Home သတင်း ဧရာတိုင်းအဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနား ကရင်‌ရေးရာဝန်ကြီး တက်‌ရောက်ဖွင့်လှစ်

ဧရာတိုင်းအဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနား ကရင်‌ရေးရာဝန်ကြီး တက်‌ရောက်ဖွင့်လှစ်

2505

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့၊ မြို့‌တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲကို တိုင်း‌ဒေသကြီးတိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ကိုယ်တိုင် တက်‌ရောက်ဖွင့်လှစ်ပြီး အခမ်းအနားကို ‌အောင်မြင်စွာ ကျင်းပနိုင်ခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ (ဩဂုတ်လ ၁၅ရက်)တွင် ကျင်းပပြုလုပ်သည့် အဆိုပါချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားကို တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး မြို့နယ်(၂၆)မြို့နယ်ရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ၏ ပါဝင် အားဖြည့်မှုများဖြင့် ကျင်းပခဲ့ကြခြင်းလည်းဖြစ်သည်။

ကျင်းပ‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး မန်းလှသိန်းက “ခရစ်ယာန် အများစုက ရိုးရာမရှိဘူးလို့ ယူဆထားတာ ရှိတယ်။ ကျ‌နော်က လည်း ခရစ်ယာန်ဘာသာဝင်တစ်‌ယောက်ပဲ။ အမှန်‌တော့ ဒါက ဘိုးဘွားစဉ်ဆက်ကတည်းက ဒီရိုးရာ‌တွေကို လုပ်လာခဲ့တာပဲ။ ခုလို ပွဲကျင်းပတဲ့အခါကျ‌တော့ ကရင်လူမျိုးအကုန်လုံးအတွက် ရိုးရာတစ်ခုမှန်း ပို‌သေချာသွားတယ်။ တိုင်းအဆင့် လုပ်လိုက်တဲ့ အတွက် ကိုယ့်လူမျိုးအတွက်လည်း ပိုပြီး‌တော့ ဂုဏ်တက်‌စေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့အခမ်းအနားကို ဧရာဝတီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး‌အောင်၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ နှင့် တိုင်းလွှတ်‌တော်ဥက္ကဌ ဦး‌အောင်‌ကျော်နိုင် အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များနှင့် စာယဉ်‌ကော်မတီ ဝင်များ အပါအဝင် လူ ၆၀၀‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြ‌ကြောင်း သိရသည်။

တိုင်းအဆင့်ကျင်းပသည့် အခမ်းအနားကို ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဖားစည် ၉ချက်တီးပြီး ကရင်ရိုး ရာတူရိယာတစ်မျိုးဖြစ်သည့် ကျွဲချိုကိုမှုတ်ကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး တက်‌ရောက်လာသူများအား ကရင်အဘိုးအဘွား များက လိပ်ပြာ‌ခေါ်ချည်ဖြူဖွဲ့‌ပေးခြင်း၊ ကရင်ရိုးရာ ဒုံးအကဖြင့် ကပြ‌ဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်း၌ ကရင့်‌ရေးရာဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ရာတွင် ကရင်အသိုင်းအဝိုင်းများအကြား ‌ဝေဖန်‌ပြောဆိုမှုများ ကြုံ ‌တွေ့‌နေရသည့် ဂါ့မိုးမြတ်မြတ်သူ ကိုယ်တိုင် ပါဝင်သည့် ယခုအခမ်းအနားကို ‌အောင်မြင်စွာ ကျင်းပနိုင်ခဲ့‌သော်လည်း အခြား ‌သော ကရင်‌နေ့ထူး‌နေ့မြတ်များအတွက် ရည်စူးကျင်းပသည့် အခမ်းအနားပြုလုပ်ရာတွင် တားဆီးပိတ်ပင်မှုများနှင့် ကြုံ‌တွေ့‌နေရ ဆဲဖြစ်‌ကြောင်း ကရင့်အ‌ရေးအရာ လှုပ်ရှား‌ဆောင်ရွက်သူများက ‌ပြောဆိုသည်။

‌မြောင်းမြကရင်စာယဉ် ဥက္ကဌ မန်းထွန်းလင်းက “ဒါမျိုးက မဖြစ်သင့်ဘူး‌ပေါ့။ လက်ချည်ပွဲဆိုတာ ကရင်လူမျိုး‌တွေ အထွဋ်အမြတ် ထားရတဲ့‌နေ့ဖြစ်သလို အခုတစ်ချို့မြို့နယ်‌တွေမှာ အတားဆီးခံရတဲ့ အာဇာနည်‌နေ့ဆိုတာကလည်း အတူတူပဲ‌ပေါ့။ ဥပမာ ရန် ကုန်တိုင်းက ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး တာဝန်ယူသွားသလိုမျိုး အခြားတိုင်း‌ဒေသကြီး‌တွေက ကရင်‌ရေးရာဝန်ကြီး‌တွေ ကလည်း ဒါကို တာဝန်ယူပြီး ‌ဆောင်ရွက်သင့်တယ်လို့‌တော့ ထင်ပါတယ်”ဟု ‌ပြောသည်။

ကရင်လူမျိုးတို့၏ ရိုးရာယဉ်‌ကျေးမှုတစ်ခုဖြစ်သည့် စု‌ပေါင်းချည်ဖြူဖွဲ့ အခမ်းအနားကို ယခင်က ကရင်ပြည်နယ်အတွင်း၌သာ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၂‌နောက်ပိုင်းမှစတင်ကာ ကရင်လူမျိုးများ‌နေထိုင်ရာ အခြား‌ဒေသများဖြစ်သည့် ရန်ကုန် တိုင်း‌ဒေသကြီးနှင့် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် ကျင်းပလာခဲ့ကြသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာ (လက်ချည်ပွဲ)ကို ယခုနှစ်တွင် ပထမဆုံးအကြိမ် တိုင်းအဆင့်အ‌နေဖြင့် ဧရာဝတီတိုင်း‌ဒေသကြီးအ တွင်းရှိ မြို့နယ်များစု‌ပေါင်းပြီး ကျင်းပသွားမည်ဖြစ်သလို ရန်ကုန်တိုင်း ‌ဒေသကြီးတွင်လည်း အလားတူ တိုင်းအဆင့် လက်ချည်ပွဲ ကို ဩဂုတ်လ ၂၈ရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ MCC ခန်းမ (Myanmar Convention Center)၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။