Home သတင်း ငြိမ်းချမ်း‌ရေး စီးရီးမှာ သီချင်းနှစ်ပုဒ်ဆိုထားတယ်လို့ ‌တေးသံရှင် စ‌ဖေါင်က ‌ပြောပါတယ်

ငြိမ်းချမ်း‌ရေး စီးရီးမှာ သီချင်းနှစ်ပုဒ်ဆိုထားတယ်လို့ ‌တေးသံရှင် စ‌ဖေါင်က ‌ပြောပါတယ်

2781

ဩဂုတ် ၂၇ရက် ၊ ၂၀၁၈ ခုနှစ်။ KIC Outlet

ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်း‌ရေးဂီတပွဲ‌တော်မှာ Grand Final အထိ‌ရောက်ခဲ့တဲ့ ‌တေးသံရှင် စ‌ဖေါင် (Sa Paung)က သူရဲ့ လတ်တ‌လော အနုပညာလှုပ်ရှားမှု‌တွေနဲ့ပတ်သက်ပြီး‌တော့ KIC Outlet ကို အခုလို ‌ပြောပါ တယ်။

“ကျ‌နော်က ‌ကျောင်းဆရာဆို‌တော့ အားတဲ့ အခါ‌လေး အခုလို သီချင်းလိုက်ဆိုဖြစ်တယ်။ ကျ‌နော်စာသင်တဲ့ ‌ကျောင်းက‌တော့ ဖားအံမြို့နဲ့‌တော့ နည်းနည်းအလှမ်း‌ဝေးတဲ့ တာသူးခီး ‌ကျေးရွာက မူလတန်း‌ကျောင်း ‌လေးမှာပါ”လို့ ‌ပြောသွားပါတယ်။

ဆက်လက်ပြီး စ‌ဖေါင်က “အခုငြိမ်းချမ်း‌ရေး ဂီတပွဲ‌တော်က ကျ‌နော်တို့‌မောင်နှမ‌တွေစုပြီး‌တော့မှ စီးရီးတစ်‌ခွေ ထုတ်ဖို့ရှိတယ်။ မကြာခင် ထွက်မယ်။ ငြိမ်းချမ်း‌ရေးနဲ့ဆိုင်တဲ့ သီချင်း‌လေး‌တွေ‌ပေါ့၊ MTV ရိုက်ဖို့ပဲ ကျန်‌တော့ မယ်။ အဲ့ဒီမှာ ကျ‌နော် တစ်ကိုယ်‌တော်အ‌နေနဲ့ ဆရာမင်းချစ်သူ‌ရေးထားတဲ့ “ငြိမ်းငြိမ်း ချမ်းချမ်း” သီချင်းရယ်၊ ဆရာ‌စောခူဆဲ‌ရေးတဲ့ “ကမ္ဘာတည်သ၍” သီချင်းကို‌တော့ ညီမ‌လေး ‌မေသူ‌ကျော်နဲ့ နှစ်‌ယောက်တွဲ ဆိုထားပါ တယ်”လို့ ‌ပြောပါတယ်။

စ‌ဖေါင်ဟာ ဩဂုတ် ၂၈ ရက်‌နေ့မှာ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာပြုလုပ်မဲ့ တိုင်း‌ဒေသကြီး အစိုးရ ချည်ဖြူဖွဲ့မဂင်္လာပွဲမှာလည်း သီချင်းဆို ‌ဖျော်‌ဖြေ‌ပေးသွားမယ်လို့ ‌ပြောပါတယ်။