Home သတင်း မိုးကြီးကာ ‌မြေ‌ပေါက်ကွဲ၍ ရွာသား ၅ဦး‌သေဆုံး၊ ၆ဦးထိခိုက်မှုဖြစ်ခဲ့

မိုးကြီးကာ ‌မြေ‌ပေါက်ကွဲ၍ ရွာသား ၅ဦး‌သေဆုံး၊ ၆ဦးထိခိုက်မှုဖြစ်ခဲ့

2381

ဩဂုတ် ၁၇ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အ‌နောက်ဖက်ခြမ်းရှိ မြို့နှင့်အလှမ်း‌ဝေး‌သော နို့လီ‌ကျေးရွာတွင် မိုးရွာသွန်းမှုများလာခဲ့ပြီး‌နောက် ‌မြေ‌ပေါက်ကွဲမှုတစ်ခု ဇူလိုင်လ ၂၉ ရက်‌နေ့ မနက်က ဖြစ်ပွားခဲ့ရာ ရွာသား ၅ဦး‌သေဆုံးကာ ၆ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ‌ဒေသခံ များ၏ သတင်း‌ပေးချက်အရ သိရသည်။

“‌မြေ‌ပေါက်ကွဲတာက ဇူလိုင်လ ၂၇ရက်၊ မနက် ၄နာရီ‌လောက်မှာဖြစ်တာ။ မိုးတအားရွာပြီး ‌ရေကြီးချိန်မို့ ရွာသူရွာသား‌တွေဟာ သူတို့ရဲ့‌တောင်ယာက လယ်တဲ‌တွေမှာပဲ သွား‌နေကြတယ်။ ဒါ‌ပေမယ့် ရွာထဲက ကြက်၊ ဝက်‌တွေကို အစာ‌ကျွေးဖို့ပြန်‌နေတဲ့ ရွာသား ၁၁‌ယောက်ပဲ အဲဒီ‌ပေါက်ကွဲချိန်မှာ ရှိတယ်။ သူတို့ထဲက ငါး‌ယောက်က ‌ပေါက်ကွဲမှု‌ကြောင့် ‌မြေပိလို့ ပွဲချင်းပြီး‌သေ တယ်။”ဟု ထို‌ဒေသ၏ ကျန်းမာ‌ရေးတာဝန်ခံ ‌စောညွှန့်ဝင်းက ဩဂုတ်လ ၁၇ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ရွာအတွင်း ‌ရေကြီး၍ ‌ဘေးလွတ်ရာ ‌တောင်ယာတဲများတွင် သွား‌ရောက်‌နေထိုင်ကြသည့် အမျိုးသမီးများနှင့် ခ‌လေးသူငယ်များ မှာ အသက်အန္တရာယ်ကင်း‌ဝေးခဲ့ရပြီး ယခု ဖြစ်ပွားမှု‌ကြောင့် ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ဖွယ်ရာမရှိ‌ကြောင်း သိရသည်။

နို့လီ‌ကျေးရွာသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဖာပွန်(မူ‌တြော်)ခရိုင်၊ လူ‌သောမြို့နယ်၊ ဟဲပါ ‌ကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်‌ခြေ ၁၆လုံးနှင့် လူဦး‌ရေ ၁၂၅ဦးသာရှိသည်။ အဆိုပါ‌မြေ‌ပေါက်ကွဲမှု‌ကြောင့် အိမ်‌ခြေ ၁၄လုံးမှာ ‌မြေကြီး‌အောက်တွင် ပိမိသွားပြီး ‌ပျောက်ကွယ်သွားသည်ဟု သိရသည်။

ထို‌ဒေသတွင် မိုးများ ‌ရေကြီးကာ ‌မြေပြိုမှုများ ဖြစ်‌လေ့ရှိ‌သော်လည်း ယခုလို ‌မြေ‌ပေါက်ကွဲမှုမှာ တကြိမ်တခါမျှ မဖြစ်ခဲ့ဖူး‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ၎င်း‌ကျေးရွာသူရွာသားများမှာ မိမိတို့လယ်တဲများတွင်သာ ခိုလှုံလျှက်ရှိပြီး အစားအ‌သောက်နှင့် ‌နေထိုင်‌ရေး၊ ကျန်းမာ‌ရေး အခက်အခဲများအတွက် ကူညီ‌ပေးရန် ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်က စီစဉ်‌ဆောင်ရွက်‌နေသည်ဟု သိရသည်။