဌာန်းခြင်းမျိုး)ကို သတ် မှတ်ပြီး အ‌ပြောင်းအလဲကို ‌ဖော်ယူသည်ဖြစ်၍ “သတ်မှတ်ပြဌာန်ပြီး အ‌ပြောင်းအလဲ” (Imposed Transition) ဖြစ်သည်ဟု ဆိုပါ သည်။

သတ်မှတ်ပြဌာန်းပြီး အ‌ပြောင်းအလဲကို ‌ယေဘုယျအားဖြင့် ‌အောက်ပါအတိုင်း အဆင့်သုံးဆင့် ‌ဖော်ပြပါသည်။
(က) ‌ဖြေ‌လျှော့‌ရေးအဆင့် (Liberalization)
(ခ) ကူး‌ပြောင်း‌ရေးအဆင့် (Transition)
(ဂ) ခိုင်မာ‌ရေးအဆင့် (Consolidation)
ပထမ ‌ဖြေ‌လျှော့‌ရေးအဆင့်မှာ ကြမ်းရှ‌သော ‌အော်တိုက‌ရေစီ(Autocracy) မှ တစ်စုံတစ်ရာ ‌ပျော့‌ပြောင်း‌သော ‌အော်တို က‌ရေစီသို့ ‌ရွေ့လာ‌သောအဆင့်ဖြစ်သည်။ တစ်ဘရိတ်တည်း ‌ဖြေ‌လျှော့လိမ့်မည်ကားမဟုတ်။ လွတ်လပ်‌သော အရပ်ဖက်အဖွဲ့ အစည်းများ လှုပ်ရှားခွင့်ကို အတိုင်းအတာတစ်ခုအထိ‌ပေးလာခြင်း၊ အတိုက်အခံ နိုင်ငံ‌ရေးပါတီ‌တွေကိုလည်း တည်‌ထောင်ပြီး ပါလီမန်ထဲတွင် ကိုယ်စားပြုခွင့်‌ပေးခြင်း၊ စီးပွား‌ရေး အစိတ်အပိုင်း ‌တော်‌တော်များများကို ပြုပြင်‌ပြောင်းလဲမှုများ ‌ပေးလာခြင်း၊ မီဒီ ယာ လွတ်လပ်ခွင့်ကို ပို‌ပေးလာခြင်းတို့ဖြစ်ရာ သရုပ်ခွဲစီစစ်သူများ၏ လက္ခဏာသတ်မှတ်ချက်အရ “ခံစစ်သ‌ဘော‌ဆောင်တဲ့ ‌ဖြေ ‌လျှော့မှု(Defensive liberalization)” ဖြစ်သည်ဟု ဆိုပါသည်။
ဒုတိယကူး‌ပြောင်း‌ရေးအဆင့်မှာ ဒီမိုက‌ရေစီအမြစ်တွယ် ရှင်သန်‌ရေးအတွက် အ‌ပြောင်းအလဲများ တည်ငြိမ်စွာ ‌ရှေ့ ဆက်နိုင်ရန် “အင်စတီကျုးရှင်းများ တည်‌ဆောက်ရသည့်အဆင့်” (Institutionalization) ဖြစ်သည်။ အရှည်ကြာဆုံးနှင့် အသိမ် ‌မွေ့ဆုံးအဆင့်ဖြစ်ရန် မတူ‌သော အင်အားစုများအကြား ထိထိ‌ရောက်‌ရောက် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်စွမ်းရှိမှသာ ‌အောင်မြင်နိုင်ပါ မည်။ ထိုဒုတိယအဆင့်မှာ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး ဒီမိုက‌ရေစီနိုင်ငံ‌ရေးစနစ်ဘက်သို့ လှည့်‌ပြောင်းလာနိုင်‌စေရန် အ‌ခြေခံ ‌ကောင်းများ တည်‌ဆောက်ရသည့်အဆင့်လည်း ဖြစ်ပါသည်။
