Home ဆောင်းပါး ယမ်း‌ငွေ့နဲ့အတူ ချန်ထားခဲ့ရတဲ့ မိရိုးဖလာများ

ယမ်း‌ငွေ့နဲ့အတူ ချန်ထားခဲ့ရတဲ့ မိရိုးဖလာများ

3633

နန်း‌ဝေဖြိုးဇာ
ဩဂုတ် ၁၇ရက်၊ ၂ဝ၁၈ခုနှစ်။

လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မဲ့သ‌ဝေါတိုက်ပွဲ‌တွေ‌ကြောင့် အဲဒီက ‌ဒေသခံ‌တွေဟာ အိုးအိမ်စွန့်ပြီး မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းမှာ ခိုလှုံ‌နေရတာဟာ အခုဆို ၂ နှစ်နီးပါးရှိ‌နေပြီဖြစ်ပါတယ်။ သူတို့‌တွေ စစ်‌ဘေး‌ရှောင်ခါစ အချိန်မှာ‌တော့ မြို့ပြယဉ်‌ကျေးမှုနဲ့ သိပ်မစိမ်းတဲ့ ကျမတို့အ‌နေနဲ့ ‌တွေ့မြင်ရခဲ့တဲ့ ထူးခြားမှု‌လေး‌တွေ သူတို့‌တွေဆီမှာ ‌တွေ့မြင်ခဲ့ရတယ်။ က‌လေး သူငယ်အစ လူကြီး၊ လူငယ်အဆုံး အားလုံးလိုလိုကိုမြင်ရတာ အ‌ရောင်အ‌သွေးစုံတဲ့ ကရင်အကျင်္ီကိုယ်စီနဲ့မို့ ‌တော်‌တော်‌လေးကို အမြင်ဆန်းလှပါတယ်။

အထုပ်အပိုး‌တွေ ဝန်စည်စလယ်‌တွေ ကိုယ်စီနဲ့ ‌ဟောင်းနွမ်း‌ပေမယ့်အ‌ရောင်စုံလှတဲ့ ကရင်ရိုးရာဝတ်စုံ‌တွေကို သက်ကြီးရွယ်အို၊ အပျို၊ အအို၊ လူငယ်နဲ့ က‌လေးကအစ ဝတ်ဆင်ထားတာကို ‌တွေ့မြင်ရပြီး အချို့ သက်ကြီး ရွယ်အို‌တွေမှာ‌တော့ ‌ခေါင်း‌ပေါင်း‌တွေ နဲ့ ပြီး‌တော့ မဟူရာ‌ရောင် သွားကျဲကျဲ‌လေး‌တွေကြား ‌နေရာဝင်ယူထားတဲ့ ‌ဆေးတံကလည်း တဖွာဖွာနဲ့ဆို‌တော့ ကျမအဖို့ အ‌တော်ကို ‌ငေး‌မောစရာဖြစ်‌နေခဲ့တာ‌ပေါ့။

စစ်‌ပြေး‌ရှောင်စခန်းမှာ ရက်ပိုင်း‌လောက်သာ ‌နေရမယ်ထင်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ‌ပြေးလာခဲ့ရာက‌နေ မထင်မှတ်ဘဲ အခုလိုပတ်ဝန်းကျင်အသစ်မှာ မိသားစုကိုယ်စီနဲ့ အစိမ်းသက်သက် ‌နေထိုင်ရင်းနဲ့ ကာလကြာတဲ့အချိန်မှာ‌တော့ လူသား‌တွေဖြစ် ကြတဲ့ သူတို့‌တွေရဲ့ ‌မျှော်လင့်ချက်‌တွေ၊ အနာဂတ်‌တွေ၊ ရည်မှန်းချက်‌တွေဟာ ထမင်းတစ်နှပ်စားရဖို့ တန်းစီ‌စောင့်‌နေရတဲ့ လက် ‌တွေ့ဘဝ ‌နေ့ရက်‌တွေကြားမှာ တဖြည်းဖြည်းနဲ့ ‌မှေးမှိန်‌ပျောက်ကွယ်‌နေပြီးလားဆိုတာ ယ‌နေ့အထိ ‌တွေးပူစရာတစ်ခုအဖြစ် ရှိ‌နေ ဆဲပါ။

