Home ဆောင်းပါး တခါတုန်းက ငြိမ်းချမ်း‌ရေးဖြစ်စဉ်

တခါတုန်းက ငြိမ်းချမ်း‌ရေးဖြစ်စဉ်

4942

မန်းထိန်ဝင်းစိန် (စက်တင်ဘာ ၂၅ရက်၊ ၂ဝ၁၈ခုနှစ်)

၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်‌နေ့ အာဏာသိမ်းဗိုလ်ချုပ်ကြီး‌နေဝင်း ‌ခေါင်း‌ဆောင် ‌တော်လှန်‌ရေး‌ကောင်စီသည် ၁၉၆၃ ခုနှစ်၊ ဇွန် ၁၁ ရက်‌နေ့တွင် ‌တောတွင်းလက်နက်ကိုင်အဖွဲ့များအား အသွားအပြန်ခရီး၊ လုံခြုံ‌ရေးနှင့် ‌ဆွေး ‌နွေးပွဲ မ‌အောင်မြင်ပါက သွားလိုရာ‌ဒေသအထိ ပြန်ပို့‌ပေးရန်အပြင် (၃)ရက်အတွင်း ဖမ်းဆီး တိုက်ခိုက်ခြင်း မပြု ရန်ကတိဖြင့် ငြိမ်းချမ်း‌ရေး စကားကမ်းလှမ်းချက်ကို ကမ္ဘာသိ ‌ကြေငြာခဲ့သည်။

၁-၁၀-၁၉၅၆ ‌နေ့စွဲပါ ပြည်ထဲ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆု‌တော်‌ငွေ‌ကြေငြာချက် (၁)နှင့် ၂၃-၅-၁၉ ၆၁ ‌နေ့စွဲပါ ပြည်ထဲ‌ရေးဌာန ဘဏ္ဍာ‌ရေးညွှန်ကြားလွှာအမှတ်(၂)အပြင် လွတ်ငြိမ်းချမ်းသားခွင့် အမိန့်များကို ပြည်တွင်းငြိမ်းချမ်း‌ရေး ပြန်လည်တည်‌ဆောက်ရာတွင် အဟန့်အတားဖြစ်‌စေသည်ဟု ယူဆပြီး ရုပ်သိမ်း‌ပေးခဲ့ သည်။

ဥပ‌ဒေတွင်း ဥပ‌ဒေပြင်ပ နိုင်ငံ‌ရေးအဖွဲ့အစည်းအသီးသီးနှင့် ပြည်သူအများလည်း အလွန်ပင်ဝမ်းသာကြိုဆိုကြ သည်။ ဥပ‌ဒေတွင်း အင်အားကြီးနိုင်ငံ‌ရေးအဖွဲ့ တစ်ခုဖြစ်သည့် ပ-မ-ည-တ မှလည်း ၁၉၆၃ခုနှစ်၊ ဇွန်လ (၁၂) ရက်‌နေ့တွင် အချက်ငါးချက်ပါ ‌အောက်ပါ ‌ကြေငြာချက်ကို ထုတ်ပြန်ပြီး ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှုကို ကြိုဆိုခဲ့ သည်။
၎င်း‌ကြေငြာချက် (၅) ချက်မှာ-

(၁) ‌ဆွေး‌နွေး‌နေစဉ် နှစ်ဖက် တိုက်ခိုက်မှု ရပ်စဲထားရန်၊
(၂) ရန်ကုန်တွင် ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်၊
(၃) ဗဟို ဗဟိုချင်း ‌ဆွေး‌နွေးရန်၊
(၄) ‌ဆွေး‌နွေးမှုများ ပြည်သူသို့ အသိ‌ပေးရန်၊
(၅) ‌ဆွေး‌နွေးပွဲလာသူ ကိုယ်စားလှယ်များ၏ လုံခြုံ‌ရေးကို အာမခံရန်
တို့ ဖြစ်သည်။