တတိယ ခိုင်မာ‌သောအဆင့်(Consolidation)မှာ ရရှိပြီး‌သော ဒီမိုကရက်တစ်အ‌နေအထား တစ်နည်းအားဖြင့် တည် ‌ဆောက်ပြီး ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ လက်‌တွေ့အသက်ဝင်လာ‌စေရန် ဆက်လက်ကြိုးပမ်းရမည့်အဆင့် အထူးသ ဖြင့် အင်စတီကျူးရှင်းဆိုင်ရာ ကျင့်ထုံးများနှင့်အညီ ပြုမှု‌ဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်များ ထွန်းကားလာ‌စေပြီး “စံကိုက် မီ ဒီမိုက‌ရေစီ” “‌လောကပါလစံနှုန်းများ”အထိ အ‌သေအချာ ဦးတည်ရန်ဖြစ်သည်။
အထက်ပါ အဆင့်များမှာလည်း အစဉ်အလိုက် မျဉ်းတန်းသ‌ဘော အ‌ဖြောင့်သွားလိမ့်မည်မဟုတ်။ အချိန်မ‌ရွေး ‌နောက် ပြန်လှည့်နိုင်‌ကြောင်း “ပါ‌မောက္ခ ရှမစ်တာ”က သတိ‌ပေး ‌ဖော်ပြထားသည်။
တတိယလှိုင်းအတွင်း နိုင်ငံ‌ပေါင်း (၃၀)‌ကျော်မျှ ဒီမိုကရက်တိုက်‌ဇေးရှင်း ဖြစ်စဉ်သို့ ဦးတည်ခဲ့ကြ‌သော်လည်း နိုင်ငံအချို့ လမ်းခု လတ်မှာပင် ‌နောက်ပြန်လှည့်သွားခဲ့ကြသည်။ ‌အောင်မြင်သည်ဆို‌သော နိုင်ငံများ၏ ဒီမိုက‌ရေစီသက်တမ်းမှာလည်း ပျမ်းမျှ ၈နှစ် ခန့်သာ ကြာသည်။ နိုင်ငံ‌တော်‌တော်များများအ‌နေနှင့် ဒီမိုက‌ရေစီစက်ဝိုင်းထဲသို့ သူ့အတိုင်းအတာနှင့်သူ ‌ရောက်ရှိသွားကြသည်။

ဒီမိုကရက်တိုင်‌ဇေးရှင်း တတိယလှိုင်း
ဝိ‌သေသလက္ခဏာ (၅)ရပ်
(၁) ဒီမိုကရက်တိုင်‌ဇေးရှင်း ဖြစ်စဉ်ကို ဖြတ်သန်းရင်း ပထမလှိုင်းတင်ကူးအ‌ခြေအ‌နေ (၃)ရပ်ကို တဖြည်းဖြည်း ပုံ‌ဖော်ယူရမည့် သ‌ဘောရှိသည်။
(၂) ကူး‌ပြောင်း‌ရေးကာလ (Transition)ကို အဆင့်ဆင့် ဖြတ်သန်းသွားရမည့်သ‌ဘော ရှိသည်။
(၃) အ‌ဟောင်းကို အပြီးတိုင် ဖယ်ရှားသည့် ရီ‌ဗော်လူးရှင်း (Revolution)သ‌ဘောထက် အ‌ဟောင်းနှင့်အသစ် လက်တွဲပြီး အဆင့်ဆင့် ကူး‌ပြောင်းကြရမည့် အီ‌ဗော်လူးရှင်း(Evolution)သ‌ဘော ‌ဆောင်ပါမည်။
(၄) ‌ရှော့ခ်ရိုက်ကုထုံး (Shock Therapy)နှင့် သွား၍မရပါ။ ‌ရှော့ခ်ဒဏ်မခံနိုင်လျှင် ‌ရောဂါမ‌ပျောက်ဘဲ လူနာအသက်‌ပျောက်နိုင် သည်။ တဖြည်းဖြည်း တစ်ဆင့်ချင်း (Gradual) ကုထုံးကသာ ပို၍ အလုပ်ဖြစ်သည်။