ဒီစစ်‌ဘေး‌ရှောင်စခန်းမှာ ခိုလှုံ‌နေရဆဲသူ‌တွေဟာ မဲ့သ‌ဝေါ၊ မြိုင်ကြီးငူ အနီးတဝိုက်မှာရှိတဲ့ ‌တော‌တောင်‌တွေ၊ ‌ကျေးလက်‌ဒေသ ‌တွေမှာ ရိုးသားစွာ အသက်‌မွေးဝမ်း‌ကျောင်းပြုရင်း ‌နေထိုင်ခဲ့ကြတဲ့ ကရင်လူမျိုးမိသားစု‌တွေပါ။ အများစု သတိထားမိတာက သူတို့ရဲ့‌နေအိမ်၊ သူတို့ရပ်ရွာ၊ စည်းစိမ်၊ ဥစ္စာ‌တွေ ဆုံးရှုံးခဲ့ရတာ‌လောက်ပဲ ဖြစ်ချင်ဖြစ်‌ပေမယ့် တကယ့်လက်‌တွေ့မှာ‌တော့ အဲဒါ ‌တွေတင်မကဘဲ သူတို့‌တွေ ထိန်းသိမ်းလာတဲ့ မိရိုးဖလာ၊ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှုအပြင် အမြင်မဆန်း‌တော့တဲ့ ဝတ်စားဆင်ယင် မှု‌တွေနဲ့ သူတို့‌တွေ ‌နေသားကျလာခဲ့ရပါတယ်။

“ဒီလိုအကျင်္ီ‌တွေက ဝတ်ချင်လို့ ဝတ်တာမဟုတ်ပါဘူး။ ‌ရွေးစရာ မရှိလို့ပါ။ အရင်က ဝတ်‌နေတဲ့ ကိုယ်တိုင်ရက်တဲ့ အထည်‌တွေပဲ ဝတ်ချင်တယ်။ ဒီမှာလာကတည်းက ကိုယ်ဝတ်‌နေကျ ဝတ်စုံအပိုတစ်စုံပဲ ပါတယ်။ ပြန်ရက်ဖို့လည်း ချည်မဝယ်နိုင်ဘူး။ အဲဒါ ‌ကြောင့် သူများ‌ဝေတဲ့ အကျင်္ီ‌တွေပဲ ဝတ်ရတာ‌ပေါ့”ဆိုပြီး Love You Baby စာတန်းပါ တီရှပ်အကျင်္ီဝတ်ထားတဲ့ အသက် ၅ဝ ‌ကျော်အရွယ် ‌နော်မူးမူးက ၂၀၁၈ခုနှစ်၊ ဩဂုတ်လဆန်းပိုင်း သူတို့ဆီ‌ရောက်သွားတဲ့အချိန်မှာ ‌ပြောပြပါတယ်။

စစ်‌ဘေး‌ရှောင်စဉ်က ပါလာတဲ့ ရိုးရာဝတ်စုံ‌တွေကို‌တော့ အချို့က ‌နေ့ကြီးရက်ကြီးနဲ့ အလှူရှင်ကြီး‌တွေ လာတဲ့အချိန်‌တွေမှာသာ ထုတ်ဝတ်ရ‌တော့တဲ့ အ‌ခြေအ‌နေဖြစ်‌နေပါပြီ။ သူတို့မှာပါလာတဲ့ ရိုးရာဝတ်စုံ‌တွေက ဘယ်‌လောက်ပဲ ‌ဟောင်းနွမ်းပါ‌စေ သူတို့အ တွက်‌တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အဝတ်အထည်‌တွေပါ။

သူတို့‌တွေ အများစုက ချက်မြှုပ်ရာဇာတိ၊ အမှီအခိုပြုခဲ့ရတဲ့ ‌တော‌တောင်‌တွေထဲမှာ ‌နေထိုင်ခဲ့စဉ်က‌တော့ ကိုယ်တိုင်စိုက် ဝါဂွမ်းနဲ့ ရက်လုပ်ထားတဲ့ ဂျပ်ခုပ်အထည်‌တွေကိုပဲ ဝတ်ဆင်‌နေခဲ့ကြတာပါ။ အနှစ်နှစ်အလလ အားသွန်ခွန်စိုက် တန်ဖိုးထားရက်လုပ်ထား တဲ့ သူတို့ရိုးရာဝတ်စုံ‌တွေကိုလည်း မစိမ်း‌တော့တဲ့‌သေနတ်သံ‌တွေနဲ့ လူစိမ်းစိမ်း‌တွေ(စစ်သား)အကြား ထားခဲ့ရတာ အ‌တော်‌လေး ကြာခဲ့ပါပြီ။

