Home သတင်း ‌ရေကြီးမှုအ‌ခြေအ‌နေများ‌ကြောင့် လက်ရှိ မီးမ‌ပေးနိုင်‌သေးဟု ပြည်နယ်လျှပ်စစ်မှူး‌ပြော

‌ရေကြီးမှုအ‌ခြေအ‌နေများ‌ကြောင့် လက်ရှိ မီးမ‌ပေးနိုင်‌သေးဟု ပြည်နယ်လျှပ်စစ်မှူး‌ပြော

2683

ဩဂုတ် ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ယခုရက်ပိုင်းအတွင်း တစ်‌ကျော့ပြန် ‌ရေကြီးမှုများ‌ကြောင့် ဖားအံမြို့အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်‌ပေါ်‌စေ ‌ရေးအတွက် လတ်တ‌လော မီး‌ပေးရန် အ‌ခြေအ‌နေမရှိ‌သေး‌ကြောင်း ကရင်ပြည်နယ်၊ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်း‌ရွှေက ဩဂုတ် ၂၁ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ရေများ၊ ‌ရေနက်‌နေတဲ့ အနိမ့်ပိုင်း‌တွေ၊ လျှပ်စစ်အန္တရာယ်ရှိနိုင်တဲ့ လမ်း‌တွေ၊ ရပ်ကွက်‌တွေကို(လျှပ်စစ်မီး) ယာယီဖြတ်‌တောက်ထားတယ်။ ‌ရေကဘယ်အချိန်မှ ပြန်ကျမလဲဆိုတာ မသိနိုင်‌သေးဘူး။ ‌ရေ လုံးဝကျသွားပြီ ဆိုမှ မီးပြန်‌ပေးမှာပါ။ မီးရတာထက် လျှပ်စစ်အန္တရာယ်‌ကြောင့် လူ့အသက်‌တွေ ဆုံးရှုံးရမှာကို ပိုစိုးရိမ်လို့ ပါ”ဟု ‌ပြောသည်။

ထိုသို့ လျှပ်စစ်မီး ဖြတ်‌တောက်ထားရာတွင် ဖားအံမြို့‌ပေါ် ရပ်ကွက် (၉)ခု ထဲမှ အမှတ် (၁)၊ (၂)၊ (၃)၊ (၅)၊ (၇) စသည့် (၅)ရပ်ကွက် နှင့် ‌ရေဝင်‌ရောက်‌နေ‌သော အခြား‌နေရာများကိုလည်း မီးဖြတ်‌တောက်ထားရ‌ကြောင်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူများက ‌ပြောသည်။

လျှပ်စစ်အန္တရာယ်စိုးရိမ်ရသည့်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၂ဝ ရက်‌နေ့မှစတင်ကာ အနိမ့်ပိုင်း ‌ရေကြီးရပ် ကွက်အချို့တွင် မီးပျက်မှုများဖြစ်‌ပေါ်ခဲ့ပြီး အဆိုပါ လျှပ်စစ်မီးကိုသာ အဓိကထားအသုံးပြု‌နေရသူများအတွက် ချက်ပြုတ်စား‌သောက်နိုင်‌ရေးခက်ခဲမှုများ‌ကြောင့် အချိန်ပိုင်း မီး‌ပေးနိုင်ရန် ဖားအံမြို့ခံများက ‌ပြောဆိုအကြံပြုမှု များလည်း ရှိ‌နေသည်။

ယင်းအကြံပြုမှုများနှင့် ပတ်သက်၍လည်း လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်း‌ရွှေက “လူအသွားအလာမရှိနိုင်တဲ့ ညအချိန်မှာ မီး‌ပေးလိုက်မယ်ဆိုရင် ‌ရေက ညတွင်းချင်း လူအိပ်တဲ့အချိန်မှာလည်း တက်လာနိုင်တယ်။ ပြီးရင် လျှပ်စစ်အိုးတို့၊ လျှပ်စစ်ခလုတ်တို့ ဖွင့်မိ၊ ပိတ်မိတာ‌တွေလုပ်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်မှာစိုးလို့ ကျ‌နော်တို့က အချိန်ပိုင်းနဲ့လည်း မ‌ပေးတာ။ အရင်တ‌ခေါက်လည်း အဲဒီလိုပဲ လုပ်‌ပေးခဲ့ပါတယ်”ဟု ‌ပြောသည်။

ဖားအံမြို့တွင် ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၅ ရက်‌နေ့အထိ ပထမအကြိမ် ‌ရေကြီးမှု အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်အချို့တွင် တစ်ပတ်‌ကျော်ကြာ မီးပျက်မှုများဖြစ်‌ပေါ်ခဲ့ပြီး ယခုဩဂုတ် ၁၃ ရက်‌နေ့မှစတင်ကာ လက် ရှိ အချိန်အထိ ဒုတိယအကြိမ် ‌ရေကြီးမှု ထပ်မံဖြစ်ပွား‌နေခြင်းလည်း ဖြစ်သည်။