Home သတင်း ထိုင်းနိုင်ငံရှိ အလုပ်သမားများ ဖမ်းဆီးမှုစီမံချက် ဆက်လက် လုပ်‌ဆောင်‌နေဆဲ

ထိုင်းနိုင်ငံရှိ အလုပ်သမားများ ဖမ်းဆီးမှုစီမံချက် ဆက်လက် လုပ်‌ဆောင်‌နေဆဲ

2928
ဖုတ်ဖရတ်မြို့နယ်တွင် အဖမ်းဆီးခံရသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအချို့ကို ‌တွေ့မြင်ရစဉ် Photo_ ‌တောက်ပ (JACBA)

ဩဂုတ် ၃ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံရှိ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးအ‌ရေးယူမှုကို စီမံချက်အရ ဆက်လက် လုပ်‌ဆောင်‌နေဆဲဖြစ် ‌ကြောင်း တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်သူများက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လိုဏ်ဂူအတွင်း ‌တောဝက်အသင်း ‌ဘောလုံးသမား ၁၃ဦး ပိတ်မိ‌နေ သည့်အချိန်တွင် အလုပ်သမားဖမ်းဆီးမှုကို ‌ခေတ္တရပ်ဆိုင်းခဲ့ရာမှ ယခုရက်ပိုင်းမှ စတင်ကာ အဆိုပါဖမ်းဆီးမှုကို ဆက်တိုက် လုပ် ‌ဆောင်လာသည်ဟု မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြော သည်။

“စမွတ်ပရာကန်ခရိုင် ဘန့်ဖီးမြို့နယ်မှာ မြန်မာအလုပ်သမား အ‌ယောက် ၆ဝ‌လောက် အဖမ်းခံရတယ်။ အ‌ထောက်အထားမဲ့ ‌ကော၊ အ‌ထောက်အထား လွဲ‌နေတာ‌တွေပါတယ်။ ထိုနည်းလည်း‌ကောင်းပဲ မဲ‌ဆောက်မြို့ ‌ဈေးဆိုင်အချို့ စစ်‌ဆေးခံရပြီး‌တော့ ၁ဝ‌ယောက်‌လောက် အဖမ်းခံရတယ်။ အဲဒါက ဩဂုတ်လ ၂ရက်‌နေ့၊ ဒီ‌နေ့ ဩဂုတ် ၃ရက်‌နေ့မှာ‌တော့ မဲ‌ဆောက်မြို့ မဲ့ကဆာ တိုက်နယ်မှာရှိတဲ့ ခြံ‌တောင်ယာ စိုက်ပျိုး‌ရေး အလုပ်သမား ၁ဝ‌ယောက်‌လောက် အဖမ်းခံရတယ်။ ပြီး‌တော့ မဲ‌ဆောက်မြို့ ‌တောင် ဘက် ဖုတ်ဖရမြို့နယ်မှာ မြန်မာအလုပ်သမား အ‌ယောက် ၃ဝ အဖမ်းခံရတယ်။”ဟု ‌ပြောသည်။

ထိုင်းအစိုးရ၏ ထိုသို့ တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းမှု အစီအစဉ် ဆက်လက်လုပ်‌ဆောင်မှု‌ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်‌ရေးလမ်း‌ကြောင်းဖြစ်သည့် မဲ‌ဆောက်-မြဝတီနယ်စပ် လမ်း‌ကြောင်းမှတဆင့် မြန်မာ‌ရွှေ့‌ပြောင်းအ လုပ်သမားများ ‌နေ့စဉ် ရာနှင့်ချီ၍ ပြန်လည်ပို့‌ဆောင်ခြင်းခံခဲ့ရ‌ကြောင်း အလုပ်သမား ကူညီ‌ဆောင်ရွက်သူများက ‌ပြောသည်။

