Home သတင်း ကရင်အာဇာနည်‌နေ့ ကျင်းပခြင်းသည် လုပ်ရိုးလုပ်စဉ်သာဖြစ်၍ နားလည်မှုမလွှဲမှားရန် KNU ‌ပြော

ကရင်အာဇာနည်‌နေ့ ကျင်းပခြင်းသည် လုပ်ရိုးလုပ်စဉ်သာဖြစ်၍ နားလည်မှုမလွှဲမှားရန် KNU ‌ပြော

2748

ဩဂုတ် ၂ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအာဇာနည်‌နေ့ ကျင်းပခြင်းသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ပြီး မြန်မာ့တပ်မ‌တော်အ‌နေဖြင့် နားလည်မှု မလွှဲမှား‌စေရန် KNU ၏ လက်‌အောက်ခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ (၅)က ‌ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အာဇာ‌နေ့အခမ်းအနားတွင် လက်နက်မဲ့/လက်နက်ဖြင့် (ယူနီ‌ဖောင်းဝတ်) စစ် ‌ရေးပြ အခမ်းအနားများအား သက်ဆိုင်ရာ အဖွဲ့အစည်းဌာနချုပ်မှအပ အခြား‌နေရာများတွင် လုပ်‌ဆောင်ခြင်း မပြုလုပ်ရန် ကရင် ပြည်နယ်အစိုးရက ကန့်ကွက်‌ကြောင်း လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးက လက်မှတ်ထိုးကာ ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S)ရုံးသို့ ဇူလိုင်လ ၂၃ရက် ‌နေ့စွဲဖြင့် ‌ပေးပို့ခဲ့သည့်အ‌ပေါ် KNU တပ် မဟာ(၅)က ဇူလိုင်လ ၃ဝရက်‌နေ့တွင် ပြန်လည်ပို့‌ဆောင်ခဲ့သည့် ကန့်ကွက်စာ၌ ယင်းသို့ ထည့်သွင်း‌ဖော်ပြထားခြင်းဖြစ်သည်။

ကရင်ပြည်နယ်အစိုးရ၏ ကန့်ကွက်စာတွင် KNU တပ်မဟာ (၅)၊ တပ်ရင်း(၁၀၂)မှ တပ်ရင်းမှူးအဆင့်ရှိ ‌ဒေ့လွဲဦးစီး အင်အား ၈ဝဦးခန့်သည် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ဖာလုံကြီး‌ကျေးရွာ၌ ကျင်းပပြုလုပ်မည့် ကရင်အာဇာနည်‌နေ့ အခမ်းအနားတွင် စစ် ‌ရေးပြရန်အတွက် ကြိုတင်လာ‌ရောက်ခဲ့မှုနှင့်ပတ်သက်၍ KNU အဖွဲ့အ‌နေဖြင့် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်)ပါအတိုင်း လိုက်နာ‌ဆောင်ရွက်ရန်နှင့် စစ်‌ရေး‌လေ့ကျင့်မှုကို သက်ဆိုင်ရာ အဖွဲ့အစည်းဌာနချုပ်မှအပ အခြား ‌နေရာများတွင် လုပ်‌ဆောင်ခြင်းမပြုရန် ‌ဖော်ပြထားသည်။

အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ) တိုင်းမှူးထံကို လိပ်မူ‌ပေးပို့သည့် KNU တပ်မဟာ(၅)မှူး၏ လက်မှတ်ဖြင့် ထုတ်ပြန်ထား သည့် ကန့်ကွက်စာထဲတွင်လည်း အဆိုပါ ကရင်အာဇာနည်‌နေ့ အခမ်းအနားပြုလုပ်မည့်အ‌ကြောင်းကို သက်ဆိုင်ရာ မြန်မာစစ် တပ် လက်‌အောက်ခံ ကမ‌မောင်းဗျူဟာမှူးမှတဆင့် ရတခတိုင်းမှူးနှင့် တပ်မ (၄၄)မှူးတို့အပြင် KNU ဗဟိုဌာနချုပ်၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အ‌ကြောင်းကြားစာ‌ပေးပို့ထားပြီးဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါ အ‌ကြောင်းကြားစာများ ‌ပေးပို့ထားမှုကို မြန်မာအစိုးရစစ်တပ်မှ အ‌လေးမထားဘဲ အာဇာနည်‌နေ့ အခမ်းအနား ကျင်းပ မည့် ‌နေရာတွင် လက်နက်ကြီး၊ လက်နက်ငယ်အပြည့်အစုံဖြင့် အင်အားဖြည့် ဝင်‌ရောက်‌နေရာယူတပ်စွဲထားမှုများ လုပ်‌ဆောင် ‌နေမှုသည် ၎င်းတို့၏ ‌ကေအဲန်ယူ အထက်ပိုင်း‌ခေါင်း‌ဆောင်များနှင့် မြန်မာအစိုးရတို့အကြား ‌ဆွေး‌နွေးလျက်ရှိ‌သော ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များနှင့် နှစ်ဖက်ရှိ တပ်များအကြား နားလည်မှု လွှဲမှား၍ ပဋိပက္ခများကို ဖြစ်ပွား‌စေနိုင်သည်ဟုလည်း KNU တပ်မဟာ (၅)က ‌ပြောဆိုထားသည်။

၎င်းအာဇာနည်‌နေ့ အခမ်းအနားအ‌ပေါ် မြန်မာစစ်တပ်မှ စစ်‌ရေးအရ ခြိမ်း‌ခြောက်မှုများ လုပ်‌ဆောင်ခြင်း၊ စစ်‌ကြောင်းကြီးငယ်အ သွင်ဖြင့် လှုပ်ရှားသွားလာ၍ နယ်‌မြေစိုးမိုးမှုများ ပြုလုပ်ခြင်းများကို ကန့်ကွက်‌ကြောင်း KNU တပ်မဟာ(၅)က ကန့်ကွက်စာ ‌ပေး ပို့ထားခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်‌သော သက်ဆိုင်ရာ တာဝန်ရှိသူများဖြစ်ကြသည့် ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း ‌နောင်နှင့် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းတို့ကို ‌ကေအိုင်စီက ကြိုးပမ်းဆက်သွယ်ခဲ့ရာ ၎င်းတို့အ‌နေဖြင့် လတ်တ ‌လော အ‌ခြေအ‌နေတွင် ‌ဖြေကြားရန် အဆင်သင့်မရှိ‌သေး‌ကြောင်း အသီးသီး တုန့်ပြန်‌ပြောဆိုခဲ့သည်။