Home သတင်း ‌ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု အ‌ရေးတယူရှိရန် အာဆီယံမြစ်‌ချောင်းအဖွဲ့များ ဆုံးဖြတ်

‌ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု အ‌ရေးတယူရှိရန် အာဆီယံမြစ်‌ချောင်းအဖွဲ့များ ဆုံးဖြတ်

2024
ဒုတိယအကြိမ် အာဆီယံ‌ဒေသတွင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ ဖိုရမ် (Photo_KIC)

ဩဂုတ် ၅ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်မှုလုပ်ငန်းများကို အာဆီယံ‌ဒေသအတွင်း နိုင်ငံများအ‌နေဖြင့် ပိုမိုသတိမူပြီး အ‌ရေးတယူဖြစ်လာ‌အောင် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း အာဆီယံ ၇နိုင်ငံမှ သဘာဝပတ်ဝန်းကျင်အ‌ရေး လှုပ်ရှား‌နေသည့် လူငယ်‌ခေါင်း‌ဆောင်များက ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်၊ သူးမွဲခီး‌ကျောင်း၌ ဩဂုတ် ၁ရက်မှ ၃ရက်‌နေ့အထိ ကျင်းပသည့် မြန်မာ အပါအဝင် ထိုင်း၊ လာအို၊ က‌မ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် စသည့် အ‌ရှေ့‌တောင်အာရှနိင်ငံ ၇နိုင်ငံမှ မြစ်‌ချောင်း‌စောင့်ကြည့် ‌ရေးအဖွဲ့မှ လူငယ်‌ခေါင်း‌ဆောင်များ ပါဝင်‌သော ဒုတိယအကြိမ် အာဆီယံ‌ဒေသတွင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ ဖိုရမ်တွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖိုရမ်ဖြစ်‌မြောက်‌ရေးတာဝန်ခံဖြစ်သူ ကရင်မြစ်‌ချောင်းများကွန်ရက်မှ ‌စောသာဘိုးက “ကျ‌နော်တို့ ဆုံးဖြတ်ချက်က‌တော့ ASEAN People Forum ကို သွားကြမယ်။ သွားပြီး‌တော့ ‌ဒေသမှာဖြစ်တဲ့ အချက်အလက်‌တွေကို Asian Region (ယခုနှစ် နိုဝင်ဘာလ တွင် စကင်္ာပူနိုင်ငံတွင် ကျင်းပမည်) တစ်ခုလုံးမှာ ပိုပြီး‌တော့မှ သတိမူမိလာ‌အောင် ကျ‌နော်တို့‌ပြောကြမယ်။ အဲလိုလုပ်တဲ့အခါမှာ ဘယ်လိုနည်းဗျူဟာ‌တွေနဲ့ လုပ်မလဲဆိုတာကို လူငယ်‌တွေနဲ့ တိုင်ပင်‌ဆွေး‌နွေးပြီး‌တော့မှ လူငယ့်အကြံဉာဏ်‌တွေနဲ့ အတူတူ ‌ဆွေး‌နွေးပွဲ ရယူတယ်‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သဘာဝပတ်ဝန်းကျင်၏ အရင်းအမြစ်များကို သုံးစွဲလိုက်ခြင်းအားဖြင့် ‌နောင်လာမည့် မျိုးဆက်သစ်များအတွက် ထား‌ပေးရမည့် အ‌မွေအနှစ်များသည် ၎င်းတို့အတွက် အခွင့်အ‌ရေး မည်သို့ထိခိုက်နစ်နာသည့်အ‌ကြောင်းကို သွား‌ရောက်‌ဟော‌ပြောလိုခြင်းဖြစ် သည်ဟု ‌စောသာဘိုးက ဆက်‌ပြောသည်။

သုံးရက်တာ ကျင်းပသည့် အဆိုပါ ဒုတိယအကြိမ် အာဆီယံ‌ဒေသတွင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ ့ဖိုရမ်တွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ရင်ဆိုင်ကြုံ‌တွေ့ရသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်မှုဆိုင်ရာ အခက်အခဲများကို ဖလှယ်ခြင်း၊ ‌ရေကာတာ တည်‌ဆောက်မှု၊ ‌ကျောက်မီး‌သွေး စွမ်းအင်ထုတ်လုပ်မှုနှင့် ရာသီဥတု‌ပြောင်းလဲလာမှုတို့‌ကြောင့် ဖြစ်‌ပေါ်လာသည့် ‌နောက်ဆက်တွဲ ဆိုးကျိုး အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာ ပညာရှင်အချို့ကလည်း ပလပ်စတစ် အသုံးပြုမှု‌ကြောင့် ဖြစ်‌ပေါ်လာသည့် ဆိုးကျိုးများနှင့် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးမှု‌ကြောင့် ‌နောင်လာမည့် မျိုးဆက်သစ်လူငယ်များ၏ အခွင့်အ‌ရေး ထိခိုက်နစ်နာမှုများကို လာ‌ရောက် ချပြ‌ဆွေး‌နွေးသွားခဲ့ကြသည်။

အာဆီယံ‌ဒေသအတွင်း ပလပ်စတစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများသည် စီးပွား‌ရေးသမားများအတွက် သာ အကျိုးရှိပြီး ‌ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့်အပြင် ဆိုးကျိုးများသာ ခါးစည်းခံ‌နေရသလို ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ‌ကြောင့် ‌နောင်လာမည့် မျိုးဆက်သစ်များအတွက် ‌ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အ‌မွေအနှစ်များ လက်ဆင့် ကမ်းနိုင်ရန် စိန်‌ခေါ်မှုများကြုံ‌နေရသည်ဟု ဖိလစ်ပိုင်နိုင်ငံ လူငယ်ကိုယ်စားလှယ် Ms. Rara က ဖိုရမ်တွင် ‌ပြောဆိုခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံတွင်လည်း သယံဇာတများ စည်းစနစ်မကျစွာ ထုတ်ယူသုံးစွဲမှု‌ကြောင့် ရာသီဥတု ‌ပြောင်းလဲလာမှု ‌နောက် ဆက်တွဲအဖြစ် ‌ရေကြီး‌ရေလျှံမှုများ ဖြစ်ပွားပြီး ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုများ ကြုံ‌တွေ့‌နေရပြီး ယခုအ‌ခြေအ‌နေကို အစိုးရအ ‌နေဖြင့် အချိန်ဆွဲမ‌နေသင့်ဘဲ အမြန်ဆုံးတုံ့ပြန်နိုင်ရန် သု‌တေသနလုပ်ငန်းများ ပြုလုပ်ပြီး နိုင်ငံအတွက် ‌ကောင်းမွန်သည့် မူဝါဒ များ ချမှတ်ရန် လိုအပ်‌ကြောင်းလည်း ‌စောသာဘိုးက ‌ပြောသည်။

“Our River, Our Life” ‌ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ အာဆီယံ‌ဒေသတွင်း မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့များ ဖိုရမ်သို့ အ‌ရှေ့‌တောင်အာရှနိုင်ငံ ၇နိုင်ငံမှ မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်‌ပေါင်း ၆ဝ‌ကျော် တက်‌ရောက်ခဲ့ကြသည်။ ၂၀၁၆ခုနှစ်မှစတင်ကျင်းပသည့် ၎င်းဖိုရမ်ကို ၂နှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ပထမအကြိမ်ကို က‌မ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည်။