မဲ‌ဆောက်-မြဝတီမှတဆင့် ‌နေရပ်ပြန် အလုပ်သမားများကို အကူအညီ ‌ဆောင်ရွက်‌ပေး‌နေသူ ကိုသားကြီးက “ပြီးခဲ့တဲ့အပတ်က ‌နေစပြီး‌တော့ မဲ‌ဆောက် ‌တော‌မော(လဝက)ရုံးက တစ်ဆင့် ပြန် လာတာ တစ်‌ထောင်‌ကျော်ပြီ။ တစ်ရက်ကို တစ်ရာ‌ကျော်၊ သုံး ရာ အဲလို အမြဲတမ်း အဖမ်းခံရတယ်။ အဲဒီအထဲမှာ CI (Certificate Of Identity)များတယ်။ သူတို့က အလုပ်ရှင်သူ‌ဌေး‌ပြောင်း ဖို့ အခက်အခဲရှိသူ‌တွေ‌ပေါ့။ စာရွက်စာတမ်း တိုးလို့မရတဲ့သူ‌တွေ၊ စာရွက်စာတမ်း အပြည့်အစုံ မရှိတဲ့သူ‌တွေ အများစု ဖြစ်တယ်” ဟု ‌ပြောသည်။

ဇူလိုင်လ ၁ရက်‌နေ့မှ စတင်သည့် ထိုင်းအစိုးရ၏ တရားမဝင်အလုပ်သမား ဖမ်းဆီးနှိမ်နှင်းမှုများ လုပ်‌ဆောင်မှုကို ‌ရှောင်လွှဲနိုင်ရန် တာ့ခ်ခရိုင် အပါအဝင် အချို့‌သော ခရိုင်များတွင် အလုပ်လုပ်‌နေကြ‌သော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများမှာ သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များ၏ ‌ထောက်ခံချက်ဖြင့် လက်မှတ်အ‌ထောက်အထား (‌ခေါ်) လိုင်း‌ကြေးများကို ‌ပေး‌ဆောင်ကာ အဆင်‌ပြေ သလို ‌နေထိုင်ခဲ့ကြသူများလည်းရှိ‌ကြောင်း JACBA ဥက္ကဌ ဦးမိုးကြိုး၏ ‌ပြောပြချက်အရ သိရသည်။

မဲ‌ဆောက်‌ဒေသရှိ ‌ဒေသအာဏာပိုင်၏ ‌ထောက်ခံချက်လက်မှတ်ဖြင့် ‌နေထိုင်သူ အမျိုးသမီးတစ်ဦးက “ကျမတို့ ဒီမှာ‌နေတဲ့သူ အားလုံးက သူကြီးနဲ့ စကား‌ပြောပြီး ‌နေထိုင်ခွင့် လက်မှတ်‌တွေ လုပ်ရတာ‌ပေါ့။ ပြီးရင် တစ်ရက်စာတစ်ရက်စာ ‌နေ့စား လုပ်စားရ တာ‌ပေါ့။ သူ‌ဌေး‌တွေနဲ့ ဘာနဲ့ လုပ်လို့ ဘယ်ရမလဲ။ လုပ်ရင် ‌ထောင်၊ ‌သောင်း‌လောက် ကုန်တဲ့ဥစ္စာကို ပိုက်ဆံ ဘယ်တတ်နိုင်မ လဲ။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူ‌တွေပဲ‌လေ။ ဖမ်းတယ်ဆို‌တော့လည်း ဘာတတ်နိုင်မလဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာ‌ရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း ၄သန်းခန့်ရှိပြီး တရားဝင် စာရွက် စာတမ်း အ‌ထောက်အထားဖြင့် အလုပ်လုပ်‌နေသူမှာ ၂သန်း‌ကျော်ရှိသည်ဟု အလုပ်သမားအ‌ရေး လုပ်‌ဆောင်‌နေသူများထံမှ သိ ရသည်။

ဇူလိုင်လမှစ၍ ယ‌နေ့ (ဩဂုတ်လ ၃ရက်)အထိ ထိုင်းအစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာအရ တရားမဝင်အလုပ်သမား ဖမ်း ဆီးမှုတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း ၂,၆ဝဝ‌ကျော် အဖမ်းဆီးခံရပြီးဖြစ်သည်ဟု အလုပ်သမားများ ကူညီ‌ဆောင် ရွက်‌နေသူများက ခန့်မှန်း‌ပြောဆို‌နေကြသည်။