၁၉၆၃ ခုနှစ်၊ ဇွန်လ (၂၇) ရက်‌နေ့တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်)- အလံနီပါတီမှ ရဲနီ‌ကျော်ဝင်း-ရဲနီမယ် ‌ဒေါ်‌ငွေစံတို့ ရန်ကုန်မြို့သို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် ‌ရှေ့‌ပြေးကိုုယ်စားလှယ်အဖြစ် ‌ရောက်ရှိလာသည်။ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်‌နေ့တွင် ရခိုင်ပြည် ကွန်မြူနစ်ပါတီ ရဲနီ ‌ကျော်စံရွှီး ‌ခေါင်း‌ဆောင်‌သောအဖွဲ့ ရန်ကုန် မြို့သို့ ထပ်မံ‌ရောက်ရှိလာသည်။ ၁၉၆၃ ခုနှစ်၊ ဩဂုတ် (၁၀) ရက်‌နေ့တွင် အလံနီပါတီ အတွင်း‌ရေး မှူးချုပ် သခင်စိုးနှင့် အဖွဲ့ဝင် (၁၇) ဦး ရန်ကုန်မြို့သို့ ထပ်မံ‌ရောက်ရှိလာပြီး ဩဂုတ် (၁၄) ရက်‌နေ့တွင် သတင်းစာ ဆရာ များနှင့် ‌တွေ့ဆုံခဲ့သည်။

၁၉၆၃ ခုနှစ်၊ ဩဂုတ် (၁၅) ရက်‌နေ့တွင် ‌စောဟံသာတာ‌မွှေး၊ ‌စောဝရီ‌ကျော်၊ ‌စောထရူးမင်း၊ ခွန်ဘ‌ဆွေ၊ ‌စောဘထွန်း ‌ခေါင်း‌ဆောင်သည့် ကရင်‌တော်လှန်‌ရေး‌ကောင်စီ (KRC) အဖွဲ့ ‌ရွှေကျင်-‌ကျောက်ကြီး မှ တဆင့် ရန်ကုန် မဂင်္လာဒုံ ‌လေဆိပ်သို့ ‌ရောက်ရှိလာခဲ့သည်။

သခင်စိုး‌ခေါင်း‌ဆောင်‌သော အလံနီပါတီနှင့် ‌တော်လှန်‌ရေး‌ကောင်စီတို့ ဩဂုတ် ၁၅-၁၆-၁၇ ‌ပေါင်းသုံးကြိမ် ‌ဆွေး‌နွေးကြပြီး ၁၉၆၃ ခုနှစ်၊ ဩဂုတ် (၁၉) ရက်‌နေ့တွင် ‌တော်လှန်‌ရေး‌ကောင်စီမှ ‌ဆွေး‌နွေးပွဲ ရပ်စဲလိုက်သည်။

၁၉၆၃ ခုနှစ်၊ ဩဂုတ်(၂၀) ရက်‌နေ့တွင် ရှမ်းပြည်လွတ်လပ်‌ရေးတပ်မှ ကိုယ်စားလှယ် ခွန်စိုင်းပန်၊ ခွန်အုံး‌ခေါင်၊ ဩဂုတ် (၂၃) ရက်‌နေ့တွင် စဝ်‌ဆေးဝိုင်၊ စဝ်‌ဆေးထင်၊ စဝ်သီဟ၊ စဝ်ဝမ်းဟုံ တို့‌ရောက်ရှိလာကြပြီး ဗိုလ်ချုပ်ကြီး ‌နေဝင်းကိုယ်တိုင် ‌ဆွေး‌နွေးခဲ့သည်။

၁၉၆၃ ခုနှစ်၊ ဩဂုတ် (၂၈) ရက်‌နေ့တွင် ဗကပ အတွင်း‌ရေးမှူး ရဲ‌ဘော်‌ဌေး ဦး‌ဆောင်ပြီး ဗိုလ်‌ဇေယျ (ရဲ‌ဘော် သုံးကျိပ်) ဗိုလ်စိုး‌မောင်၊ ဗိုလ်ပု၊ ရဲ‌ဘော်‌အောင်ကြီး၊ ရဲ‌ဘော်သက်တင်၊ ရုံးအဖွဲ့ဝင် ရဲ‌ဘော်ခင်ကြီး၊ ရဲ‌ဘော် မင်း‌ဘော်မင်း‌အောင် တို့‌ရောက်ရှိလာပြီး စက်တင်ဘာ(၂) ရက်‌နေ့ အသံလွှင့်ရုံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၎င်း‌နေ့ည‌နေ (၅)နာရီတွင် ‌တော်လှန်‌ရေး‌ကောင်စီနှင့် ပဏာမ‌ဆွေး‌နွေးကြသည်။

၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်‌နေ့တွင် ‌ဇော်ဒန်ဦးစီးသည့် ကချင်လွတ်လပ်‌ရေး‌ကောင်စီ (KIC) ရန်ကုန် မြို့သို့ ‌ရောက်ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာ (၈)ရက်‌နေ့ ရန်ကုန် အင်းယားလိပ် ဟိုတယ် ဒုတိယ အကြိမ်- ၁၉၆၃ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်‌နေ့တွင် တတိယအကြိမ်၊ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာ (၁၃) ရက်၊ စတုတ္ထ အကြိမ်၊ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာ (၂၃)ရက်‌နေ့တွင် ပဉ်စမအကြိမ်အထိ ဗကပနှင့် ‌တော်လှန်‌ရေး ‌ကောင်စီတို့ ‌ဆွေး‌နွေးခဲ့ကြရာ အပြန်အလှန်လိုက်‌လျောမှုများ အ‌တော်အသင့် ရရှိခဲ့ကြသည်။

၁၉၆၃ စက်တင်ဘာ (၂၉) ရက်‌နေ့တွင် အသုံးပါတီများဖြစ်‌သော KNU ဥက္ကဌ မန်းဘဇန်၊ စ‌ကောလယ်‌တော (အတွင်း‌ရေးမှူး)၊ ဗိုလ်ကျင်‌ဖေ (‌ပေါ်လစ်ဗျူရို)၊ ဗိုလ်သန်း‌အောင် (ဗဟို‌ကော်မတီဝင်)၊ နိုင်ဘလွင် (မွန်ပြည်သစ် ပါတီ ဥက္ကဌ)၊ ‌စော‌မော်ရယ် (ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ)၊ ဗိုလ်စံလင်း (ကရင်နီအမျိုးသား တိုးတက်‌ရေး ပါတီ) တို့ ‌ရောက်ရှိလာခဲ့ကြသည်။

၁၉၆၃ ခုနှစ်၊ ‌အောက်တိုဘာ (၃) ရက်‌နေ့တွင် ဗကပနှင့် ‌တော်လှန်‌ရေး‌ကောင်စီတို့ သတ္တမအကြိမ် ‌ဆွေး‌နွေးကြရာ ‌အောက်တိုဘာ (၆) ရက်‌နေ့တွင် အတိုက်အခိုက်ရပ်စဲ‌ရေးအတွက် တစ်ဖွဲ့ချင်း‌ဆွေး‌နွေးမည့် အစား အမျိုးသားဒီမိုက‌ရေစီ ညီညွတ်‌ရေးတပ်‌ပေါင်းစု (မ-ဒ-ည-တ) အ‌နေဖြင့် ‌ဆွေး‌နွေးရန် ‌တော်လှန်‌ရေး ‌ကောင်စီနှင့် သ‌ဘောတူညီမှုရရှိခဲ့သည်။
မ-ဒ-ည-တ ဗဟို‌ခေါင်း‌ဆောင်များမှာ

(၁) မန်းဘဇန်
(၂) စ‌ကောလယ်‌တော
(၃) ဗိုလ်ကျင်‌ဖေ
(၄) ဗိုလ်သန်း‌အောင်
(၅) နိုင်ဘလွင်
(၆) နိုင်ထင်
(၇) နိုင်တက်ထွန်း
(၈) ‌စော‌မော်ရယ်
(၉) ဗိုလ်စံလင်း
(၁၀) ဆလိုင်စံ‌အောင်
(၁၁) ဆလိုင်သာဦး
(၁၂) ရဲ‌ဘော်‌ဌေး
(၁၃) သခင်ဇင်
(၁၄) သခင်တင်ထွန်း
(၁၅) ရဲ‌ဘော်‌အောင်ကြီး
(၁၆) ဗိုလ်‌ဇေယျ -တို့ ဖြစ်ကြသည်။

