Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပါဝင်ခဲ့သူများနှင့် လုပ်ငန်းစဉ်ပြန်လည်သုံးသပ်မည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်သွားမည်ဟု KNU ထုတ်ပြန်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပါဝင်ခဲ့သူများနှင့် လုပ်ငန်းစဉ်ပြန်လည်သုံးသပ်မည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်သွားမည်ဟု KNU ထုတ်ပြန်

3554

ဩဂုတ် ၂၇ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်မည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွင်း ထဲထဲဝင်ဝင် ‌ဆောင်ရွက်ခဲ့သူများနှင့် လုပ် ‌ဆောင်သွားမည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက်အပြီး ဒုတိယအကြိမ် ဗဟိုအမြဲ တမ်း‌ကော်မတီ အစည်းအ‌ဝေးအပြီး ဩဂုတ်လ ၂၄ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာလိုက်သည်။

ဩဂုတ်လ ၆ရက်မှ ၂၄ရက်‌နေ့အထိ ကျင်းပပြီးစီးခဲ့သည့် အဆိုပါအစည်းအ‌ဝေးတွင် လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေနှင့် NCA အ‌ကောင်အထည်‌ဖော်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ဖြစ်‌ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ စိန်‌ခေါ်မှုများအ‌ပေါ် မှန်ကန် ‌ကောင်းမွန်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ဖြစ်‌ပေါ်လာ‌ရေးအတွက် ‌ကေအဲန်ယူအဖွဲ့တွင်းနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း ပါဝင်လာခဲ့‌သော ကရင်အမျိုးသားများ၏ သ‌ဘောထားရပ်တည်မှုများ စုစည်းရယူနိုင်ရန် NCA နှင့် ငြိမ်းချမ်း‌ရေး ပြန်လည်သုံး သပ်မည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ယခုလကုန်ပိုင်းတွင် လုပ်‌ဆောင်ရန် သ‌ဘောတူလိုက်သည်ဟု KNU ၏ အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ပဒို‌စောတာဒိုမူးက ‌ပြောသည်။

ပဒို‌စောတာဒိုမူးက “ဒီကိစ္စက ကရင်အမျိုးသားအ‌ရေးဖြစ်တဲ့အတွက်‌ကြောင့် Process (ဖြစ်စဉ်) ထဲမှာ ပါဝင်ခဲ့တဲ့ ‌ခေါင်း‌ဆောင် ‌တွေကိုလည်း ဖိတ်‌ခေါ်သွားမှာ‌ပေါ့‌နော်။ သုံးသပ်မှုနဲ့အတူ အ‌ခြေအ‌နေမှန်ကို သ‌ဘော‌ပေါက်နားလည်ပြီး‌တော့ အားလုံး တစ် စိတ်ထဲ တစ်ဝမ်းထဲ ‌ရှေ့ဆက်သွားနိုင်‌အောင်ဆိုတာပါပဲ။ တိမ်း‌ချော်တာရှိရင် ဘယ်လိုတည့်မတ်‌အောင် လုပ်မလဲဆိုတဲ့ဟာ‌ပေါ့ ‌နော်။ အဲဒါကို အကုန်လုံး တစ်ခုထဲ ဖြစ်သွားမယ်။ အတူတကွလည်း သွားနိုင်တဲ့ ဆိုတဲ့ပုံစံမျိုး ရည်ရွယ်တာ‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ လုပ်‌ဆောင်ရန်လျာထားသည့် ၎င်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခဲ့သည့် ကရင်အမျိုးသားများအပြင် ပြည်ပ‌ရောက် ကရင်အမျိုးသားများ၏ အကြံပြုချက်များကိုလည်း လက်ခံကြိုဆိုသွားမည်ဟုလည်း ပဒို‌စောတာဒိုမူးက ဖြည့်စွက် ‌ပြောဆိုသည်။

