Home သတင်း တစ်ဆို့‌နေသည့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အလွတ်သ‌ဘော‌တွေ့ဆုံ အ‌ဖြေရှာသွားရန် NCA-s EAO ဆုံးဖြတ်

တစ်ဆို့‌နေသည့်ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အလွတ်သ‌ဘော‌တွေ့ဆုံ အ‌ဖြေရှာသွားရန် NCA-s EAO ဆုံးဖြတ်

2389

စက်တင်ဘာ ၁၂ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

တစ်နိုင်ငံလုံး အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မ‌တော်တို့အကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဆက်သွားနိုင်ရန် တစ်ဆို့‌နေ‌သော အ‌ခြေအ‌နေများအား နှစ်ဖက်ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ အလွတ်သ‌ဘော‌တွေ့ဆုံခြင်းဖြင့် အ‌ဖြေရှာသွားမည်ဟု အပစ်ရပ်အဖွဲ့များ NCA-s EAO ဘက်က ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ရက်မှ ၁၁ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် တတိယအကြိမ်‌မြောက် NCA-s EAO ၏ ထိပ်သီး‌ဆွေး‌နွေးပွဲ၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ၎င်းဆုံးဖြတ်ချက်နှင့်တပ်သက်၍ ညီလာခံ၏ ‌ပြောခွင့်ရ ချင်းအမျိုးသားတပ်ဦး-CNF ဥက္ကဌ ပူးဇင်ကျုံးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီက‌နေ့ အခင်းအကျင်းမှာ ပြည်‌ထောင်စုက‌နေ ခွဲမထွက်ရဘူးဆိုတာကို လက်မခံဘူးဆိုလို့ရှိရင် ခင်ဗျားတို့လိုချင်တဲ့ အ‌ခြေခံမူ ‌တွေ ကိုယ်ပိုင်ပြဌာန်းခွင့်‌တွေ၊ တန်းတူအခွင့်အ‌ရေး‌တွေ ဒါ ရနိုင်မှာ မဟုတ်ဘူး။ အလဲအလှယ်လုပ်ရမယ်ဆိုတဲ့ ကိစ္စ‌ပေါ်လာ ‌တော့ ကျ‌နော်တို့ ‌ရှေ့ဆက်သွားလို့မရတဲ့ အ‌နေအထားဖြစ်သွားတယ်။ ‌နောက် လုံခြုံ‌ရေးပိုင်းဆိုင်ရာမှာလည်းပဲ တစ်ခုတည်း ‌သော တပ်မ‌တော်ကို လက်ခံရမယ်ဆိုတဲ့ တပ်မ‌တော်ဘက်က တင်ပြလာတဲ့အ‌ပေါ်မှာ ‌ဆွေး‌နွေးညှိနှိုင်းလို့မရ‌သေးတဲ့အတွက် ကျ‌နော်တို့ငြိမ်းချမ်း‌ရေးဖြစ်စဉ်က တစ်ဆို့‌နေတယ်။ ဒါ‌ကြောင့် တစ်ဆို့‌နေတဲ့ ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေကို ‌ရှေ့ဆက် သွားလို့ရ‌အောင် နှစ်ဖက်ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌တွေ အလွတ်သ‌ဘော‌တွေ့ဆုံမှုနဲ့ ဝိုင်းဝန်းအ‌ဖြေရှာသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ‌ပြောသည်။

ယင်းအလွတ်သ‌ဘော‌တွေ့ဆုံမှုကို အမြန်ဆုံး အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်း‌တွေအကြား ဆက်လက် ‌ဆွေး‌နွေးဆုံးဖြတ်သွားရန်ရှိသလို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့အစည်းအပြင် လက်မှတ်မ‌ရေးထိုးထားသည့် ကျန်ရှိ‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအကြား ဘုံသ‌ဘောထား များရရှိ‌အောင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းအားလုံးပါဝင်သည့် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်သွားရန် လည်း ညီလာခံက‌နေ ဆုံးဖြတ်ထားသည်ဟုလည်း ပူးဇင်ကျုံးက ဆက်‌ပြောသည်။

နှစ်ဖက်ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင်လည်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ဆက်လက် ကျင်းပနိုင် ‌ရေးကိစ္စ၊ နိုင်ငံ‌ဆွေး‌နွေးမှုတွင် ပြည်‌ထောင်စုမှ ခွဲမထွက်‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူ‌ရေး၊ လူနည်းစု အခွင့်အ ‌ရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများ ချမှတ်နိုင်‌ရေးကိစ္စနှင့် ပြည်‌ထောင်စု တပ်မ‌တော်ဆိုင်ရာကိစ္စများကို ထည့်သွင်း ‌ဆွေး‌နွေးသွားမည်ဟု ညီလာခံအပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ပုံစံများ ရှာ‌ဖွေ‌ရေးကိစ္စ၊ အလုပ်အဖွဲ့များ၊ ‌ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်း‌ခေါင်း ‌ဆောင်များအကြား ဆုံးဖြတ်‌ပေးနိုင်‌ရေးကိစ္စ အပါအဝင် လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကျန်ရှိ‌နေ‌သော တိုင်းရင်းသားလက် နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ကိစ္စများနှင့် အစုအဖွဲ့ များအကြားရှိ‌နေ‌သော ကွာဟချက်များကိုလည်း PPST+2 နှင့် တပ်မ‌တော်၊ အစိုးရ‌ခေါင်း‌ဆောင်များအကြား ဆက်လက် ညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ထိုညီလာခံတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)၏ စုဖွဲ့မှုကို ပြန်လည်သုံးသပ်ခဲ့ပြီး‌နောက် ၎င်းဦး‌ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် အဖွဲ့‌ခေါင်း‌ဆောင်ကို KNU မှ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ ဒု အဖွဲ့‌ခေါင်း‌ဆောင်ကို RCSS မှ ဗိုလ်ချူပ်ကြီး ယွက်ဆစ်နှင့် အဖွဲ့ဝင်များအား ABSDF မှ ရဲ‌ဘော်သံခဲ၊ CNF မှ ပူးဇင်ကျုံး ၊ PNLO မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ DKBA မှ ဗိုလ်ချူပ်ကြီး ‌စောမို‌ရှေး၊ KNU/KNLA-PC မှ ‌ဒေါက်တာ‌နော်က‌ပေါ်ထူး၊ ALP မှ ခိုင်စိုးနိုင်‌အောင်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ -NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး -LDU တို့က ငြိမ်းချမ်း‌ရေး အ‌ကောင်အထည်‌ဖော်ဖက်များ PPST+2 ဖြင့် ပါဝင်သွားမည် ဟု သတင်းထုတ်ပြန်ခဲ့သည်။

‌လေးရက်တာပြုလုပ်ခဲ့သည့် အဆိုပါ အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများ၏ တတိယအကြိမ်‌မြောက် ထိပ်သီးညီလာခံသို့ အပစ်ရပ်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အခြားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ‌လေ့လာသူ အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် (၄၉)ဦး တက်‌ရောက်ခဲ့ကြသည်။

လက်ရှိ NCA-s EAO အဖွဲ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး၊ သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချူပ်-PNLO၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP၊ ဒီမိုုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBA၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်ငြိမ်း ချမ်း‌ရေး‌ကောင်စီ-KNU/KNLA-PC၊ မွန်ပြည်သစ်ပါတီ-NMSPနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDU အဖွဲ့များ ပါဝင်သည်။