“ ဒီမှာပြန်‌နေပြီးသိပ်မကြာဘူး။ အန္တရာယ်ကြားက ရွာကိုတစ်ခါပြန်သွားကြည့်တယ်။ ကျ‌နော်တို့ မရှိ‌တော့တဲ့အချိန် စစ်သား‌တွေ က ကျ‌နော်တို့အိမ်က ပစ္စည်း‌တွေ တက်ယူတယ်။ သူတို့မယူတဲ့ ကျ‌နော်တို့ အကျင်္ီ၊ ‌စောင်‌တွေက လမ်း‌ဘေးမှာ ပစ်ချထားတယ်။ မြင်လို့‌တောင်မ‌ကောင်းဘူး။ အထည်‌တွေက သူတို့အတွက် တန်ဖိုးမရှိ‌ပေမယ့် ကျ‌နော်တို့အတွက် တန်းဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းပါ။ ကျ‌နော်တို့က ပိုင်ဆိုင်တာဆိုလို့ ရိုးရာ အထည်‌တွေပဲရှိတယ်။ အနှစ်နှစ်၊ အလလ ရက်ထားတဲ့အထည်‌တွေ နှ‌မြောတယ်”လို့ ရွာပြန်ဖူးတဲ့ ‌စောနယ့် ကူက ‌ပြောပါတယ်။

အခု‌တော့ သူတို့‌တွေဟာ ရိုးရာဝတ်စုံ ရက်ယူနိုင်ဖို့ ကိုယ်တိုင်စိုက်ယူတဲ့ ဝါဂွမ်းချည်အစား မြို့က‌ဈေး‌တွေမှာ အလွယ်တကူ ဝယ် လို့ရတဲ့ ချည်ရရုံ‌လောက်နဲ့တင် အ‌ထောက်အကူဖြစ်မှာ‌တော့ အမှန်ပါပဲ။ ဘယ်လိုပင်ဖြစ်‌နေပါ‌စေ။ အနည်းဆုံး‌တော့ သူတို့ရဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့ ဂျပ်ခုပ်အထည်ရက်လုပ်တဲ့ အတတ်ပညာ‌တွေ မ‌ပျောက်ပျက်သွားဘဲ ထိန်းသိမ်းရာလည်း ‌ရောက်ပါ တယ်။ ဒါ‌ပေမယ့်လို့ ‌ငွေအရင်းအနှီးထက် ဝမ်းစိုဖို့ ‌နေ့စဉ်နဲ့အမျှ ဆု‌တောင်း‌နေရတဲ့ သူတို့အဖို့ ချည်ဝယ်ပြီး ရက်လုပ်ဖို့ဆိုတာက အခုထိ ‌မျှော်လင့်တာထက်‌တော့ မပိုနိုင်‌သေးပါဘူး။

ကိုယ်တိုင်လည်း စစ်‌ဘေး‌ရှောင်ဖြစ်‌နေသူဖြစ်ပြီး စစ်‌ရှောင်စခန်း တာဝန်ရှိသူလည်းဖြစ်တဲ့ ‌စော‌ရွှေထွန်းက “စစ်‌ပြေး‌ရှောင်‌တွေအ တွက် အလှူရှင်‌တွေက‌နေပြီး ချည်‌တွေလာပြီး လှူဒါန်း‌ပေးနိုင်ရင် ရိုးရာဝတ်စုံ ရက်လို့ ရမယ်။ အမျိုုးသမီး‌တွေအတွက် တစ်ဖက် တစ်လမ်းက‌နေ အလုပ်အကိုင်အခွင့်အလမ်း အ‌ထောက်အကူပြုမိမှာအမှန်ပဲ”လို့ ‌ပြောပါတယ်။

ရိုးရာဓ‌လေ့ ဆက်ကပ်မှုမှာ သူရဲ‌ကောင်းဝင်လုပ်‌နေရတဲ့ “ပဲပြား”

အမှန်တကယ်ဆိုရင် ကရင်လူမျိုးများဟာ ‌ရှေးဘိုးဘွား ဘီဘင်လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ ရိုးရာအထည်‌တွေ ကို ဝတ်ဆင်တာတင်မကဘဲ ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ ရိုးရာဓ‌လေ့‌တွေလည်း ရှိ‌နေပြန်ပါတယ်။ ကရင်လူမျိုးအများစုဟာ ယ‌နေ့ အထိ လိပ်ပြာ‌ခေါ်လက်ချည်တဲ့ အ‌လေ့အထ ယုံကြည်မှုတစ်ခုရှိ‌နေဆဲပါ။

