Home သတင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ကရင်ဒုံးအဖွဲ့ သွား‌ရောက်‌ဖျော်‌ဖြေမည်

တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ကရင်ဒုံးအဖွဲ့ သွား‌ရောက်‌ဖျော်‌ဖြေမည်

2862
ကရင်ဒုံးအဖွဲ့ _Photo-Aung Nyein

စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ၁၅ ကြိမ်‌မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (15th China-ASEAN EXPO 2018) သို့ မြန်မာနိုင်ငံ ကိုယ်စားပြုသည့် ကရင်ဒုံးအဖွဲ့မှ ‌ဖျော်‌ဖြေကပြသွားမည်ဖြစ်‌ကြောင်း ဒုံးအဖွဲ့ ‌ခေါင်း ‌ဆောင် ‌စော‌အောင်‌ကျော်ငြိမ်း(ပိုင်ပိုင်)က ယ‌နေ့(စက်တင်ဘာ ၁၁ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

တရုတ်နိုင်ငံ၊ ဟွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်‌နေ့အထိ ပြုလုပ်မည့် အဆိုပါ ကုန်စည်ပြပွဲတွင် ကရင်ယဉ်‌ကျေးမှုဒုံးအဖွဲ့အ‌နေဖြင့် ‌နေ့စဉ် မနက် (၁) ကြိမ်၊ ည (၁) ကြိမ် ကပြ‌ဖျော်‌ဖြေသွား မည်လည်းဖြစ်သည်။

‌စော‌အောင်‌ကျော်ငြိမ်းက ̏ ကျ‌နော်တို့ ကရင် ယဉ်‌ကျေးမှု အဖွဲ့အ‌နေနဲ့လည်း ကရင်တစ်မျိုးသားလုံးအတွက်၊ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အလယ်မှာ အ‌ကောင်းဆုံး ‌ဖျော်‌ဖြေတင်ဆက် ကပြနိုင်ဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသ‌ရွေ့ အ‌ကောင်းဆုံး ကြိုးစား ပြင်ဆင်ထားပါတယ်”ဟု ‌ပြောသည်။

ကုန်စည်ပြပွဲတက်‌ရောက်မည့် မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့တွင် နိုင်ငံ‌တော် ဒုတိယသမ္မတ ဦးမြင့်‌ဆွေ၊ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာ‌ရေးနှင့် လူမှု‌ရေးဝန်ကြီး ဌာန၏ ကရင်ပြည်နယ်ဝန်ကြီး ဦးသန်းနိုင်နှင့် ကရင်ယဉ်‌ကျေးမှုအဖွဲ့ဝင် ၁၃ ဦးတို့ ပါရှိ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကိုယ်စားပြုသည့် ကရင်ယဉ်‌ကျေးမှုဒုံးအဖွဲ့အ‌နေဖြင့် ယခုလို နိုင်ငံခြားတွင် သွား‌ရောက် ကပြ‌ဖျော် ‌ဖြေမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံသို့ လည်း သွား‌ရောက်‌ဖျော်‌ဖြေခဲ့ဖူးသည်။