(၅) “အရင်းအမြစ်က စ‌ပြောင်းလဲလိုသည့် ရက်ဒီကယ် တိမ်းညွတ်မှု အန္တရာယ်”ကို အထူးသတိပြုရမည်။ အရင်လိုလွန်းပါက အ‌နှေး‌တွေ့နိုင်ရုံမက ‌နောက်ပြန် လှည့်ပြန်သွားနိုင်သည်။ ထိုဝိ‌သေသလက္ခဏာ (၅)ရပ်မှာ ပကတိအရှိ၏ ပြဌာန်းချက်ဖြစ်သည်။

‌တောင်ကိုရီးယားနိုင်ငံ‌ရေး
‌တောင်ကိုရီးယားဗိုလ်ချုပ် ပတ်ချုံဟီးက (၁၉၆၁)တွင် အာဏာသိမ်းပြီး ဗိုလ်‌နေဝင်းက မြန်မာနိုင်ငံကို (၁၉၆၂)တွင် အာဏာသိမ်းခဲ့သည်။ ထိုအချိန်က ‌တောင်ကိုရီးယားနိုင်ငံသည် တစ်မျိုးသားလုံး၏ ထုတ်လုပ်မှုတန်ဘိုး (၁၉၆၂)တွင် (၂.၃) ဘီလီယံရှိရာမှ (၁၉၈၇)တွင် ၁၁၉ဘီလီယံ တိုးတက်ခဲ့ရာ ကမ္ဘာ့စီးပွား‌ရေးဇာတ်ခုံတွင် ‌တောင်ကိုရီးယားနိုင်ငံသည် တက်‌ရောက် ‌နေရာယူနိုင်ခဲ့သည်။
(၁၉၆၀)တွင် ‌တောင်ကိုရီးယားလူမျိုးတစ်ဦး တစ်နှစ်ဝင်‌ငွေ အ‌မေရိကန်‌ငွေ ၈၇‌ဒေါ်လာရှိခဲ့ရာမှ (၁၉၈၃)တွင် ၁,၈၈၄‌ဒေါ်လာ ရှိလာပြီး အနှစ် ၂ဝအတွင်း အဆ ၂၀‌ကျော် မြင့်မားသွားခဲ့သည်။ ( ၁၉၉၁) သို့‌ရောက်‌သောအခါ ‌တောင်ကိုရီးယားလူ‌နေမှုအ ဆင့်အတန်းသည် အဆ ၁၀၀‌ကျော် တိုးတက်သွားသည်။

ထိုသို့တိုးတက်လာမှုသည် (၁၉၆၁)အာဏာသိမ်း ဗိုလ်ချုပ်ပတ်ချုံဟီး၏
(၁) စိတ်ရှည်မှု
(၂) အ‌မြော်အမြင်ကြီးမှု
(၃) ပညာတတ်များကို‌နေရာ‌ပေးမှု၊ ‌နေရာမှန် လူမှန်ထားတတ်မှုအ‌ပေါ်တွင် အ‌ခြေခံ၍ ပထမ ငါးနှစ်စီမံကိန်း ‌အောင်မြင်ခဲ့သည့် အကျိုးတရားများ ဖြစ်‌စေခဲ့သည့်သာမက ထိုအ‌ကြောင်းတရားတို့သည် ‌တောင်ကိုရီးယားနိုင်ငံ အံ့မခန်း တိုးတက်မှုကိုလည်း ဖြစ် ‌စေခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ထူ‌ထောင်ရာတွင် စိတ်မရှည်ဘဲ ‌ဒေါသဖြစ်‌နေရုံ၊ အ‌မြော်အမြင်မထားဘဲ စိတ်ထင်ရာလုပ်‌နေရုံ၊ ပညာ တတ် ပညာရှင်များကို ‌နေရာမ‌ပေးဘဲ မိမိအသိုင်းအဝိုင်းသာ ‌နေရာယူရုံဖြင့် တိုင်းနိုင်ငံတို့သည့် မတိုးတက်နိုင်ပါ။

ဂုဏ်သိက္ခာ ရှာပုံ‌တော်