တချို့က‌တော့ မိသားစုဝင်တစ်ဦးဦးက ‌နေမ‌ကောင်းသည်ဖြစ်‌စေ၊ ခရီး‌ဝေးတစ်ခုခုသွားရမယ့်အခါမှာဖြစ်‌စေ၊ မဂင်္လာ‌ဆောင်တာ မှာဖြစ်‌စေ၊ ရိုးရာနတ်အတွက် (သို့မဟုတ်) ဘိုးဘွား‌တွေအတွက် အရပ်သုံးစကား(နတ်စား-အင်းဃှယ်) တဲ့အခါ‌တွေမှာ လက် ချည်ရတဲ့ ရိုးရာဓ‌လေ့‌တွေရှိကြပါတယ်။ အဲဒီဓ‌လေ့‌တွေဟာ စစ်‌ပြေး‌ရှောင်စခန်းမှာ ခိုလှုံ‌နေရတဲ့ ကရင်မိသားစုဝင်‌တွေအဖို့မှာ ‌တော့ ၂နှစ်တာ အချိန်ကာလအတွင်းမှာ ‌ပြောင်းလဲမှု‌တွေနဲ့ စတင် ကြုံ‌တွေ့‌နေရပါပြီ။

ကရင်လူမျိုးများရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့သက်ဆိုင်တဲ့ အချို့‌သောရိုးရာဓ‌လေ့‌တွေမှာ အမြဲလိုလို ပါဝင်‌နေတာက‌တော့ “‌ကောက် ညှင်း”ဆန်ပါ။ ဘာလို့လဲဆို‌တော့ ‌ကောက်ညှင်းဆန်ဟာ သာမန် ဆန်‌တွေလိုမဟုတ်ဘဲ အလွယ်တကူ ‌စေးကပ်ပြီး စည်းလုံးတဲ့ အဓိပ္ပါယ်ကို ‌ဖော်‌ဆောင်လို့ပဲ ဖြစ်ပါတယ်။ သာမန်ကရင်မိသားစု‌တွေ ‌ကောက်ညှင်းကို ‌ဈေးထဲမှာ အလွယ်တကူဝယ်ယူပြီး စားသုံး‌နေတဲ့အချိန် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင် ကရင်မိသားစု‌တွေက‌တော့ အိမ်သားတစ်ဦးဦး‌နေမ‌ကောင်းဖြစ်လို့ လက်ချည်‌ပေး ရတဲ့အခါ ‌ကောက်ညှင်းဆန်အစား လက်ရှိသူတို့မှာ အလွယ်တကူ ရရှိတဲ့ “ပဲပြား”နဲ့ပဲ လက်ချည်‌ပေး‌နေရပါတယ်။

“ပဲပြား”နဲ့ လက်ချည်တယ်ဆိုတာ ကျမတစ်သက် ကြားဖူးခဲ့တာမရှိခဲ့‌ပေမယ့် မလုပ်မဖြစ် စွဲကိုင်ထားတဲ့ ယုံကြည်သက်ဝင်မှု မိရိုး ဖလာဓ‌လေ့တစ်ခုကို မ‌ပျောက်ဖို့အတွက် ရှိတာ‌လေးနဲ့ ဖြစ်‌အောင်လုပ်နိုင်တဲ့ မြိုင်ကြီးငူ စစ်‌ပြေး‌ဘေး‌ရှောင်ပြည်သူ ကရင်မိသား စု‌တွေကို စိတ်ထဲမှာ ချီးကျူးမိသလို စိတ်မ‌ကောင်းလည်းဖြစ်မိပါတယ်။

“ဒီမှာလာ‌နေတာ သက်သတ်လွတ်ပဲ စားရတယ်။ ဒီ‌နေရာမှာ ဟင်း‌ကောင်းက ပဲပြားပဲဖြစ်တဲ့အတွက် လက်ချည်ဖို့လာအပ်တဲ့ခါ ပဲပြားနဲ့ပဲ လုပ်ဖြစ်လိုက်တယ်။ ပဲပြားကလည်း စခန်းထဲမှာ လိုချင်တဲ့အချိန်တိုင်း ရှိတာ မဟုတ်ပါဘူး။ လိုရင်ဆိုင်မှာ သွားဝယ်ယူ ရတယ်။ ပဲပြားနဲ့သုံး‌တော့ တချို့လည်း လိုက်သုံးတယ်”လို့ ‌နော်ဝီ့က‌တော့ ‌ပြောပြပါတယ်။

