Home ဆောင်းပါး ကရင့်အာဇာနည်‌နေ့အတွက် တာဝန်‌ကျေခဲ့ကြသူများ

ကရင့်အာဇာနည်‌နေ့အတွက် တာဝန်‌ကျေခဲ့ကြသူများ

3419

‌စောထွန်းလင်း
ဩဂုတ် ၁၅၊ ၂၀၁၈။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စိန့်ပီတာစိန်‌ပေါလ် ဘုရား‌ကျောင်းဝန်းခန်းမ၌ ဩဂုတ် ၁၂ရက်‌နေ့လည်ပိုင်းတွင် ကျင်းပသည့် ကရင့်အာဇာနည်‌နေ့ အခမ်းအနားစင်မြင့်ထက်တွင် အခမ်းအနား ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူတဦး ဖြစ်သည့် ‌စောထွန်း ထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အခမ်းအနားအတွက် ‌ကျေးဇူးတင်စကား ‌ပြောဆို‌နေသည်။

“အားလုံးလည်း သိပါတယ်။ ကျ‌နော်တို့ အခက်အခဲ ဖြစ်တယ်။ အကြပ်အတည်းဖြစ်တယ်။ ဒီ အခက်အခဲ၊ အကြပ်အတည်းကို ဒီမှာရှိတဲ့ တ‌ယောက်ချင်းစီတိုင်းက မပြန်ဘဲနဲ့ ဒီက‌နေ့က ငါတို့‌အောက်‌မေ့၊ သတိရဖို့ရာ ရှိတယ်ဆိုပြီး‌တော့ ‌စောင့်ဆိုင်း‌နေ‌ပေး တဲ့။ ကျ‌နော်တို့ရဲ့ ရဟန်းသံဃာများနဲ့အတူ အားလုံးကို အထူး‌ကျေးဇူးတင်ပါတယ်”ဟု သူက ဆိုသည်။

သူ‌ပြောသလိုပင် ရန်ကုန်ကရင့်အာဇာနည်‌နေ့ အခမ်းအနားကျင်းပရန် အာဏာပိုင်းများ၏ ဖိအား‌ပေးမှုကို ခံခဲ့ရပြီး အခမ်းအနား ကျင်းပရန် မ‌ရေရာမ‌သေချာသည့် အ‌ခြေအ‌နေကို အခမ်းအနား မစတင်မှီအချိန်ထိ ကြုံခဲ့ရ‌သော်လည်း ဂါရဝပြု‌ရေး တာဝန်ထမ်း ‌ဆောင်လိုသည့် ပြည်သူများ‌ကြောင့် အခမ်းအနားယခုလို ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၂ရက်‌နေ့ နံနက်ပိုင်း အခမ်းအနားအတွက် စတင်ပြင်ဆင်သည့်အချိန်တွင် ခရိုင်အုပ်ချုပ်‌ရေးမှူးက အခမ်းအနား မပြု လုပ်ရန် ‌ပြောဆိုခဲ့ပြီး ညှိနှိုင်းမှုများပြုလုပ်ခဲ့ရကာ သတ်မှတ်ချိန်‌နေ့လည် ၁၁နာရီတွင် အခမ်းအနား မစတင်နိုင်ခဲ့‌သော်လည်း ၁၁ နာရီ၊ မိနစ် ၄ဝတွင် ရန်ကုန်ကရင်‌ရေးရာဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုး ‌ရောက်ရှိလာပြီး တာဝန်ခံမှု‌ကြောင့် အခမ်းအနားကို စတင်နိုင် ခဲ့ခြင်း ဖြစ်သည်။

ကရင့်အာဇာနည်‌နေ့ အခမ်းအနားများကို ‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်ရပ်ပြီး‌နောက်ပိုင်း ပြည်တွင်း ရန်ကုန်မြို့၌ ယခုနှစ် အပါအဝင် ၆ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ အလားတူ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်လည်း ယခင်နှစ်များက ကျင်းပခဲ့ဖူးသည်။

အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ ဇာတိ ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲဂယက်ကြီးရွာ၌ ၂၀၁၆ခုနှစ်တွင် ဝတ်ပြုဆု‌တောင်း အခမ်းအနား ပြုလုပ်ခဲ့ဖူးသလို ၂၀၁၇ခုနှစ်တွင်မူ အထိမ်းအမှတ်‌ကျောက်တိုင် စိုက်ထူကာ ဂုဏ်ပြုခဲ့ကြသည်။