အာရပ်အုံကြွမှုနှင့် ရုရှား၏ (၁၉၉၁) ဒီမိုကရက်တစ်‌တော်လှန်‌ရေးတို့မှာ ‌သော့ချက်ကျသည့် တူညီမှုတစ်ခုရှိသည်ဟု ရုရှားသမိုင်းဆရာ လီယွန်အာရန်က မှတ်ချက်ပြုခဲ့သည်။ ထိုအ‌ရေးအခင်း နှစ်ခုစလုံးသည် လွတ်လပ်မှုနှင့်ဆိုင်သည် မဟုတ်ပါ။ ‌ပြောရမည်ဆိုလျှင် “ဂုဏ်သိက္ခာ”ကိစ္စပင် ဖြစ်သည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုသည့် နိုင်ငံသားတစ်‌ယောက်ကဲ့သို့ အ‌လေး ထား ဆက်ဆံခံလိုသည့် လူထု၏ နက်ရှိုင်းသည့်ဆန္ဒများက ‌ပေါ်ထွက်လာခြင်းဖြစ်သည်။
နိုင်ငံသားအခွင့်အ‌ရေးနှင့် တာဝန်များဆိုသည်မှာ လူတစ်စု၏ စိတ်ထင်သလို ‌ပေးချင်တိုင်း‌ပေး ယူချင်တိုင်းယူရန် မရပါ ‌ချေ။ ‌တော်လှန်‌ရေးကို ဘယ်အရာက ‌ဆောင်ကြဉ်း‌ပေးလိုက်ပါသနည်း။ GDP အတက်အကျ မဟုတ်သည်မှာ ‌သေချာသည်ဟု အာရန်က ‌ပြောသည်။ “ဂုဏ်သိက္ခာ ရှာပုံ‌တော်”ဟု သူက အ‌ဖြေ‌ပေးပါသည်။ ကျ‌နော်တို့သည် လူအများ၏ GDP ရှာပုံ‌တော်ကို ပုံကြီးချဲ့‌လေ့ရှိကြသည့် “ဂုဏ်သိက္ခာ ရှာပုံ‌တော်ကိုဖြင့် ‌လျှော့တွက်တာ များသည်။ တူနီးရှား‌တော်လှန်‌ရေးကိုကြည့်လျှင် “‌ပေါင် မုန့်ထက် ဂုဏ်သိက္ခာကိုအရင်‌ပေးပါ”ဟု ‌တောင်းဆိုကြသည်။ အာရန်၏ အဆိုအရမူ ဖျူးစ်ကြိုးကို မီးကူး‌စေသည့် မီးပွားသည် “ဂုဏ်သိက္ခာ ရှာပုံ‌တော်”သည်သာ အမြဲ ဖြစ်‌လေ့ဖြစ်ထရှိသည်ဟု ဆိုသည်။ ယ‌နေ့‌ခေတ် နည်းပညာ(Technology)ကလည်း မီး‌လောင်ပြီဆိုလျှင် ငြိမ်းသတ်ရန် ခက်ခဲလှ‌ပေသည်။ ၎င်းမှာ ကျ‌နော်တို့ အ‌လေးထား စဉ်းစားရမည့်ကိစ္စ ဖြစ်ပါသည်။
သို့ပါ၍ ကမ္ဘာ ဒီမိုက‌ရေစီ အဝန်းအဝိုင်းသို့ ဝင်‌ရောက်စပြု‌နေပြီဖြစ်‌သော မြန်မာနိုင်ငံသည်လည်း ‌ရွေး‌ကောက်ပွဲ ဒီမိုက ‌ရေစီမှ လစ်ဘရယ် ဒီမိုက‌ရေစီသို့ ဦးတည်‌ရှေးရှုရမည်ဖြစ်ရာ ဒီမိုက‌ရေစီသို့ ‌ရွေ့ပါနိုင်သည့် လှိုင်းကိုစီးပြီး သွားနိုင်သကဲ့သို့ ဒီမို က‌ရေစီ ‌နောက်ပြန်လှိုင်းရိုက်မည့် အန္တရာယ်ကိုလည်း သတိထား‌ရှောင်ကျဉ်ရမည်ဖြစ်သည်။ အထူးသဖြင့် ဒီမိုက‌ရေစီနုနု၊ အညွှန့်အဖူးထွက်စို့လာသည့်ကာလတွင် အစွန်း‌ရောက်အမျိုးသား‌ရေး၊ ဘာသာ‌ရေး အန္တရာယ်မုန်တိုင်းမတိုက်ခတ်မိ‌အောင် အားလုံး သတိကြပ်ကြပ်‌ဆောင်ရန် ဒီမိုက‌ရေစီဖြစ်စဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရက်တိုင်‌ဇေးရှင်းကို ဖတ်ရှုကာ ‌ဆောင်ရန်‌ရှောင်ရန် တို့ကို သိမြင်ထားမှသာလျှင် မြန်မာဒီမိုက‌ရေစီ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါသည်။

မှတ်ချက်။ ။ ကရက်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်း‌ရွှေ ရှာ‌ဖွေ စုစည်း‌ကောက်နုတ်တင်ပြထားသည်များကို စုစည်း‌ဖော်ပြထား ပါသည်။

အညွှန်းနိဒါန်း
ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်း‌ရွှေသည် စာ‌ပေ‌ရေးရာတွင် ဖတ်အားမှတ်အား အလွန်‌ကောင်းသူဖြစ်သည့်အပြင် နိုင်ငံ‌ရေး နှင့်ပတ်သက်၍ ကိုယ်ပိုင်အ‌တွေ့အကြုံ များလှသူဖြစ်သည်။
လွတ်လပ်‌ရေးမတိုင်ခင်‌ခေတ် လွတ်လပ်‌ရေးရပြီး ပါလီမန်ဒီမိုက‌ရေစီ‌ခေတ်၊ ၁၉၆၂ခုနှစ် ဦး‌နေဝင်း အာဏာသိမ်းပြီး မြန် မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ‌ခေတ်၊ နဝတ နအဖ‌ခေတ်မှ ယ‌နေ့ ‌ရွေး‌ကောက်ပွဲ ဒီမိုက‌ရေစီ‌ခေတ်တိုင်‌အောင် ဖြတ်သန်းလာခဲ့ ‌သော သူ၏အ‌တွေ့အကြုံသည် အလွန်တရာမှ တန်ဖိုးကြီးလှပါသည်။
သူ့ဖြတ်သန်းမှု ခရီးစဉ်အတွင်း ‌ရေးသားပြုစု ‌ကောက်နုတ်ခဲ့‌သော စာအုပ်စာတမ်းများလည်း မနည်းလှပါ။ စာ‌ပေ‌ဟော ‌ပြောပွဲ၊ လက်ဖက်ရည်ကြမ်းဝိုင်းနှင့် သူ၏အိမ်သို့‌ရောက်တိုင်း သူ‌ဟော‌ပြောသည့် နိုင်ငံ‌ရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ သုံးသပ် ချက်များ ‌ဝေဖန်ချက်များကို အသံဖမ်း၍ ‌ခေါင်းစဉ်တပ်ကာ သူ့အပိုင်း သူ့ကဏ္ဍအလိုက်ခွဲကာ ‌ဆောင်းပါးစဉ်များကို စုစည်း၍ ‌ကေအိုင်စီ ပရိဿတ်များကို ‌ဝေငှလိုပါသည်။
စာဖတ်သူများ သမိုင်းဆိုင်ရာ၊ နိုင်ငံ‌ရေးဆိုင်ရာ ဗဟုသုတများ ရရှိတိုးပွားနိုင်လိမ့်မည်ဟု ‌မျှော်လင့်ပါသည်။
‌လေးစားစွာဖြင့်
မန်းမင်းရဲ‌ထွေး