အခု သူတို့‌တွေ ခိုလှုံ‌နေရတဲ့ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းဆိုတာ မြိုင်ကြီးငူဆရာ‌တော်ဘုရား ဦးသုဇနရဲ့ သက်သတ်လွတ်နယ် ‌မြေ ဖြစ်ပါတယ်။ ဒါက အချိန်တိုအတွင်းမှာ သူတို့ယုံကြည်တဲ့ ရိုးရာဓ‌လေ့ လက်ချည်ခြင်း အမှုတစ်ခုအတွက် ရှိတာ‌လေးနဲ့ပဲ အဆင်‌ပြေ‌အောင် ‌ဖြေရှင်းလုပ်‌ဆောင်သွားရ‌ပေမယ့် ‌နောင်နှစ်ကြာလာတဲ့အခါ အရင်က သူတို့‌ဒေသရဲ့ လက်ချည်ပွဲ‌တွေမှာ မပါ မဖြစ်တဲ့ “‌ကောက်ညှင်း”အစား “ပဲပြား”က ‌နေရာဝင်ယူသွား‌လေမလား ………‌ပေါ့။

အခုချိန်မှာ ကရင်ပြည်နယ်အတွင်းသာမက အခြား‌သော ‌နေရာ‌ဒေသ‌တွေမှာ ပျံ့နှံ့‌နေထိုင်‌နေကြတဲ့ ကရင်လူမျိုးများက‌တော့ အခက်အခဲ‌တွေ၊ စိန်‌ခေါ်မှု‌တွေကြားမှာ ဘိုးဘွားစဉ်ဆက်ကတည်းက ရှိထားတဲ့ ဓ‌လေ့ထုံးတမ်းအစဉ်အလာ‌တွေကို ဆက်လက် ထိန်းသိမ်းသွား‌နေကြဆဲဖြစ်သလို “အပိုအလုပ်တစ်ခု ရှုပ်တယ်”လို့ သတ်မှတ်ပြီး အချို့က‌တော့ တဖြည်းဖြည်း စွန့်ခွာပစ်ပယ်‌နေ ကြတာ‌တွေလည်း ရှိ‌နေတာကို ‌တွေ့လာ‌နေရပါပြီ။

ဒါ‌ပေမယ့် ဒီလိုရိုးရာ၊ ဓ‌လေ့ထုံးတမ်း အစဉ်အလာ‌တွေကို မ‌ပျောက်ပျက်‌အောင် ဆက်လက်ထိန်းသိမ်းချင်‌နေ‌သေးတဲ့ မဲ့သ‌ဝေါ ‌ဒေသက စစ်‌ပြေး‌ရှောင်‌တွေအတွက်က‌တော့ အ‌ခြေအ‌နေက သိပ်ပြီးမျက်နှာသာမ‌ပေးပါဘူး။

ကရင်လူမျိုးအများစုမှာ မိရိုးဖလာနဲ့ပတ်သက်ပြီး အစဉ်အလာ အမျိုးမျိုးရှိ‌နေပါ‌သေးတယ်။ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းမှာ ခိုလှုံ‌နေရတဲ့ ကရင်မျိုးနွယ်စု အများစုကလည်း အဲဒီမိရိုးဖလာ၊ ရိုးရာဓ‌လေ့‌တွေကို ထိန်းသိမ်းတဲ့အထဲမှာ သူတို့‌တွေလည်း ပါဝင် ‌နေဆဲပါ။ တစ်နှစ်တစ်ကြိမ် မိသားစုထမင်းဝိုင်းကြီးလို့‌ခေါ်တဲ့ (နတ်စား- အင်းဃှယ်)ဓ‌လေ့ကိုလည်း စစ်‌ဘေးမ‌ရှောင်ရခင်က သူတို့ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ဓ‌လေ့‌တွေကို ထိန်းသိမ်းသူ‌တွေအ‌နေနဲ့ အဲဒါ‌တွေကို မပူ‌ဇော်ဘဲ၊ မပြု လုပ်ဘဲ‌နေရင် မိသားစုအတွင်း ‌နေမ‌ကောင်းတာ‌တွေ အလုပ်အကိုင် အဆင်မ‌ပြေတာ‌တွေနဲ့ ကြုံရတတ်တယ်လို့ အယူရှိထားကြ တာပါ။

စစ်‌ဘေး‌ရှောင်စခန်းထဲမှာ ခိုလှုံ‌နေတဲ့ ကရင်မိသားစုဝင်အချို့က‌တော့ အဲဒီအယူ‌တွေကို ဆုပ်ကိုင်ထိန်းထား‌နေ‌သေး‌ပေမယ့် လည်း အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် ရိုးရာလုပ်ဖို့ အခွင့်အ‌ရေးမရှိတာ ၂နှစ်‌တောင်ရှိသွားပါပြီ။ အဲဒီလို မလုပ်ရတဲ့အတွက်‌ကြောင့် လည်း စစ်‌ပြေး‌ရှောင်စခန်းမှာ အဆင်မ‌ပြေမှု‌တွေနဲ့သာ ‌နေထိုင်ရတာဖြစ်တယ်လို့ သူတို့က ဆိုကြပြန်ပါတယ်။

