Home သတင်း ဘုရားသုံးဆူ-သံဖြုဇရပ် ဆက်သွယ်ထားသည့် လမ်းမကြီးပျက်စီး ဆင်များသုံးပြုသွားလာ‌နေရ

ဘုရားသုံးဆူ-သံဖြုဇရပ် ဆက်သွယ်ထားသည့် လမ်းမကြီးပျက်စီး ဆင်များသုံးပြုသွားလာ‌နေရ

2474

ဩဂုတ် ၁၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြုဇရပ် မြို့သို့ ဆက်သွယ်ထားသည့် ပြည်‌ထောင်စုလမ်းမကြီးသည် ယခုရက်ပိုင်းအတွင်း မိုးရွာမှု‌ကြောင့် လမ်းပျက်စီး‌နေပြီး ဆင်များ အသုံးပြုကာ သွားလာ‌နေရသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လမ်းမကြီး‌ပေါ် အချို့‌နေရာများတွင် ချိုင့်ခွက်များ၊ ဗွက်အိုင်များနက်လာသည့် အတွက် ကား‌သေး‌လေး များသွားလာရန် အဆင်မ‌ပြေသလို ဆင်များဖြင့် ကားဆွဲခြင်းနှင့် လမ်း‌ဘေးဝဲယာရှိ ‌ဒေသခံများ၏ ‌တောင်ယာခြံ ထဲသို့ ‌ကွေ့‌ရှောင် ‌မောင်းနှင်သွားလာ‌နေရသည်ဟု ‌ဒေသခံများက ယခုလို‌ပြောသည်။

ဘုရားသုံးဆူမြို့ခံ ‌စောဘုန်းက “ ‌လေးဖိုးရွာအ‌ကျော်နားမှာ လမ်းမလယ်ဗွက်အနက်ကြီး ဖြစ်သွားတယ်။ သူများ ‌တောင်ယာခြံထဲက‌နေ ဖြတ်သွား‌နေရတယ်။ ခြံရှင်သ‌ဘောကျလား၊ မကျလားလည်း မ‌ပြောတတ်‌တော့ဘူး။ ‌လေး‌နေရာ‌လောက်က အရမ်းဆိုးဆိုးဝါးဝါး ဖြစ်‌နေတယ်။ ကားကြီးအမြင့်‌တွေ‌တောင် သွားလာလို့ မရဖြစ်‌နေ တယ်။ ‌လေးဖိုးရွာနားဆို ကား‌တွေ ဆင်နဲ့ဆွဲထုတ်‌ပေး‌နေရတယ်။ ကားအချင်းချင်း ဝင်ကူဆွဲလို့‌တောင် မရဘူး။ အရမ်းနက်တယ်” ဟု ဩဂုတ် ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပိတ်ထားသည့်အတွက် စားသုံးကုန်စည်အများစုမှာ သံဖြူဇရပ် ဘက်မှ တင်သွင်း‌နေပြီး လမ်းမကြီး ပျက်စီး‌နေသည့်အတွက် ယခင်က ဆန်တအိတ်လျှင် ဘတ် ၁,၁၀ဝ (ကျပ် ၄ဝ,ဝဝဝ ‌ကျော်) ရှိရာမှ ယခု ၁,၈၀ဝ ဘတ် ( ကျပ် ၇ဝ,ဝဝဝ ‌ကျော်) ထိ ‌ဈေးတက်‌နေပြီး အခြား ဆီ၊ ကြက်သွန်၊ အာလူးများလည်း ‌ဈေးတက်လာသည့်အတွက် လမ်းမ ကြီးကို အမြန် ပြန်ပြုပြင်‌ပေး‌စေလိုသည်ဟု ဘုရားသုံးဆူမြို့ခံ ဦးဝင်းခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် လမ်းဦးစီးဌာန ဒုညွှန်ကြား‌ရေးမှူး ဦးမျိုး‌အောင်က “ လမ်းမကြီးကို အစကလျာထားတာ 9 KM ထပ် လုပ်မယ်‌ပေါ့။ ဘတ်ဂျက်ကလည်း ရတဲ့‌ငွေ‌ပေါ်မူတည်ပြီး ခွဲ‌ဝေချထား‌ပေးတယ်ဆို‌တော့ ပုံမှန်‌တော့ မရှိဘူး။ ရံပုံ ‌ငွေချ‌ပေးတဲ့အ‌ပေါ် မူတည်ပြီး လုပ်သွားမှာပါ။ လမ်းမကြီး ၅ ပုံမှာ ၁ ပုံ‌လောက်ပဲ ပြီး‌သေတယ်။ မိုး‌တွေများ‌နေ ‌တော့ ‌ကျောက်ထုတ် လမ်းခင်းလုပ်လို့ မရဘူး။ ပြန်တွက်ချက်‌နေရတယ်။ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး ကိစ္စအဝဝ သွားလာရအဆင်‌ပြေ‌အောင် အမြန်ဆုံးပြီးစီး‌စေချင်ပါတယ်”ဟု ဩဂုတ် ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ-သံဖြုဇရပ်မြို့သို့ ဆက်သွယ်ထား‌သော ပြည်‌ထောင်စုလမ်းမကြီးကို ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ယခင်‌သေမင်းတမန်ရထားလမ်း‌ဟောင်း ‌ဘေး‌ကျောရိုးတစ်‌လျှောက်တွင် လမ်းအရှည် ၆၃ မိုင် ‌ဖောက်လုပ်ထားပြီး ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့အထိ ချိတ်ဆက်သွားလာနိုင်သည့် နယ်စပ်လမ်းမကြီးတစ်ခုလည်း ဖြစ်သည်။