Home သတင်း ပန်းတ‌နော်တွင် ကရင်စာ‌ပေသင်ကြား‌ရေး ‌ကျောင်းတာဝန်ရှိသူများ ပူး‌ပေါင်းပါဝင်မှု အားနည်း‌သေး

ပန်းတ‌နော်တွင် ကရင်စာ‌ပေသင်ကြား‌ရေး ‌ကျောင်းတာဝန်ရှိသူများ ပူး‌ပေါင်းပါဝင်မှု အားနည်း‌သေး

2904
](ဩဂုတ်လ ၁၈ရက်‌နေ့က ပြုလုပ်သည့် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ_Photo_Pantanaw Karen Youth)

ဩဂုတ်လ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်အတွင်းရှိ အ‌ခြေခံပညာ အစိုးရစာသင်‌ကျောင်းများတွင် သင် ကြား‌ပေး‌နေသည့် ကရင်တိုင်းရင်းသားစာ‌ပေသင်ကြားမှုများတွင် သက်ဆိုင်ရာ တာဝန်ရှိသူ ‌ကျောင်းအုပ် ဆရာ/ဆရာမများ၏ ပူး‌ပေါင်းပါဝင်မှု အားနည်း‌နေ‌သေး‌ကြောင်း ကရင်စာ‌ပေ သင်ကြား‌နေ‌သော ဆရာ/ ဆရာမများထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပန်းတ‌နော်မြို့နယ်အတွင်း ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြား‌နေ‌သော အ‌ခြေခံပညာ‌ကျောင်း ၁၄၈ ‌ကျောင်းရှိသည့်အနက် အများစုုမှာ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးရာကိစ္စ ရပ်များတွင် အဆင်မ‌ပြေမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်‌နေ့က ပန်းတ‌နော်မြို့ နယ် ယွန်း‌ကျောင်း ပရိယက္တိစာသင်တိုက်၌ ပြုလုပ်သည့် ကရင်တိုင်းရင်းသား စာ‌ပေသင်ကြား‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ထိုသို့‌ဆွေး‌နွေး တင်ပြမှုများဖြစ်‌ပေါ်ခဲ့ ခြင်းဖြစ်သည်။

မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ဦး‌ဆောင်ကျင်းသည့် ယင်း ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကရင်စာ‌ပေသင် ဆရာ/ဆရာမ ၃၀၀‌ကျော် တက်‌ရောက်‌ဆွေး ‌နွေးခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ယခုလို‌ပြောသည်။

“ ‌ကျောင်းအုပ်နဲ့ အဆင် ‌ပြေပြီး လုပ်ငန်းကိုင်ငန်း အဆင်‌ပြေတဲ့ ‌ကျောင်း‌တွေ လက်‌ထောင်စမ်း‌မေး‌တော့ ၂ဝ ထက်မပိုဘူး။ ‌ကျောင်း စာ‌ပေသင်ကြား‌ရေးမှာ ထိခိုက်မှာစိုးလို့ ‌ကျောင်းအုပ်‌တွေက ဒီကိစ္စကို သိပ်မလို လားဘူး။ ‌ကျောင်းစာ‌ပေ သင်ကြား‌ရေးမှာ အ‌နှောင့်အယှက် အဟန့်အတား ဖြစ်ရင် ‌အောင်ချက်ရာခိုင်နှုန်း ကျမယ်။ ‌အောင်ချက်ကျရင် ထု‌ချေလွှာ တင်ရမယ်။ အဲ့ဒါ‌ကြောင့် အားမ‌ပေးတာ” ဟု မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်အတွင်း ပန်းတ‌နော်မြို့နယ်တွင် ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြား‌နေ‌သော အစိုးရအ‌ခြေခံ ပညာ ‌ကျောင်း ၁၄၈‌ကျောင်းရှိပြီး ပိုးကရင် ‌ကျောင်း ၁၃၁ ‌ကျောင်း၊ ဆရာ/ဆရာမ ၃၂၅ဦး နှင့် ‌ကျောင်းသူ/ သား ၁၀,၆၇၃ ဦးရှိပြီး စ‌ကောကရင် ‌ကျောင်း ၁၇ ‌ကျောင်း၊ ဆရာ/ဆရာမ ၃၄ဦးနှင့် ‌ကျောင်းသူ/သား ၁,၁၇၈ ဦးရှိ‌ကြောင်း တိုင်းပညာ‌ရေးမှူးရုံးမှ ရရှိထားသည့်စာရင်းအရ သိရသည်။

ထိုသို့သင်ကြားမှုများပြုလုပ်ရာတွင် ကရင်တိုင်းရင်းသား စာ‌ပေသင်ကြား‌ရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပညာ‌ရေးတာဝန်ရှိသူများ၏ ပူး‌ပေါင်းပါဝင်မှု အားနည်းခြင်း အပြင် လစာနည်းပါးခြင်း၊ TA (Teacher Assistant) များမှာ တစ်လ သုံး‌သောင်းသာရ၍ ရွာခံမဟုတ်ပါက ရသည့်လစာဖြင့် စား‌ရေး‌သောက်‌ရေး နှင့် သွား‌ရေးလာ‌ရေးအတွက် အခက်အခဲရှိခြင်းများဖြစ်‌ပေါ်‌နေသည်ဟု ကရင်စာ‌ပေသင်ကြား‌နေ‌သော ဆရာ/ ဆရာ မများက ‌ပြောသည်။

ထို့အပြင် အချို့‌ကျောင်းသား မိဘများမှ ကရင်စာ‌ပေသင်ကြားမှုများကို အား‌ပေးအား‌မြောက်မရှိခြင်း ၊ လက် ရှိ သင်ကြား‌ပေး‌နေသည့် ကရင်စာ‌ပေသင်ရိုးညွှန်းတမ်းမှာ က‌လေးများအတွက် မြင့်လွန်း‌နေခြင်းအပြင် တစ်ရက်လျှင် တစ်ချိန်သာ သင်ကြားရသည့်အတွက် သင်ကြားချိန် မလုံ‌လောက်ခြင်း စသည့် အခက်အခဲများပါ ရင်ဆိုင်‌နေရ‌ကြောင်း ‌ကျောင်းဆရာတစ်ဦးဖြစ်သူ စ‌ကျော်ဝင်းဦးက ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ယခုနှစ် ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြားမှုတွင် ပိုးကရင်‌ကျောင်းသား ၇၄,၂၇၄ဦး ၊ စ‌ကောကရင်‌ကျောင်းသား ၄၉,၄၂၂ဦး၊ စုစု‌ပေါင်း ၁၂၃,၆၉၆ဦး ရှိသည့်အပြင် ပိုးကရင် ၉၃၄‌ကျောင်း၊ စ‌ကောကရင် ၆၅၀‌ကျောင်း နှင့် စာ‌ပေသင်ကြား‌ပေး‌သော ဆရာ/ဆရာမ ပိုးကရင် ၂,၂၁၈ဦး ၊ စ‌ကောကရင် ၁,၅၉၂ ဦး ရှိ‌ကြောင်း တိုင်းပညာ‌ရေးမှူးရုံးမှ စာရင်များအရ သိရသည်။