“အမှန်ဆိုရင် တစ်နှစ်တစ်ကြိမ် မိသားစုထမင်းဝိုင်းကြီး (နတ်စား)စားရမယ်။ ဒီမှာပြန်‌ရောက်‌တော့ စားမရ‌တော့ဘူး။ နတ်စား တယ် ဆိုတာကလည်း ဖြစ်သလို စားလို့မရဘူး။ အဆင့်ဆင့် စား‌ပေးရတယ်။ စားတာ နည်းလမ်းမမှန်ရင် ကိုယ့်ကို ပြန်ခိုက်တတ် တယ်”လို့ ‌နော်ဝီ့က ‌ပြောပါတယ်။

နတ်စားတဲ့ မိရိုးဖလာဆိုတာကလည်း ‌နေရာ‌ဒေသတူညီ‌တောင်မှ စားပုံစားနည်း မတူ‌သေးပါဘူး။ အချို့က ထမင်း၊ နှမ်း စတာ ‌တွေနဲ့ နတ်စားတာ‌တွေရှိသလို တစ်ချို့က ငါး၊ ကြက်၊ ဝက် အမျိုးမျိုးနဲ့ စားကြတာ‌တွေလည်း ရှိပါတယ်။ ဒီလိုနတ်စားတဲ့‌နေရာ မှာလည်း မိမိတို့‌နေအိမ်‌ပေါ်မှာ စားတာလည်းရှိသလို ခြံထဲမှာ သီးသန့်အိမ်‌လေးတစ်လုံး ‌ဆောက်ပြီး စားရတာလည်း ရှိပါတယ်။

တစ်‌နေရာနှင့်တစ်‌နေရာ ‌ပြောင်း‌ရွှေ့‌နေထိုင်မယ်ဆိုရင်‌တော့ တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် ၅နှစ်တစ်ကြိမ် သူတို့ကို ‌စောင့် ‌ရှောက်တယ်လို့ယူဆတဲ့ ပုဂ္ဂိုလ်‌တွေဆီမှာ ခွင့်ပန်ရမှာဖြစ်တဲ့အပြင် နှစ်ပြည့်ပါက မဖြစ်မ‌နေပြန် လာစား‌ပေးရမယ်လို့လည်း ကတိခံထားရပါတယ်။ ဒါမှမဟုတ် ယခင်ဘိုးဘွားဘီဘင်‌တွေ စားခဲ့တဲ့‌နေရာမှာ ပြန်လာမစား‌ပေးချင်ဘူးဆိုရင်‌တော့ လက်ရှိ ‌နေတဲ့‌နေရာမှာပဲ နတ်စား(အင်းဃှယ်) ပြုလုပ်ချင်ရင် ‌တောင်းပန် ပင့်‌ဆောင်ပြီးမှ ‌နေရာအသစ်မှာ စားလို့ရတယ်ဆိုပြီး အယူ‌တွေ လည်း အမျိုးမျိုး ရှိ‌နေပြန်ပါတယ်။

ဒါက လူ‌တွေသတိမထားမိဘဲ သူတို့ မဖြစ်မ‌နေလုပ်‌ပေးရတဲ့ မိရိုးဖလာတစ်ခုပါ။ စစ်ဖြစ်လို့ အသက်လု‌ပြေးရတဲ့ သူတို့အဖို့က ‌တော့ ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်‌တွေဆီမှာ အဲဒီလို ခွင့်ပန်၊ ‌တောင်းပန်ချိန်‌တောင် ရလိုက်မှာ မဟုတ်ပါဘူး။ ရှိခဲ့မယ်ဆိုရင်‌တောင် လက်ရှိအ‌ခြေအ‌နေအရ သူတို့ရပ်ရွာ၊ သူတို့အိမ်‌တွေပြန်ပြီး နတ်စားဖို့ဆိုတာက‌တော့ ဆု‌တောင်းယုံကလွဲပြီး မတတ်နိုင်‌သေးတဲ့ အ‌ခြေအ‌နေပါ။

