Home သတင်း ‌ရေကြီးမှု‌ကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအတွက် မျိုး‌စေ့ တင်း ၃,၀၀ဝ အခမဲ့ စတင်ဖြန့်‌ဝေ

‌ရေကြီးမှု‌ကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအတွက် မျိုး‌စေ့ တင်း ၃,၀၀ဝ အခမဲ့ စတင်ဖြန့်‌ဝေ

3155

ဩဂုတ် ၁ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ‌ရေကြီးမှု‌ကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအတွက် အချိန်မှီ ပြန်လည်စိုက်ပျိုး နိုင်‌ရေးအတွက် အရံမျိုးစပါး တင်း ၃,၀၀ဝ ကို ‌တောင်သူလယ်သမားများထံ ယ‌နေ့ စတင်ဖြန့်‌ဝေ‌ပေး‌နေပြီးဟု ပြည်နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ လက်‌ထောက် ညွှန်ကြား‌ရေးမှူး ဦးဝင်း‌ဇော်က ဩဂုတ် ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ပြည်နယ်မှာ ‌ရေကြီးနစ်မြှုပ်သွားတဲ့လယ်‌တွေ မိုးစပါးအစားထိုးပြန်လည်စိုက်ပျိုးနိုင်ဖို့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ စု‌ဆောင်းထားတဲ့ အရံမျိုးစပါးတင်း ၃,ဝဝဝ မြို့နယ်အလိုက် အခမဲ့ ခွဲ‌ဝေ‌ပေးတယ်။ ခန့်မှန်း‌ခြေ မျိုး စပါး တင်း ၇,ဝဝဝ လိုမယ်။ လိုအပ်မယ့်မျိုး‌စေ့‌တွေကို ပြည်နယ်အစိုးရ၊ ပြည်‌ထောင်စု အစိုးရ၊ ဆန်စပါး အသင်း ထံ တင်ပြပြီး‌တော့ ပြည့်မှီ‌အောင် လုပ်သွားမယ်” ဟု ‌ပြောသည်။

ပြည်နယ်အတွင်း ‌ရေကြီးမှု‌ကြောင့် စပါးစိုက် ဧက ၁၄,ဝဝဝ ‌ရေလွှမ်းခံခဲ့ရပြီး စိုက်ဧက ၇,ဝဝဝ ‌ကျော်ခန့် မှာ လုံးလုံးပျက်စီးဆုံးရှုံးသွားသည်ဟု ပြည်နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာမှ လယ်သမားဦးမြင့်လွင်က “ ဒီနှစ် ၅ ဧက‌လောက် စိုက်ထားတယ်။ တဝက်‌ကျော် ‌ရေမြှုပ်လို့ ပျက်စီးသွားတယ်။ စိုက်ပျိုး‌ရေးဌာနက မျိုး‌စေ့လာ‌ပေးတယ်။ သူများစိုက်ထားတဲ့ စပါးခင်းထဲက‌နေ ဖြတ်ရမှာ ဆို‌တော့ ‌နေရာကျဉ်းတယ်။ ပြန်စိုက်လို့ မမှီ‌တော့ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ကြာအင်းဆိပ်မြို့နယ် ထီမံထို ‌ကျေးရွာမှ လယ်သမား ဦးအုပ်‌ကျော်က မိမိ လယ် ၆ ဧက စိုက်ပျိုးထား ပြီး လယ်အားလုံး‌ရေမြှုပ်သွားသလို ပြန်စိုက်ရန် မမှီ‌တော့‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း စုစု‌ပေါင် မိုးစပါး စိုက်ဧက ၁၉၀,၀၀ဝ ခန့်ရှိကာ ‌ရေကြီးမှု‌ကြောင့် စပါးစိုက်ဧက ၁၄,၀၀ဝ ‌ကျော် ‌ရေနစ်မြှုပ်ခဲ့ပြီး ဧက ၇,၀၀ဝ ‌ကျော်မှာ လုံးလုံးပျက်စီးသွား‌ကြောင်း ပြည်နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။