ယခုနှစ် ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြ၊ ပန်းတ‌နော်၊ ကန်ကြီး‌ထောင့်၊ ဟသင်္ာတနှင့် ရန်ကုန်မြို့တို့တွင် ယခင်နှစ်များနည်းတူ ကျင်းပရန် စီစဉ်ခဲ့ကြ‌သော်လည်း ‌နေရာတိုင်းတွင် ပုံစံအမျိုးမျိုးဖြင့် အာဏာပိုင်များက ဖိအား‌ပေးမှုကို ရင်ဆိုင်ခဲ့ရသည်။

‌စောဘဦးကြီးဇာတိ ဘဲဂယက်ကြီးရွာတွင် ကျင်းပမည့် အာဇာနည်‌နေ့ အခမ်းအနားကို ‌ကော်မတီတစ်ရပ် မဖွဲ့စည်း မကျင်းပရန် မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးမှူးက ‌ပြောဆိုသည့်အတွက် ‌ကော်မတီကို ဖျက်သိမ်းလိုက်ရသည်ဟု ‌ကော်မတီဥက္ကဌဖြစ်ခဲ့ သူ မန်းစန်းဝင်းက ‌ပြောသည်။
ထို့အပြင် ‌မြောင်းမြမြို့၊ သိလ္လာရွာတွင် ပြုလုပ်မည့် အခမ်းအနားကိုမူ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများနှင့် အာဇာနည် ‌နေ့သည် သက်ဆိုင်ခြင်းမရှိသည့်အတွက် မပြုလုပ်ရန် သက်ဆိုင်ရာက ‌ပြောဆိုခဲ့ပြီး အစီအစဉ် ဖျက်သိမ်းခဲ့ရသည်ဟု ‌မြောင်းမြ မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းထွန်းလင်းက ဆိုသည်။

အာဇာနည်ဟူသည် အများအကျိုးအတွက် မတရားမှုကို ကိုယ်ကျိုးစွန့်ကာ ရဲဝံ့စွာ အသက်‌ပေးသွားသည့် ပုဂ္ဂိုလ်မျိုးဖြစ်ကာ လူမျိုးတိုင်းနီးပါးတွင် အာဇာနည်ပုဂ္ဂိုလ်များ ရှိစမြဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်‌ရေးကြိုးပမ်းမှုနှင့် တပ်မ‌တော် ဖခင် ကြီး ဗိုလ်ချုပ်‌အောင်ဆန်းနှင့်တကွ အာဇာနည် ၉ဦးကို တိုင်းပြည်အာဇာနည်များအဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဂါရဝပြု ‌အောက်‌မေ့ ခြင်းများ ပြုလုပ်‌လေ့ရှိသည်။

“လူမျိုးတိုင်း လူမျိုးတိုင်းက အာဇာနည်ရှိတယ်။ ဇူလိုင် ၁၉မှာ ကျမကိုယ်တိုင် အာဇာနည်ကုန်းမှာ လွှတ်‌တော်ကိုယ်စားလှယ်အ ‌နေနဲ့ သွား‌ရောက်ပြီး‌တော့ ဂုဏ်ပြုသလို ဒီ‌နေ့မှာလည်း ကရင်လူမျိုးတစ်‌ယောက်အ‌နေနဲ့ ကရင့်အာဇာနည်‌တွေကို လာပြီး‌တော့ ဂုဏ်ပြုတယ်။ ဒါပါပဲ”ဟု ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ဆူဇန်နာလှလှစိုးက ‌ပြောသည်။