အချို့ကလည်း အဲဒီနတ်စားတဲ့ အ‌လေ့အထတင်မကဘဲ အိပ်တဲ့အချိန် ‌ခေါင်းလှည့်ရမယ့်ဖက်၊ ‌လှေကားထစ် မရှိမဖြစ် ထား‌ပေး ရတဲ့အိမ်၊ အဝတ်လှန်းတဲ့‌နေရာကအစ သူတို့အိမ်‌ပေါ်တက်ရင် အိမ်‌ရှေ့မှာ ‌ခြေတွဲ‌လောင်းချလို့မရတဲ့ အယူ‌တွေလည်း ရှိ‌နေကြ ပါတယ်။ အဲဒါ‌တွေ မက‌သေးပါဘူး။ သူတို့လုပ်ကိုင်‌နေတဲ့ လယ်‌တွေ၊ ‌တောင်ယာစပါး‌တွေ ထွက်နှုန်းများ‌အောင် လယ်‌စောင့် နတ်၊ ‌တော‌စောင့်နတ်၊ ‌တောင်ယာ‌စောင့်နတ်‌တွေကို ပူ‌ဇော်ပသခွင့်လည်း မရ‌တော့ပါဘူး။ သူတို့အ‌နေနဲ့ အဲဒီဓ‌လေ့အယူ‌တွေကို ထိန်းသိမ်းဖို့ အခုဆိုရင် အခွင့်အလမ်းနည်းသွားပါပြီး။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့အခု‌နေရတာက ယာယီစစ်‌ဘေး‌ရှောင်စခန်း ‌တွေ‌လေ..။

‌ဆေးရုံ‌ဆေးခန်း‌တွေနဲ့ အလှမ်း‌ဝေးခဲ့ရတဲ့ သူတို့ရဲ့ ကျန်းမာ‌ရေးဆိုင်ရာ‌တွေနဲ့ပတ်သက်လို့ “‌နေမ‌ကောင်းရင် ‌ဆေးခန်းမှာ ‌ဆေး သွားယူ ဒါပဲရှိတယ်။ ‌ဆေးမ‌သောက်ရင် ‌ပျောက်မှမ‌ပျောက်တာ။ ရွာမှာ‌နေတုန်းကဆိုရင် ‌ဆေး‌သောက်စရာမလိုဘူး။ သဘာဝ သစ်မြစ်သစ်ဥ‌တွေပဲ သုံးတယ်။ နည်းနည်း ‌နေမ‌ကောင်းရင် ပြုစားခံတယ်လို့ပဲ။ ပြုစားခံရတဲ့‌နေရာမှာ အရက်တို့၊ ထမင်းတို့၊ ကြက်တို့၊ သစ်သီးတို့ အဲလိုသွားပူ‌ဇော်လိုက်ရင် ‌နေမ‌ကောင်းတာ ‌ပျောက်သွားတယ်”လို့ ‌စောနယ့်ကူက သူတို့မှာ ရှိခဲ့တဲ့ အယူ အဆ ယုံကြည်မှု‌တွေကို ပြန်‌ပြောပြပါတယ်။

ကရင်လူမျိုး‌တွေဟာ သဘာဝအရ ‌အေးချမ်းစွာနဲ့ ‌တော‌တောင်‌တွေကြားမှာ သူတို့ဓ‌လေ့ သူတို့ အယူဝါဒနဲ့ လုပ်ကိုင်စား‌သောက် ‌နေထိုင်ချင်တဲ့သူ‌တွေဖြစ်ကြတယ်လို့ ယူဆရ‌ပေမယ့် တိုးတက်လာတဲ့နည်းပညာ‌တွေ၊ ‌ပြောင်းလဲလာတဲ့လူမှုပတ်ဝန်းကျင်‌တွေ၊ ‌ခေတ်‌ရေစီး‌ကြောင်း‌တွေအရ လိုက်ပါ‌ပြောင်းလဲသွားကြသူ‌တွေရှိပါတယ်။ သို့‌သော် ‌ခေတ်ဘယ်လို‌ပြောင်း‌ပြောင်း ‌ရှေးယခင် မိရိုး ဖလာ အယူဝါဒ‌တွေနဲ့ ‌အေးချမ်းစွာ ‌နေထိုင်ကြတဲ့ ကရင်လူမျိုး‌တွေလည်း အများအပြားရှိ‌နေဆဲပါ။