၁၉၆၃ ခုနှစ်၊ ‌အောက်တိုဘာ (၈) ရက်‌နေ့ မ-ဒ-ည-တ နှင့် ‌တော်လှန်‌ရေး‌ကောင်စီတို့ ပဏာမ အကြိမ်‌ဆွေး‌နွေး ကြပြီး ‌အောက်တိုဘာ (၁၀) ရက်‌နေ့ ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲတွင် ပါတီအလိုက် ‌ဆွေး‌နွေးပွဲများကို သီးခြားပြု လုပ်ရန်နှင့် အတိုက်အခိုက်ရပ်စဲ‌ရေးကို မ-ဒ-ည-တ အ‌နေဖြင့် ‌ဆွေး‌နွေးရန် ဖြစ်ပြီး မ-ဒ-ည-တ ဘက်မှ အပစ် အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌အောက်ပါ အချက် (၁၂) ချက်ကို တင်ပြခဲ့သည်။
မ-ဒ-ည-တ မှတင်ပြသည့် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ (၁၂) ချက်မှာ-

(၁) တပြည်လုံး အပစ်အခတ်ရပ်စဲထားရန်၊
(၂) အပစ်အခတ်ရပ်စဲထားစဉ် တိုက်ပွဲ ကြီးငယ် မပြုလုပ်ရန်၊
(၃) မ-ဒ-ည-တ အဖွဲ့ဝင်ပါတီနှင့် တပ်များအား ထုတ်ပြန်ထားသည့် စစ်ဆင်‌ရေး အမိန့်များကို ပယ်ဖျက်ရန်၊
(၄) တိုက်ရိုက် အန္တရာယ်‌ပေးနိုင်‌သော ‌တော်လှန်‌ရေး‌ကောင်စီ၏ တပ်စခန်းများကို ရုပ်သိမ်း‌ပေးရန်၊
(၅) အပစ်အခတ်ရပ်စဲ ထားစဉ် မ-ဒ-ည-တ ၏လုပ်ရိုးလုပ်စဉ်ဖြစ်‌သော စည်းရုံး‌ရေး၊ အုပ်ချုပ်‌ရေး၊ အခွန် ‌ကောက်ခံ‌ရေးများကို လုပ်‌ဆောင်ခွင့်ရှိရန်၊
(၆) အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ပြဿနာများ‌ပေါ်‌ပေါက်လာပါက ညှိနှိုင်း‌ဖြေရှင်းသွားရန်၊
(၇) ငြိမ်းချမ်း‌ရေး အဖျက်လုပ်ငန်းများ‌ပေါ်‌ပေါက်လာပါက ညှိနှိုင်း‌ဖြေရှင်းသွားရန်၊
(၈) အပစ်အခတ်ရပ်စဲထားစဉ် လူထုလုံခြုံ‌ရေးကို ပူးတွဲ‌ဆောင်ရွက်ရန်၊
(၉) အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်များကို သတင်းစာ၊ အသံလွှင့်ဌာနမှ ‌ကြေငြာ‌ပေးရန်၊
(၁၀) သ‌ဘောတူညီချက်များကို မိမိတို့သက်ဆိုင်ရာ တပ်များသို့ ညွှန်ကြားထားရန်၊
(၁၁) အ‌သေးစိတ်ညွှန်ကြားချက်များလိုအပ်ပါက ထပ်မံညှိနှိုင်းရန်၊
(၁၂) အပစ်အခတ်ရပ်စဲ‌ရေးကာလကို ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပြီးပြတ်သည့်အချိန်ထိ ထားရန်၊

၁၉၆၃ ခုနှစ်၊ ‌အောက်တိုဘာ (၁၅) ရက် တတိယအကြိမ် အစည်းအ‌ဝေးတွင် ‌တော်လှန်‌ရေး‌ကောင်စီ ဗိုလ်မှူးကြီး လှဟန်မှ မ-ဒ-ည-တ ၏ တင်ပြချက်အ‌ပေါ် အမှတ်စဉ် ၂-၆-၇-၈-၉-၁၀-၁၁-၁၂ တို့ကို သ‌ဘောတူ လက်ခံ‌သော်လည်း
အမှတ်စဉ် (၁) တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးကို လက်မခံ‌ကြောင်း၊
အမှတ်စဉ် (၃) တစ်ဘက်နှင့် တစ်ဘက်တိုက်ခိုက်ခြင်းကို အပြန်အလှန်ကတိပြုရန်၊
အမှတ်စဉ် (၄) တပ်စခန်းများ ရုပ်သိမ်းခြင်းကို လက်မခံ‌ကြောင်း၊
အမှတ်စဉ် (၅) လုပ်ရိုးလုပ်စဉ်ဖြစ်‌သော မ-ဒ-ည-တ ၏စည်းရုံး‌ရေး၊ အုပ်ချုပ်‌ရေး၊ အခွန်‌ကောက်ခံ‌ရေးနှင့် ပတ်သက်၍ မန်းဘဇန်မှ လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်ဆိုသည်မှာ ပို‌နေမြဲကျား‌နေမြဲ အဆင့်ထက် ‌ကျော်လွန်ခြင်း မဟုတ်‌ကြောင်း ရှင်းလင်း ခဲ့‌သော်လည်း ‌တော်လှန်‌ရေး‌ကောင်စီမှ စည်းရုံး‌ရေး၊ အုပ်ချုပ်‌ရေး၊ အခွန်‌ကောက်ခံ ‌ရေးများသည် မိမိတို့ အစိုးရတာဝန်သာဖြစ်၍ စင်ပြိုင် အစိုးရအ‌နေဖြင့် ‌တောတွင်းအဖွဲ့အစည်းများအား ခွင့်မပြု နိုင်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

