Home ဆောင်းပါး “ကရင်အာဇာနည်‌နေ့”ကို ကပျက်ယပျက်ဖြစ်‌အောင် လုပ်တာ ဘယ်သူလဲ

“ကရင်အာဇာနည်‌နေ့”ကို ကပျက်ယပျက်ဖြစ်‌အောင် လုပ်တာ ဘယ်သူလဲ

4080

‌မောင်‌ကျော်စွာ
(၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၁၆ရက်)

“ကရင်အာဇာနည်‌နေ့” ကျင်းပ‌ရေးနဲ့ပတ်သက်ပြီး ကပျက်ယပျက်လုပ်ဖို့ မီး‌မွှေး‌နေတဲ့ အသံ‌တွေက ဩဂုတ်လအစပိုင်း‌လောက် က စပြီး KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)နယ်‌မြေဘက်မှာ စတင်ပြီး ထွက်‌ပေါ်လာ‌နေတာပါ။

ကရင်ပြည်နယ်၊ နယ်/လုံဝန်ကြီးရဲ့ ကန့်ကွက်စာမှာ “KNU ဗဟိုဌာနချုပ်ကလွဲပြီး ကျန်တဲ့‌နေရာ‌တွေမှာ စစ်‌ရေးပြအခမ်းအနား ‌တွေ ကျင်းပခွင့် မရှိဘူး” ဆိုပြီး ‌ဖော်ပြထားတယ်လို့ ကြားရပါတယ်။

KNU က ထိန်းချုပ်ထားတဲ့ ခရိုင်နဲ့ တပ်မဟာနယ်‌မြေ‌ဒေသ‌တွေမှာ ကျင်းပတဲ့ အခမ်းအနား‌တွေကို‌တော့ ဘယ်လိုပဲ တားဆီး ‌နှောင့်ယှက်မှု‌တွေ လုပ်‌နေပါ‌စေ နှစ်စဉ်ကျင်းပမြဲ အစဉ်အလာအတိုင်း စစ်‌ရေးပြအခမ်းအနား‌တွေနဲ့ ကျင်းပမှာပဲဖြစ်တယ်ဆိုတာ သူတို့ သိတယ်။ အဲဒီလို ‌နှောင့်ယှက်တားမြစ်တာ‌တွေက တဖက်မှာ(KNLA)ရဲ့ ဩဇာအရှိန်ကို ပိုပြီး တွန်းတင်‌ပေးသလိုဖြစ်‌နေပြီး အခြားတစ်ဖက်မှာလည်း စစ်တပ်ရဲ့ ကပျက်ယပျက်လုပ်မှုက ဘူး‌ပေါ်သလို အထင်အရှား‌ပေါ်လွင်‌နေမှာ ဖြစ်တယ်။

ဒီနည်းက ထင်သ‌လောက် တွက်‌ချေမကိုက်ဘူး။ ဒါ‌ကြောင့် ပိုပြီး တွက်‌ချေကိုက်မယ့် ဧရာဝတီတိုင်း‌ဒေသကြီးနဲ့ ကရင်ပြည်နယ် ထဲက ကျင်းပမယ့် ခရိုင်/မြို့နယ်‌ဒေသ‌တွေမှာရှိတဲ့ “‌ထွေအုပ်” စတဲ့ အဆင့်ဆင့်‌သော “ဗြူရိုကရက်ယန္တရားနဲ့ တည်ဆဲဥပ‌ဒေ”ကို လက်ကိုင်ပြုပြီး အ‌နှောင့်အယှက်‌ပေးဖို့ လမ်း‌ကြောင်း‌ပြောင်းလိုက်တယ်။