ကရင်လူမျိုးများအ‌နေဖြင့်လည်း မိမိတို့လူမျိုး တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကိုယ်ကျိုးစွန့်ခဲ့သူ ‌စောဘဦးကြီးကို ကရင့်အာဇာနည်အဖြစ် သတ်မှတ်ထားသည်။ ထို့အတွက် ကရင့်အာဇာနည်‌နေ့ အခမ်းအနားများကို နှစ်စဉ် ‌ကေအဲန်ယူ၊ ထိန်း ချုပ်နယ်‌မြေအတွင်း ကျင်းပကြသလို အပစ်ရပ်ကာလမတိုင်မှီအချိန်က ပြည်တွင်း၌ အမျိုးသား‌ရေးအားသန်သည့် ကရင်ပြည်သူ များကလည်း တနည်းတဖုံဖြင့် ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ‌နော်ဆူဇန်နာလှလှစိုးက “ဟိုးအရင်တုံးက‌တော့ ကျမတို့ ဘုရား‌ကျောင်းမှာ ‌အောက်‌မေ့သတိရခြင်း ဆု‌တောင်းပွဲ အ‌နေနဲ့ လုပ်တယ်။ ‌နောက်ပိုင်းကျ‌တော့ ဒီလိုမျိုး အားလုံးပါဝင်တဲ့ အခမ်းအနားအ‌နေနဲ့ လုပ်တယ်‌လေ။ နှစ်တိုင်းမှာ ဘာပြဿ နာမှ မရှိဘဲနဲ့ ဒီနှစ်မှ ဖိအား‌ပေးတယ်ဆို‌တော့ ကျမထင်တယ်‌လေ အုပ်ချုပ်တဲ့သူ‌တွေကလည်း နားလည်‌ပေးဖို့ လိုတယ်”ဟု ‌ပြောသည်။

ယခုလို ဖိအား‌ပေး ကန့်သတ်မှုများရှိ‌သော်လည်း ရန်ကုန်၊ ဟသင်္ာတ၊ ဖားအံ စသည့်မြို့နယ်များတွင် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ‌အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးဇာတိရွာ ဘဲဂယက်ကြီးတွင် အခမ်းအနားကို မပြုလုပ်ခဲ့ရ‌သော်လည်း ကရင်ပြည်သူများက လာ‌ရောက်ဂါရဝပြု ပန်း‌ခွေချခဲ့သူ ၃၀ဝဦး‌ကျော် ရှိသည်ဟု သွား‌ရောက်ခဲ့သူများ က ဆိုသည်။

ရန်ကုန်တွင်ပြုလုပ်သည့် ကရင့်အာဇာနည်‌နေ့ဆိုလျှင် အခြားအခြား‌သော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်ကြီးများတွင် လွမ်းသူ့ပန်း‌ခွေချ ဂါရဝပြုသည့် ပုံစံမျိုးမဟုတ်ဘဲ အခမ်းအနားစင်မြင့်ထက်တွင် ကရင့်အာဇာနည်များအတွက် ရည်စူးထားသည့် ပလပ်စတစ်ခုံများ‌ပေါ်တွင် လွမ်းသူပန်း‌ခွေချ ဂါရဝပြုခဲ့ရခြင်းဖြစ်သည်။ ယခုကဲ့သို့‌သော အ‌ခြေအ‌နေမျိုးကိုပင် ကန့်သတ်မှုများ ရင်ဆိုင်‌နေရသည်ကို ဝမ်းနည်းဖွယ် ‌တွေ့ရသည်။

ယခုလို ဖိအား‌ပေးခြင်းများနှင့် ကြုံ‌တွေ့ခဲ့‌သော်လည်း အာဇာနည်‌နေ့ အခမ်းအနားများကို ‌အောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာ ကရင့် အာဇာနည်များ ‌ကျေးဇူးကို ဂါရဝပြု‌အောက်‌မေ့ကာ ‌လေးစားမှုပြုသည့် တာဝန်‌ကျေ ကရင်ပြည်သူများ‌ကြောင့်သာ ဖြစ်သည်ဟု ဆိုရ‌ပေမည်။
“ပြည်သူ‌တွေက‌တော့ တာဝန်‌ကျေတယ်။ ကရင်‌တွေတင်မကဘူး၊ မိတ်ဖက်အဖွဲ့အစည်း‌တွေ၊ ကရင်ပါတီ‌တွေ အားလုံး တာဝန် ‌ကျေတယ်။ ‌လေးစားမှုကို ပြသတယ်။ ‌နောက်ပြီး‌တော့ ဒီ‌နေ့‌ပြောတဲ့ သဝဏ်လွှာ‌တွေဆိုလည်း အရမ်း‌ကောင်းတယ်။ သူတို့ စိုး ရိမ်တာက တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး၊ ကျမ‌တွေ့တာက တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးကို လုံးဝ မထိခိုက်ဘူး အခု က ပို‌တောင်စည်းရုံးသွား‌သေးတယ်”ဟု ‌နော်ဆူဇန်နာလှလှစိုးက သူမ၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ရန်ကုန် ကရင့်အာဇာနည်‌နေ့အခမ်းအနား စတင်ရန် အခက်ကြုံ‌နေချိန်တွင် စိတ်မပျက်ဘဲ ဂါရဝပြု‌ရေး ‌စောင့်ဆိုင်း‌နေ ကြသည့် အနယ်နယ်အရပ်ရပ်က ကရင်ပြည်သူများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်ရှိသည့် ကရင်‌ရေးရာဝန်ကြီးများကိုလည်း ‌လေးစား‌ကြောင်း စာ‌ရေးဆရာတဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က မှတ်ချက်ပြု‌ပြောသည်။