၁၉၆၃ ခုနှစ်၊ ‌အောက်တိုဘာ ၂၉ ရက် ပဉ်စမအကြိမ် အစည်းအ‌ဝေးတွင် ‌တော်လှန်‌ရေး‌ကောင်စီမှ အပစ်အခတ် ရပ်စဲ‌ရေး အ‌ကောင်အထည်‌ဖော်ရန် မ-ဒ-ည-တ ဘက်မှ လိုက်နာရန် ‌အောက်ပါ စည်းကမ်းချက် (၅) ချက်ကို ချမှတ်ခဲ့သည်။
၎င်းတို့မှာ-

(၁) မ-ဒ-ည-တ အဖွဲ့ဝင်များ အားလုံး၏ ‌နေထိုင်ရာ ‌ဒေသကို ‌တော်လှန်‌ရေး‌ကောင်စီသို့ အသိ‌ပေးရန်၊
(၂) မ-ဒ-ည-တ အဖွဲ့ဝင်များ စုစည်း‌နေထိုင်ရန်‌ဒေသကို ‌တော်လှန်‌ရေး‌ကောင်စီမှ သတ်မှတ်‌ပေးရန်၊
(၃) မ-ဒ-ည-တ အဖွဲ့ဝင်များ စု‌ဝေးရန်‌နေရာသို့ သတ်မှတ်ချိန်အတွင်း ‌ရောက်ရှိရန်၊
(၄) မ-ဒ-ည-တ အဖွဲ့ဝင်များ ‌နေရာတစ်ခုခုသို့ သွား‌ရောက်လိုပါက အစိုးရတပ်၏ ခွင့်ပြုချက်အပြင်၊ အစိုးရ တပ် အကူအညီဖြင့်သာ သွားရန်၊
(၅) အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မ-ဒ-ည-တ မှ အစိုးရလုပ်ငန်းနှင့် ပြည်သူလူထုအား ‌နှောင့်ယှက်ခြင်း မပြုရန်- တို့ဖြစ်သည်။

အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးစဉ် ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်း‌ရေး‌မျှော်လင့်မှုနှင့် ဆန္ဒ‌ဖော် ထုတ်မှုများလည်း သတင်းစာနှင့် စာနယ်ဇင်းများတွင် အဆက်မပြတ်‌ပေါ်ထွက်လာခဲ့သည်။ အကြီးမားဆုံးမှာ ပြည်သူ့‌ကော်မတီမှ ဦး‌ဆောင်ကျင်းပခဲ့သည် (၆)ခရိုင် ငြိမ်းချမ်း‌ရေး ဆန္ဒပြပွဲဖြစ်သည်။ (၆) ခရိုင် ငြိမ်းချမ်း‌ရေး ဆန္ဒပြပွဲတွင် ပါဝင်သည့် ခရိုင်များမှာ-

(၁) ရန်ကုန်ခရိုင်
(၂) အင်းစိန်ခရိုင်
(၃) ဟံသာဝတီ ခရိုင်
(၄) သာယာဝတီ ခရိုင်
(၅) ပဲခူးခရိုင်
(၆) မအူပင်ခရိုင် တို့ ဖြစ်သည်။

