Home သတင်း ‌ကော့ကရိတ်- အိန္ဒု လမ်းပျက်မှု‌ကြောင့် သွားလာ‌ရေးခက်ခဲ‌နေ

‌ကော့ကရိတ်- အိန္ဒု လမ်းပျက်မှု‌ကြောင့် သွားလာ‌ရေးခက်ခဲ‌နေ

2335

ဩဂုတ် ၁၇ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နိုင်ငံတကာ အာရှလမ်းမ စီမံကိန်းအတွက် China Road and Bridge Corporation -CRBC ကုမ္ပဏီမှ ‌ဖောက် လုပ်‌နေသည့် ‌ကော့ကရိတ်မှ အိန္ဒု‌ကျေးရွာအထိ လမ်းပိုင်းစီမံကိန်းတွင် ယခုတ‌လော မိုးများပြီး လမ်းပျက်စီးမှုများဖြစ်‌ပေါ် ‌နေသည့်အတွက် ကားများသွားလာရ အခက်အခဲနှင့် ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

အဆိုပါ လမ်းပိုင်းတွင် လက်ရှိအချိန်၌ ရွှံ့ ဗွက်များ အဆမတန်ဖြစ်‌ပေါ်‌နေသည့်အတွက် ‌နေ့စဉ်သွားလာသည့် ကားကြီး၊ ကားငယ်များသွားလာ‌ရေးအတွက် ခက်ခဲမှုများဖြစ်‌ပေါ်‌နေပြီး လမ်းမကြာခဏပိတ်ဆို့မှုများနှင့် ကြုံလာရသည်ဟု ‌ဒေသခံတစ်ဦးဖြစ်သည့် ‌စောငြိမ်းဖြူက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ လမ်းက လုံးဝကို သွားလာလို့အဆင်မ‌ပြေ‌တော့တာ ။ ကားငယ်‌တွေ သွားရင် ဗွက်မြှုပ်‌တော့ ကားဖိုးဝှီး( Four Wheel) နဲ့မှ သွားရတယ်။ အခုတ‌လောကုမ္ပဏီက ဒီလမ်းကို ပြုပြင်တာ သိပ်မ‌တွေ့ရ‌တော့ဘူး။ ကားပိတ်တာလည်း ၃ရက် ရှိပြီ။ သွားလာ‌ရေးအပိုင်း အရမ်းအခက်အခဲဖြစ် တယ်။ လမ်းနဂိုရှိကတည်းက အဆင်‌ပြေတယ်။ သူတို့ပြင်မှ ပိုဆိုးသွားတယ်”ဟု ၎င်းက ‌ပြောသည်။

လမ်းပျက်ဆီးမှုများ‌ကြောင့် လမ်း‌ကြောတစ်‌လျှောက်တွင်‌နေထိုင်သည့် ‌ဒေသခံများနှင့် ‌ကျောင်းသူ၊ ‌ကျောင်း သားများ သွားလာ‌ရေး အခက်အခဲရှိသလို ယင်းလမ်း‌ကြောကို မှီခိုပြီး အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရသည့် ကားသမားများအတွက်လည်း အခက်အခဲဖြစ်‌ပေါ်‌နေသည့်အတွက် အချို့ မှာ ဇာသပြင်-ကျားက‌လေး လမ်း ပိုင်းကို ပြန်လည်အသုံးပြုသွားလာရသည်ဟု သိရသည်။

ထို့အပြင် အဆိုပါ လမ်းပိုင်း‌ဖောက်လုပ်‌နေမှုများ လတ်တ‌လောရပ်တန့်‌နေ‌ကြောင်း နှင့် အာရှဖွံ့ဖြိုး‌ရေးဘဏ် ADB မှ ဘတ်ဂျက်‌ငွေ ချ‌ပေးခြင်းမရှိ‌တော့သည့်အတွက် လမ်းပြုပြင်‌ရေးလုပ်ငန်းများ ရပ်တန့်လိုက်ပြီးဖြစ်‌ကြောင်း အသိ‌ပေး အ‌ကြောင်းကြားစာများကို ‌ကျေးရွာအတွင်း လိုက်လံကပ်ထားမှုရှိ‌နေသည်ဟုလည်း ‌ဒေသခံများ ‌ပြောဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး လမ်းဦးစီးဌာန ဖားအံခရိုင် လက်‌ထောက်ညွှန်ကြား‌ရေးမှူးဦး‌ကျော်‌ဇေယျက “သူတို့ စာလိုက်ကပ်တာ ၁၃ရက်‌နေ့ ၊ လူကြီး‌တွေအဆင့်ဆင့်ပြန်အ‌ကြောင်းကြားပြီး ၁၄ ရက်‌နေ့မှာ‌တော့ ‌ဆောက်လုပ် ‌ရေး ဝန်ကြီးဌာန ၊ ‌နေပြည်‌တော်ရုံးချုပ်မှာ ဒုတိယဝန်ကြီးရယ်၊ ADB ဘဏ်အဖွဲ့အစည်း၊ ပြီး‌တော့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူရယ်၊ ကျ‌နော်တို့‌ခေါ်ထားတဲ့ အဖွဲ့‌တွေနဲ့‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလုပ်ပြီး ဒီစာကပ်တဲ့အ‌ကြောင်းအရင်း‌တွေနဲ့ ပတ်သက်ပြီးပြန်ခွာဖို့ ပြီး‌တော့ လမ်းဆက်လုပ်‌ဆောင်ဖို့ သ‌ဘောတူညီချက်ပြန်ရရှိပြီ။ အခုလည်း CRBC ကုမ္ပဏီက လမ်းပျက်တာ‌တွေကို လိုက်ပြုပြင်‌နေပါတယ်။ ‌ကျောက်‌တွေလည်း လိုက်ထည့်‌နေပြီ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လမ်းစီမံကိန်းကို ADB ဘဏ်မှ ‌ချေး‌ငွေထုတ်‌ပေးပြီး ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနမှ မဟာမဲ‌ခေါင် ‌ဒေသခွဲ အ‌ရှေ့-အ‌နောက် စီးပွား‌ရေး စကြင်္န်လမ်း၊ ‌ကော့ကရိတ်-အိန္ဒု လမ်းပိုင်းအဖြစ် အ‌ကောင်အထည် ‌ဖော်ရန်အတွက် CRBC ကုမ္ပဏီကို ‌ဆောက်လုပ်ခွင့်‌ပေထားကာ စီမံကိန်းနှစ်မှာ ၂၀၁၆ ခုနှစ်မှစတင်ပြီး ၂၀၁၉ခုနှစ်အထိ လျာထားချက်ရှိသည်ဟု သိရသည်။