KNU ၏ ၎င်းအစည်းအ‌ဝေးတွင် ဗဟိုအမြဲတမ်း‌ကော်မတီဝင် (၅၅)ဦးအနက် (၄၆)ဦးနှင့် အထူးဖိတ်ကြားသူ (၆)ဦး တက်‌ရောက် ခဲ့ကြပြီး လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်ဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ အ‌ကောင် အထည်‌ဖော်ခြင်းများနှင့် ပတ်သက်သည့် UPDJC (The Union Peace Dialogue Joint Committee) နှင့် JMC (Joint Cease-fire Monitoring Committee)ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကြားကာလဆိုင်ရာ အ‌ကောင်အထည်‌ဖော်မှု အ‌ခြေအ‌နေများ၏ အား နည်းချက်၊ အားသာချက်နှင့် စိန်‌ခေါ်မှုများကို ‌ဆွေး‌နွေးသုံးသပ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ-၂၁ရာစု ပင်လုံအစည်းအ‌ဝေးများမှတဆင့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်များ ရရှိနိုင်ရန်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပပြုလုပ်‌ဆောင်ရွက်‌နေစဉ် ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ပိုမိုခိုင်မာလာ‌စေရန် JMC ၏ ပူးတွဲပစ်ခတ်တိုက်ခိုက်မှု ‌စောင့်ကြည့်‌ရေးလုပ်ငန်းစဉ် များအား NCA သ‌ဘောတူညီချက်အ‌ပေါ် အခိုင်အမာ ရပ်တည်ကာ ‌ဆွေး‌နွေးဖက်များအကြား မတူကွဲပြားမှုများကို အ‌ကျေအ လည် ညှိနှိုင်းပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ ‌လေးစားတန်ဘိုးထားမှု၊ စာနာနားလည်မှုအပြည့်ဖြင့် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟုလည်း KNU က ‌ပြောသည်။

‌နေပြည်‌တော်တွင် ယခင် ဇူလိုင်လ (၁၁)ရက်မှ (၁၆)ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအစည်းအ‌ဝေးတွင် တိုင်းရင်းသားလူနည်းစုများ၏ ကာကွယ်ခြင်းဆိုင်ရာ အ‌ခြေခံမူများ၊ အ‌ခြေခံလူ့အခွင့်အ‌ရေး နှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု၊ ပြည်‌ထောင်စု ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဆိုင်ရာ တရားရုံးနှင့် နိုင်ငံသားဖြစ်မှု စသည့်အချက် များကိုသာ ‌ဆွေး‌နွေးသွားနိုင်ပြီး တိုင်းရင်းသားများ ‌ဆွေး‌နွေးလိုသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာကိစ္စရပ်များကို မ‌ဆွေး‌နွေးနိုင်ခဲ့ သဖြင့် လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် တိုင်းရင်းသားပြည်သူများအကြား ‌ထောက်ပြ‌ဝေဖန်မှုများ ရှိ‌နေသည်။

၎င်းညီလာခံအပြီးတွင်လည်း နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍများမှ အ‌ခြေခံမူ သ‌ဘောတူညီချက် စုစု‌ပေါင်း(၁၄)ချက်ကို ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် အစုအဖွဲ့အသီးသီး၏ ‌ခေါင်း ‌ဆောင်များနှင့် အသိသက်‌သေများမှ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအတွင်း ကြုံ‌တွေ့‌နေရသည့် စိန်‌ခေါ်မှု အခက်အခဲနှင့်ပတ်သက်၍ ပဒို‌စောတာဒိုမူးက “အဓိက State Holder ဖြစ်‌နေတဲ့ အစိုးရ၊ တပ်မ‌တော်နဲ့ EAOs ကြားမှာ ဒီမိုက‌ရေစီနဲ့ ပတ်သက်တဲ့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စံတန်ဘိုး‌တွေ အများကြီး ကွာဟမှု‌တွေ ရှိတယ်ဆိုတာက ကျ‌နော်တို့ ‌တွေ့‌နေရတယ်။ ဘုံဆိုင်ရာ အနာဂတ်ဘုံကြီးကို ရည်မှန်းတဲ့ Vision မှာ အစုအဖွဲ့ သုံးခုက သုံးမျိုးဖြစ်‌နေတယ်။ အဲဒါကို ကျ‌နော်တို့ ဘုံဆိုင်ရာသ‌ဘောတူညီချက်ကို ရှာလို့ရမှပဲ ‌ရှော‌ရှောရှူရှူ ဆက်သွား နိုင်မယ်။ အခုက အဲဒီဘုံဆိုင်ရာ သ‌ဘောတူညီချက် မရှိဘဲနဲ့ စားပွဲ‌ပေါ်‌ရောက်လာတဲ့အခါကျ‌တော့ သူလည်း သူ့ရဲ့ Position သူ ရပ်တည်တယ်။ ကိုယ်လည်း ကိုယ့် Position ကိုယ်ရပ်တည်တဲ့အခါကျ‌တော့ ဖက်ဒရယ်နဲ့ပတ်သက်လို့ ‌ဆွေး‌နွေးရမဲ့ Issue ‌တွေ က ခုနက‌ပြောတဲ့ စံတန်ဘိုး‌တွေ မတူညီတဲ့အတွက်‌ကြောင့် ‌ဆွေး‌နွေးလို့မရဘဲနဲ့ ‌ကျော်သွားလိုက်ရတာ ရှိတယ်‌ပေါ့‌နော်။”ဟု ‌ပြောသည်။

