Home သတင်း ‌ရေတိုက်စားမှု‌ကြောင့် ကရင်ပြည်နယ်တွင် တံတား ၁ဝ စင်း ပျက်စီး

‌ရေတိုက်စားမှု‌ကြောင့် ကရင်ပြည်နယ်တွင် တံတား ၁ဝ စင်း ပျက်စီး

1842

ဩဂုတ် ၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မိုးကြီး‌ရေလျှံကာ ‌ရေတိုက်စားမှု‌ကြောင့် ကရင်ပြည်နယ်အတွင်း တံတား ၁ဝ စင်း ပျိုကျ‌မျှောပါပျက်စီးသွား ‌ကြောင်း ပြည်နယ် လမ်းဦးစီးဌာန ဦးစီးမှူး ဦး‌အေးသန်းက ယ‌နေ့(ဩဂုတ် ၃ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင် ၂၁ ရက်‌နေ့မှ ယ‌နေ့အထိ ပျက်စီးသွား‌သော တံတားများမှာ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံ-နဘူးလမ်းတွင် ၇ စင်း၊ လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းတွင် ၂ စင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် ၁ စင်းတို့ ဖြစ်‌ကြောင်း ဦး‌အေးသန်းမှ ယခုလို‌ပြောသည်။
̏
မိုးများလို့ ‌ရေတိုက်စားပြီး တံတား‌တွေ ကျိုးပဲ့တယ်။ ‌မျှောပါတယ်။ ပျက်စီးသွားတဲ့တံတား‌တွေမှာ သစ်သားတံ တားနဲ့ RCကွန်ကရစ် တံတားပါတယ်။ ပျက်သွားတဲ့‌နေရာမှာ ယာယီသွားလို့ရ‌အောင် ဘယ်ရီ(သံ‌ဘောင်) တံ တား‌တွေ ထိုး‌နေတယ်‌ပေါ့‌နော်။ ၅ စင်းအထိပြီးပါပြီ။ ကျန်တာဆက်ထိုး‌နေတုန်းပါပဲ”ဟု ‌ပြောသည်။

ပျက်စီးသွား‌သော တံတားများ၏ ကာလတန်ဖိုးမှာ ၂၂၆ သန်းကျပ်ရှိပြီး လာမည့်ဘဏ္ဍာနှစ်များတွင် နိုင်ငံ‌တော် ရံပုံ‌ငွေဖြင့် အမြဲတမ်း ကွန်ကရစ်တံတားများ အစားထိုး ပြန်လည်တည်‌ဆောက်သွားမည် ဖြစ်‌ကြောင်းလည်း ဦး ‌အေးသန်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်မှစတင်ပြီး ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ ‌ရေလွှမ်းမိုးမှုများ ‌ကြောင့် လမ်းတံတားများ ပျက်စီးမှုများဖြစ်‌ပေါ်ခဲ့သည့်အတွက် ပြည်သူလူထုများ၏ သွားလာ‌ရေးနှင့် ကုန်စည် စီးဆင်းမှုများတွင် အခက်အခဲများစွာ ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယ‌နေ့မနက် ၇ နာရီ တိုုင်းထွာချက်များအရ ရှမ်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့အတွက် ‌နောက် ၂ ရက်အတွင်း မိုးပိုများလာနိုင်‌ကြောင်း သတင်းထုတ်ပြန်ထားသည်။