ရန်ကုန်တိုုင်း‌ဒေသကြီး ကရင်လူမျိုး‌ရေးဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးကမူ ယခုလို ကန့်သတ်မှုများ လာမည့် နှစ်များ တွင် မကြုံ‌တွေ့ရ ‌အောင်သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကာ ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စား လှယ်များမှ အဆို‌မေးခွန်းများ‌မေးနိုင်‌အောင် ချိတ်ဆက်လုပ်‌ဆောင်သွားရန် ရှိသည်ဟု ‌ပြောသည်။ ထို့အပြင် အားလုံး စည်းလုံး ညီညွတ် လက်တွဲလုပ်‌ဆောင်ရန် ‌ပြောလိုသည်ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

“စည်းလုံးကြပါ၊ ညီညွတ်ကြပါ။ တစ်‌သွေးထဲ တစ်သားထဲ ‌နေကြပါ။ ပါတီနိုင်ငံ‌ရေးဆိုတာထက် အမျိုးသားနိုင်ငံ‌ရေး သ‌ဘောမျိုး ကိုယ့်လူမျိုး‌တွေအတွက်၊ လုပ်တာလို့ သ‌ဘောမျိုးထားပြီး‌တော့ လုပ်‌စေချင်တယ်”ဟု ဝန်ကြီးက တိုက်တွန်း ‌ပြောဆိုသည်။

ယခုလို ကရင့်အာဇာနည်‌နေ့ အခမ်းအနားများ ကျင်းပနိုင်‌ရေးအတွက် အသိအမှတ်ပြုရမည့်သူများထဲတွင် အခမ်းအနား ဦး‌ဆောင်စီစဉ်သူများသည်လည်း ထိပ်ဆုံးမှ ပါဝင်‌နေပြီး ဟသင်္ာတမြို့နယ် အာဇာနည်‌နေ့ ကျင်းပခဲ့သည့်အတွက် ဦး‌ဆောင် စီစဉ်သူ ၅ဦးဆိုလျှင် လက်ရှိ အ‌ရေးယူခြင်းခံရမည့် အ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရပြီဖြစ်သည်။ သို့‌သော် သူတို့သည် ကရင်အမျိုး သားများအတွက် တာဝန်‌ကျေခဲ့သူများ ဖြစ်သည်။

ကရင်အမျိုးသား‌ရေးအတွက် ကိုယ်ကျိုးစွန့်ခဲ့သည့် ကရင့်အာဇာနည်များအ‌ပေါ် ‌အောက်‌မေ့ဂါရဝပြုရမည့်တာဝန်ကို အဖက်ဖက် မှ တာဝန်‌ကျေစွာ ဆက်ထမ်း‌ဆောင်မည့် ကရင်ပြည်သူများရှိ‌နေသ‌ရွေ့ လာမည့်နှစ်များတွင်လည်း ကရင့်အာဇာနည်‌နေ့ အခမ်း အနားများကို အမျိုးမျိုးအဖုံဖုံဖြင့် မြင်‌တွေ့ရနိုင်‌သေးသလို ပြည်သူများကလည်း ဆက်လက် တာဝန်‌ကျေ‌နေကြဦးမည်သာဖြစ် သည်။