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ (၃) ရက် နံနက်တွင် ငြိမ်းချမ်း‌ရေး ဆန္ဒပြပွဲကြီးသည် မင်းလှမြို့နယ်၊ သရက်တစ်ပင် တာဆုံမှ မိုင်တစ်ရာ‌ကျော်ခရီးကို စတင်ချီတက်လာခဲ့ကြသည်။ လူထုကြီးသည် (၇) ရက်အကြာ နိုဝင်ဘာ (၉) ရက်‌နေ့တွင် ‌တော်လှန်‌ရေး‌ကောင်စီမှ ‌ဖောက်ခွဲဖျက်ဆီးခဲ့သည့် ရန်ကုန် တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အဦး ‌နေရာ‌ဟောင်းမြက်ခင်းပြင်တွင် စု‌ဝေးကြပြီး ရန်ကုန်မြို့‌တော်ခန်းမသို့ ဆက်လက်ချီတက်ကြ သည်။

သမဂ္ဂမြက်ခင်းစုရပ်တွင် သာယာဝတီခရိုင် စစ်‌ကြောင်းမှ ဦး‌ဆောင်လာသည့် အဘိုး-ဘိုးသာလှနှင့် ဘိုးသက္ကတို့ နှစ်ဦးအား အကယ်ဒမီ‌ကော်လိပ်ဂျင်‌နေဝင်းမှ ဂုဏ်ပြု ဂါဝရ လက်‌ဆောင်‌ပေးအပ်ခဲ့သည်။ ရန်ကုန် မြို့‌တော်ခန်းမသို့ ချီတက်ရာလမ်းတစ်‌လျှောက် ကြိုဆိုအား‌ပေးသည့် လူထုကြီးမှာ တိုးမ‌ပေါက်‌အောင်ပင် ရှိခဲ့သည်။ ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းမှလည်း ငြိမ်းချမ်း‌ရေးလူထုကြီးအား ခရီးစဉ်တစ်‌လျှောက်လိုက်ပါ၍ ကားဖြင့် နှုတ်ဆက်အား‌ပေးခဲ့သည်။ ချီတက်ရာ ခရီးစဉ်တစ်‌လျှောက်လုံး ‌အောက်ပါ‌ကြွေး‌ကြော်သံ(၅) ချက်ကို တခဲနက်‌ကြွေး‌ကြော်ခဲ့ကြသည်။

(၁) ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး -ကြိုဆိုကြ- ကြိုဆိုကြ
(၂) ပြည်တွင်းငြိမ်းချမ်း‌ရေး ပြည်သူအားဖြင့် တည်‌ဆောက်ကြ
(၃) ထိုးစစ် တိုက်စစ် – ရပ်စဲပစ်- ရပ်စဲပစ်
(၄) အပစ်အခတ်‌တွေ – ရပ်စဲကြ- ရပ်စဲကြ
(၅) ဗဟို ဗဟိုချင်း- ‌တွေ့ဆုံကြ- ‌ဆွေး‌နွေးကြ၊

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ (၁၄) ရက်‌နေ့ ‌တော်လှန်‌ရေး‌ကောင်စီနှင့် မ-ဒ-ည-တ သတ္တမအကြိမ် ‌ဆွေး‌နွေးပွဲတွင် မ-ဒ-ည-တ ကိုယ်စားလှယ်‌ခေါင်း‌ဆောင် မန်းဘဇန်မှ ‌တော်လှန်‌ရေး‌ကောင်စီ၏ ၂၉-၁၀-၆၃ တင်ပြချက်များနှင့် ပတ်သက်၍ ‌တော်လှန်‌ရေး‌ကောင်စီ၏ သံသယ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ပြင်းထန်တင်းကြပ်သည့် စည်းကမ်းချက်များအတွက် စိတ်မ‌ကောင်း‌ကြောင်း၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများဖြင့် အ‌ဖြေရှာရန် မ-ဒ-ည-တ အ‌နေဖြင့် မိမိတို့အား ထိုးစစ်ဆင်ခြင်းကို ခုခံခြင်းမှလွဲပြီး ‌တော်လှန်‌ရေး‌ကောင်စီတပ်များအား စတင်တိုက်ခိုက် မည်မဟုတ်‌ကြောင်း ‌ပြောဆိုခဲ့သည်။