KNU ထုတ်ပြန်ချက်တွင် ယခင်နှစ်က ဩဂုတ်လက ဖြစ်ပွားခဲ့‌သော ရခိုင်ပြည်အ‌ရေးအခင်းနှင့် ပတ်သက်၍လည်း နိုင်ငံတကာ ဖိအား‌ပေးမှုကို ကြုံ‌တွေ့ရသည့် အဓိကအ‌ကြောင်းရင်းမှာ နှစ်‌ပေါင်း ၇ဝနီးပါး ရင်ဆိုင်ဖြတ်သန်းခဲ့ရသည် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်တို့မှ မြစ်ဖျားခံ‌ပေါက်ဖွားလာသည့် ‌နောက်ဆက်တွဲ ဆိုးကျိုးများ‌ကြောင့်ဖြစ်‌ကြောင်း၊ ယင်းရခိုင်ပြည်အ‌ရေးကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အားဖြင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို‌ဖော်‌ဆောင်ကာ ဒီမိုက‌ရေစီနှင့်ဖက်ဒရယ်စနစ်ကို ထူ ‌ထောင်ခြင်းဖြင့် ကမ္ဘာ့အလယ်တွင် တာဝန်ယူ၊ တာဝန်ခံသည့် အစိုးရစနစ်ထူ‌ထောင်ခြင်းဖြင့် သက်‌သေပြရန် လိုအပ်‌ကြောင်း လည်း ယင်းဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတက်လာသည့် KNU ‌ခေါင်း‌ဆောင်များက ရှုမြင်ကြသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များနှင့် ပြည်တွင်း‌နေရပ်စွန့်ခွာသူများ (IDPs)အ‌ရေးကိစ္စ ပတ်သက်၍လည်း နိုင်ငံ‌ရေး အာမခံချက် မရရှိ‌သေးခင်ကာလအတွင်း အတင်းအဓမ္မ ပြန်လည်ပို့‌ဆောင်ခြင်း မပြုရန်နှင့် ၎င်းတို့အ‌ပေါ် နိုင်ငံတကာမှ ‌ပေးအပ် ‌နေသည့် လူသားချင်းစာနာ ‌ထောက်ထားသည့် အကူအညီများ ဆက်လက်ရရှိ‌ရေးအတွက် ကြိုးပမ်းသွားမည်ဟုလည်း ‌ကေအဲန် ယူက ‌ပြောသည်။

KNU သည် ၂ဝ၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို ယခင် ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်‌ရေးထိုးထားပြီး ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်းကို ကြိုးပမ်းလုပ်‌ဆောင်လာသည့် သုံးနှစ်‌ကျော်ကာလအထိ တိကျခိုင်မာ‌သော နိုင်ငံ‌ရေးသ‌ဘောတူညီချက် မရရှိ‌သေးသလို ၎င်းတို့နယ်‌မြေအချို့တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျှက်ရှိ‌သော‌ကြောင့် ‌ထောင်နှင့်ချီ‌သော ကရင်ပြည်သူများမှာ ‌နေရပ်စွန့်ခွာတိမ်း‌ရှောင်‌နေရ သည်။

လက်ရှိသွား‌နေသည့် မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်တွင် သွား‌နေရခြင်း‌ကြောင့် ‌ဆွေး ‌နွေးမှုများမှာ အကန့်အသတ်များစွာရှိခြင်းနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် တပ်မ‌တော်၏ ဩဇာအာ ဏာလွှမ်းမိုးမှု ပိုများခြင်းတို့‌ကြောင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ဆွေး‌နွေးမှုခရီးမှာ ‌ရှေ့ဆက်သွားရန် မဖြစ်နိုင်‌တော့‌ကြောင်း ကရင်ငြိမ်း ချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSN က ဇူလိုင်လ ၅ရက်‌နေ့တွင် အစီရင်ခံစာထုတ်ပြန်ကာ ‌ထောက်ပြ‌ပြောဆိုခဲ့သည်။

အလားတူ နိုင်ငံတကာကရင်အဖွဲ့အစည်း-IKO ကလည်း ဩဂုတ်လ ၈ရက်‌နေ့တွင် ‌ကြေညာချက်တစ်ခုထုတ်ပြန်ရာ မြန်မာအစိုး ရနှင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများအကြား လက်ရှိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်သည် ကရင်တစ်မျိုးသားလုံး ‌မျှော်မှန်းသည့်ပန်းတိုင်ကို မ‌ရောက်ရှိနိုင်သဖြင့် နိုင်ငံ‌ရေးလုပ်ငန်းစဉ်ကို ပြန် လည်သုံးသပ် ပြင်ဆင်တည့်မတ်သွားနိုင်‌ရေးအတွက် KNU မှ အ‌ရေး‌ပေါ်ကွန်ဂရက်‌ခေါ်ယူရန် တိုက်တွန်း‌ပြောဆိုခဲ့‌သေးသည်။