Home သတင်း ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ရေး‌ဘေးသင့်ပြည်သူများ အကူအညီ ဆက်လက်လိုအပ်ဆဲ

‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ရေး‌ဘေးသင့်ပြည်သူများ အကူအညီ ဆက်လက်လိုအပ်ဆဲ

2359

ဩဂုတ် ၂ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း တစ်ပတ်‌ကျော်ကြာ စံချိန်တင် မိုး‌ရေကြီး မြစ်‌ရေချိန်မြှင့်တက်လာမှု‌ကြောင့် လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ကျေးရွာ‌ပေါ်(၁၅)ရွာတွင် ‌ရေ‌ဘေးသင့်ပြည်သူ‌ပေါင်း နှစ်‌ထောင်‌ကျော်အတွက် အကူ အညီများ လိုအပ်‌နေဆဲဖြစ်‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူများက ‌ပြောသည်။

မြ‌လေး ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောမျိုး‌မောင်‌မောင်က “ကျ‌နော်တို့ တစ်ကျွန်းလုံး ‌ရေမြှုပ်သွားတာ။ အခု‌ရေက နှစ်‌ပေ‌လောက်‌တော့ကျသွားပြီး။ ‌ရေကျသွား‌ပေမဲ့လည်း ကျ‌နော်တို့အဓိက စား‌သောက်ဖို့ လိုအပ်‌နေ တုန်းပဲ။ ‌ရေက ချက်ချင်း‌တော့မကျ‌သေးဘူး။ ကျ‌နော်တို့ကို ဆက်ကူညီဖို့ရှိမယ်ဆိုလည်း အကူအညီက ဆက်လို ‌နေတုန်းပါပဲ ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိတွင်လည်း ‌ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ ‌စေတနာရှင်များ၊ ကရင်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့နှင့် ရပ်‌ဝေး ကူညီကယ်ဆယ်‌ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိသူများမှ လိုအပ်သည့် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ‌ရေနှင့် ရိက္ခာ‌ခြောက်များကို လာ‌ရောက်လှူဒါန်း ကူညီထားမှုများရှိ‌သော်လည်း လက်ရှိအချိန်ထိ လုံ‌လောက်မှုမရှိ‌သေး ‌သော‌ကြောင့် ‌ဝေငှ‌ပေးမှုမပြုရ‌သေး‌ကြောင်းလည်း ‌စောမျိုး‌မောင်‌မောင်က ဆက်‌ပြောသည်။

‌ကော့လုံကျွန်း‌ပေါ်တွင် မြ‌လေး‌ကျေးရွာအုပ်စုမှ ‌ကျေးရွာ‌ပေါင်း ၆ရွာ၊ ကို‌မောင်‌ကျေးရွာအုပ်စုမှ ‌ကျေးရွာ‌ပေါင်း ၉ရွာ စုစု‌ပေါင်း‌ကျေးရွာ(၁၅)ရွာရှိကာ လူ‌နေအိမ်‌ခြေ‌ပေါင်း နှစ်‌ထောင်‌ကျော်ရှိပြီး အများစုမှာ ကိုင်းသီးနှံ နှင့် စပါး အဓိက စိုက်ပျိုးကြသည့်အတွက် လက်ရှိ‌ရေကြီးမှု‌ကြောင့် စိုက်ခင်းအားလုံး‌ရေ‌အောက်နစ်မြှုပ်သွားသည်ဟု ‌ဒေသခံများ က‌ပြောသည်။

‌ကော့လုံကျွန်း‌ဒေသခံ ‌နော်မုဒဲ က “‌ရေတက်လာ‌တော့ လူ‌တွေအပြင် ဝက်‌တွေ နွား‌တွေအကုန်လုံး ဒုက္ခ‌ရောက် ကုန်‌ရော။ စားဖို့‌သောက်ဖို့ အကုန် ‌ရေထဲမှာ ပါသွားတာပဲ။ ကျမတို့ စိုက်ပျိုးထားတာ‌တွေလည်း အကုန်‌ရေထဲ မြှုပ်ကုန်‌ရော။ အခုက စားဖို့ ဘာမှမရှိ‌တော့ဘူး။ စားဖို့မရှိ‌တော့ ဒီ‌ကော့လုံကြီး ဘုန်းကြီး ‌ကျောင်းမှာ လာ‌နေလာစား‌နေရတာ‌ပေါ့။ အရင်တုန်းက ဒီလို‌ရေကြီးတာမျိုးတစ်ခါမှမမြင်ဖူးဘူး” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ပြီးခဲ့သည့်လ ၂၂ရက်‌နေ့ကစ၍ ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်နှင့် ‌သောင်ရင်းမြစ်‌ရေ စံချိန်တင်မြှင့်တက်လာမှု‌ကြောင့် မြို့နယ် ၆ မြို့နယ်အတွင် ‌ရေကြီး‌ရေလျှံမှုများဖြစ်ကာ လူ‌နေအိမ်‌ပေါင်း (၇,၆၆၈)‌ရေနစ်မြှုပ်ခံခဲ့ရပြီး လူဦး‌ရေ ၃၇,၆၉၉ဦးအတွက် ‌ရေ‌ဘေးစခန်း (၅၃)‌နေရာဖွင့်လှစ်ထား ‌ပေး‌နေရဆဲဖြစ်သည်။