‌တော်လှန်‌ရေး‌ကောင်စီမှ လက်မခံနိုင်‌ကြောင်းနှင့် ၁၉၆၃ခုနှစ်၊ နိုဝင်ဘာ (၁၄) ရက်ည‌နေ (၆) နာရီတွင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲကို ရပ်စဲလိုက်သည်။ မ-ဒ-ည-တ ဗဟိုကိုယ်စားလှယ်များမှ ‌ဆွေး‌နွေးပွဲ ပျက်ပြားရခြင်း နှင့် ပတ်သက်၍ အပြန်အလှန်‌ဆွေး‌နွေးချက်များကို တင်ပြပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်‌နေ့တွင် သတင်း ထုတ်ပြန်‌ကြေငြာခဲ့ပြီး ပြည်တွင်းငြိမ်းချမ်း‌ရေးကို ဆက်လက်‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း လက်ရှိ အ‌ခြေအ‌နေတွင် မိမိတို့ကို ခုခံကာကွယ်ရန်မှအပ တပ်မ‌တော်စခန်းများအား စတင်တိုက်ခိုက်မည် မဟုတ်‌ကြောင်း ပြည်သူလူထုကိုတိုင်တည်‌ကြေငြာပြီး ‌ဒေသအသီးသီးသို့ ပြန်သွားကြသည်။

ထိုနည်းတူ ‌တော်လှန်‌ရေး‌ကောင်စီမှ ကချင်လွတ်လပ်‌ရေး‌ကောင်စီနှင့် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်‌နေ့တွင် ၎င်း ရခိုင်ကွန်မြူနစ်ပါတီနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ ရပ်စဲလိုက်‌ကြောင်း ‌ကြေငြာခဲ့သည်။ သို့‌သော်လည်း ‌တောလှန်‌ရေး‌ကောင်စီနှင့် ‌စောဟန်တာသာ‌မွှေး‌ခေါင်း‌ဆောင်သည့် ကရင်‌တော်လှန်‌ရေး‌ကောင်စီ (KRC)နှင့် ၁၉၆၄ ခုနှစ်၊ မတ်လ (၁၂) ရက်‌နေ့တွင် ငြိမ်းချမ်း‌ရေး သ‌ဘောတူစာချုပ် ‌ရေးထိုးနိုင်ခဲ့သည်။ ‌တော်လှန်‌ရေး ‌ကောင်စီနှင့် လက်နက်စွန့် ငြိ်မ်းချမ်း‌ရေး လက်မှတ်ထိုးခဲ့ကြသူများထဲတွင် ‌စောဟန်တာသာ‌မွှေးအား ပညာ‌ရေး သု‌တေသန အထူးအရာရှိ၊ ပဒို‌စောဘထွန်းအား ကရင်ပြည်နယ် ပညာ‌ရေးတာဝန်ခံ၊ ဗိုလ်မှူးကြီး ‌စော‌မောင်ဝင်းအား သထုံပါတီယူနစ်ဥက္ကဌ၊ ဗိုလ်မှူးကြီး မိုးဇက်အား ဘီးလင်းမြို့နယ် ပါတီယူနစ်ဥက္ကဌ၊ ကြီး‌ရွှေအား ကျိုက်ထို ပါတီယူနစ် ဥက္ကဌ၊ ‌စောထရူးမင်းအား ဦးထွန်းမင်း အမည်ဖြင့် ‌တောင်ငူပါတီယူနစ် ဥက္ကဌ အသီးသီး ဖြင့် ‌တော်လှန်း‌ရေး‌ကောင်စီ၏ သူ‌ကောင်းပြုခြင်းခံခဲ့ရသည်။

၁၉၆၄ ခုနှစ်၊ ‌မေ (၁၂) ရက်‌နေ့တွင် (KRC) တပ်မဟာ (၅) တပ်မင်း ဗိုလ်လင်းထင်သည် ‌နော်လွှီဇာဘင်ဆင် (Naw Luoiser Benson) နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ ‌နော်လွှီဇာဘင်ဆင်သည် ဂျူးလူမျိုး ဖခင် ‌စောဘင် ဆင်နှင့် အမိကရင်လူမျိုး‌နော်ချစ်ခင်တို့မှ ‌မွေးဖွားသည့် ဂျူးကရင် ကပြားဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် Miss University ၁၉၅၈ ခုနှစ်တွင် Miss Burma ဘွဲ့ ရရှိခဲ့ပြီး ရန်ကုန် တက္ကသိုလ် အဂင်္လိပ်စာဌာနတွင် နည်းပြ အဖြစ် အမှုထမ်း‌နေသူဖြစ်သည်။ ရုပ်ရှင် သရုပ်‌ဆောင်နှင့် အဆို‌တော်တစ်ဦးလည်း ဖြစ်သည်။