အခု မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်‌တွေက‌တော့ သူများလာလှူမှ၊ ထမင်းစားကတ်ပြားနဲ့ တန်းစီပြီး စားရတဲ့ဘဝ၊ လူသားတစ်‌ယောက် အမြင်နဲ့‌ရော၊ ကိုယ့်ကရင်လူမျိုးချင်းဆိုတဲ့အ‌တွေး‌တွေ‌ကြောင့် ဖြစ်လာတဲ့ခံစားမှု‌တွေဟာ သူတို့နဲ့ထပ်တူမကျနိုင်သလို ဒီအ‌ခြေ အ‌နေကို စိတ်မ‌ကောင်းဖြစ်ရုံမှတပါး မတတ်နိုင်ခဲ့ပါဘူး။ သူတို့‌တွေဟာ အိုးမဲ့အိမ်မဲ့‌တွေ မဟုတ်ဘဲ မိသားစု‌တွေ၊ သားသမီး‌တွေ သိုက်သိုက်ဝန်းဝန်းနဲ့ ကိုယ့်အိမ်ကိုယ်ရာမှာ ‌နေလာခဲ့ကြပြီး‌တော့ မိရိုးဖလာ ရိုးရာဓ‌လေ့‌တွေကို ထိန်းသိမ်းရင်း ‌တော‌တောင် ‌တွေထဲမှာ ဥယျာဉ်ခြံနဲ့ ‌တောင်ယာလုပ်ငန်းကို သမာအာဇီဝကျကျနဲ့ ရိုးသားစွာ လုပ်ကိုင်စား‌သောက်ခဲ့ကြတဲ့ လူသားစင်စစ်‌တွေ ပါ။

ဘယ်အချိန်ကျမှ သူတို့‌တွေ ‌နေရပ်ပြန်ပြီး အရင်လို လွတ်လပ်စွာနဲ့ သွားလာ လုပ်ကိုင် ‌နေထိုင်ခွင့်ရမလဲ။ သူတို့ထိန်းသိမ်းမြတ် နိုးတဲ့ ရိုးရာဓ‌လေ့‌တွေကို ဘယ်အချိန်ကျမှ ပြန်လုပ်ခွင့်ရမလဲ။ ဒီအတိုင်းပဲ ဆက်‌နေသွားရမှာလား။ “ပဲပြား”နဲ့ ဘယ်အချိန်အထိ လက်ချည်‌နေရမှာလဲ။ ဒီလိုဖြစ်လာ‌အောင် ဘယ်သူ‌တွေက လုပ်ခဲ့တာလဲ။ ဘယ်သူ့မှာတာဝန်ရှိလဲ။

အနိုင်မရှိ၊ အကျိုးအမြတ်မထွက်၊ အသက်‌တွေ၊ အိုးအိမ်စည်းစိမ်‌တွေ၊ စိတ်ဓာတ်‌တွေ ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ အကျိုးမရှိ စစ်ပွဲ‌တွေ ‌ကြောင့် ‌အေးချမ်းခဲ့တဲ့ သူတို့ဘဝ‌တွေ ပူ‌လောင်ကာ ရိုးရာ‌တွေလည်း ပျက်သုဉ်းသွားခဲ့ရပြီ။ စစ်‌ဘေး‌ရှောင်စခန်းမှာ ခိုလှုံရင်း အလှူရှင်‌တွေကို ‌မျှော်‌နေရပြီ။ ခြံခတ်ပြီး ထိန်းသိမ်းခံ‌နေရတဲ့ သနားစရာ သတ္တဝါ‌လေး‌တွေအဖြစ် မျက်လွှာ‌အောက်ချပြီး သိမ် ငယ်‌နေရပြီ။ ဘဝ‌ပေးအ‌ခြေအ‌နေ‌ကြောင့် လူဖြစ်လာရတဲ့ ရင်‌သွေးငယ်‌တွေရဲ့ အနာဂတ်ကိုလည်း စိုးရိမ်‌နေရပြီ ဖြစ်ပါတယ်။

တကယ်‌တော့ စစ်ဆိုတာ လူ‌တွေရဲ့ ဘဝကို ပျက်စီး‌စေရုံသာမကပါဘူး။ လူ‌တွေရဲ့ အနာဂတ်‌တွေ၊ အသက်‌တွေ၊ ချစ်သူခင်သူ ‌တွေ၊ မျက်ရည်‌တွေ၊ အားလုံးနဲ့ စ‌တေးရတဲ့ လူ့ဗလာ‌တွေရဲ့ကစားပွဲပါ။ စစ်‌ကြောင့် အဲဒါ‌တွေ ဆုံးရှုံးရယုံတင်မကဘူး၊ စစ်‌ကြောင့် လူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်‌ကျေးမှုဓ‌လေ့ ထိခိုက်ပျက်စီးသွား‌စေတယ်ဆိုတာက‌တော့ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းက သာဓက အဖြစ် သိသိသာသာ ဖြစ်ရှိ‌နေတယ်လို့ပဲ ဆိုလိုက်ပါရ‌စေ‌တော့။