ဗိုလ်လင်းထင်သည် (KRC) ၏ လက်နက်စွန့်ငြိ်မ်းချမ်း‌ရေးကို လက်မခံဘဲ ‌တောထဲပြန်သွားရန် စီစဉ်သည်ကို ‌တော်လှန်း‌ရေး‌ကောင်စီ၏ သထုံ စစ်တပ်မှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာ (၂၈) ရက်‌နေ့တွင် လုပ်ကြံသတ်ဖြတ် ခဲ့သည်။ ‌နော်လွှီဇာဘင်ဆင်လည်း ဗိုလ်လင်းထင်‌နောက်လိုက်များနှင့် အတူ‌တောခိုခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် အ‌မေ ရိကန် နိုင်ငံသို့ သွား‌ရောက်ခိုလှုံခွင့်ရယူခဲ့သည်။ Burma Forum နှင့် US Campaign For Burma အဖွဲ့ တွင်ပါဝင်ခဲ့ပြီး ၂၀၁ဝ ခုနှစ်တွင် ကွယ်လွန်သည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများ ပျက်ပြီး‌နောက် ‌တော်လှန်‌ရေး‌ကောင်စီသည် ရန်ကုန် တက္ကသိုလ် သမဂ္ဂအ‌ဆောက် အဦး‌ဟောင်း‌နေရာတွင် ‌ဆောက်လုပ်ထားသည့် ယာယီသမဂ္ဂတဲကြီးအား ဖျက်ဆီးလိုက်ပြီး ‌ကျောင်းသား ‌ခေါင်း‌ဆောင်များ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ၊ ငြိမ်းချမ်း‌ရေးလိုလားသူများကို အငြိုးကြီးစွာဖြင့် လိုက်လံဖမ်းဆီး ‌ထောင်တွင်း အကျဉ်းချထားခဲ့သည်။ ဤသို့ဖြင့် အာဏာသိမ်းပြီး ဇူလိုင် (၇) ရက် ရန်ကုန်တက္ကသိုလ်‌ကျောင်း သားတို့အား သတ်ဖြတ်ခြင်း၊ သမိုင်းဝင် သမဂ္ဂအ‌ဆောက်အဦးအား ဖျက်ဆီးခဲ့သည့် လုပ်ရပ်များကို ပြည်သူများ လိုလားသည့် ငြိမ်းချမ်း‌ရေးနှင့် အစားထိုးနိုင်ငံ‌ရေးလှည့်ကွက်သည်လည်း မ‌အောင်မြင်ဖြစ်ခဲ့သည်။

(စာ‌ရေးသူ-၁၇ နှစ်သားအရွယ် ကရင့်နိုင်ငံ‌ရေးကို အသုံးလုံးမှ စတင်သင်ကြား‌ပေးခဲ့‌သော ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ်- ABKO မှ မန်း‌အောင်ကြည်-ကိုကိုးကျွန်းပြန်(ကွယ်လွန်)၊ မန်းဒါဝိတ်(ကွယ်လွန်)၊ မန်း‌အောင်‌ကျော်လွင် (အ‌မေရိကန်ပြည်‌ထောင်စု)၊ ‌ခြောက်ခရိုင်ငြိမ်းချမ်း‌ရေးဆန္ဒပြပွဲတွင် အတူပါဝင်ခဲ့ကြသည့် -မန်း‌အော်လင်းဒို(ဩစ‌တေးရီးယား)၊ ‌စော‌ရောဘတ်ဇန်(အ‌မေရိကန် ပြည်‌ထောင်စု-ကွယ်လွန်)၊ စဆန်နီ (ကွယ် လွန်)၊ စ‌သောင်း‌ရွှေ (ကွယ်လွန်)တို့အား အမှတ်တရ ဤစာမူအားပြန်လည်‌ရေးသားပါသည်။)
မန်းထိန်ဝင်းစိန်