ဒီလမ်း‌ကြောင်းက‌နေ ‌နှောင့်ယှက်တားဆီးမှု လုပ်မယ်ဆိုရင် ကရင်လူမျိုး‌တွေရဲ့ အမျက်နဲ့‌ဒေါသဟာ အာဏာရအစိုးရဖြစ်တဲ့ ဒီချုပ်ပါတီအစိုးရကို တည့်တည့်တန်းတန်း ဦးတည်‌စေမှာမို့ ဖြစ်တယ်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟသင်္ာတမြို့နယ်နဲ့ ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်မှာကျင်းပတဲ့ အခမ်းအနား‌တွေမှာ အ‌နှောင့်အယှက်‌ပေးတာက‌တော့ အခြား‌နေရာ‌ဒေသ‌တွေက ‌နှောင့်ယှက်မှု‌တွေထက် ပိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်‌စေပါတယ်။ မီဒီ ယာ‌တွေကလည်း ဒီဖြစ်ရပ်‌တွေကို ဖိုးကပ်စ်လုပ်ပြီး တင်ပြကြတယ်။

ဒါ‌ကြောင့် KNU ထိန်းချုပ်ရာ ခရိုင်နဲ့တပ်မဟာ‌ဒေသ‌တွေမှာ ကျင်းပတဲ့ “ကရင်အာဇာနည်‌နေ့ အခမ်းအနား”‌တွေထက် ဟသင်္ာတ၊ အင်းစိန်တို့မှာ ကျင်းပတဲ့ အခမ်းအနား‌တွေကို လူအများက ပိုပြီး စိတ်ဝင်စား အာရုံစိုက်စရာ ဖြစ်လာ‌စေခဲ့တယ်။

ဟသင်္ာတမှာ‌တော့ အခမ်းအနားကျင်းပတာနဲ့ပတ်သက်ပြီး “KNU က ပဒိုမန်းငြိမ်း‌မောင်၊ ကရင်ပြည်သူ့ပါတီက ‌ခေါင်း‌ဆောင် ‌စော‌ကျော်ကြီးတို့ အပါအဝင် ၅ဦးကို ပုဒ်မ ၂၆နဲ့ တရားစွဲမယ်ဆိုတဲ့ အ‌ကြောင်းကြားစာ ပို့လာတယ်လို့ ကြားသိရပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံးဆိုတာ (NCA)စာချုပ်မှာ (၁၅-၁၀-၂၀၁၅)ရက်‌နေ့က လက်မှတ်‌ရေးထိုးခဲ့တဲ့ အဖွဲ့အစည်း ဖြစ် တယ်။ “မတရားသင်း”အဖြစ် (၆၆)နှစ်ကြာ ‌ကြေညာခံထားရာက‌နေ (၁၂-၁၀-၂၀၁၅)ရက်‌နေ့မှာ ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ အမိန့် ‌ကြော်ငြာစာအမှတ် (၂/၂၀၁၅) နဲ့ ဗိုလ်သိန်းစိန် ကြံ့ဖွံ့ပါတီအစိုးရလက်ထက်မှာ ပယ်ဖျက်‌ပေးခဲ့တာ ဖြစ်ပါတယ်။

ကာချုပ်နဲ့ KNU ဥက္ကဋ္ဌကြီး ‌စောမူတူး‌စေးဖိုးတို့ဟာ အင်မတန်မှ အလွမ်းသင့်ကြတယ်ဆိုတဲ့ သတင်း‌တွေ၊ မကြာခဏ ‌တွေ့ဆုံကြ၊ ရင်းရင်းနှီးနှီး ‌ပွေ့ဖက်‌နေကြတဲ့ပုံ‌တွေကလည်း သတင်းစာ‌တွေမှာ မကြာခဏဆိုသလို မြင်‌တွေ့၊ ကြားသိ‌နေကြရတာပဲ မဟုတ် လား။

ဒီလို အခိုင်အမာ အချက်အလက်‌တွေကို သက်ဆိုင်ရာ ပြည်နယ်ရဲ့ “နယ်/လုံဝန်ကြီး၊ ပြည်ထဲ‌ရေးဝန်ကြီး၊ ကာချုပ်”တို့ကသာ လူကြီးလူ‌ကောင်းဆန်ဆန် ‌ထောက်ထား၊ ထည့်သွင်း၊ စဉ်းစားကြမယ်။
တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံး‌ရေးကို ‌မြော်မြင်မယ်။
‌ဖြောင့်မှန်တဲ့ သ‌ဘောရိုးလည်း ရှိခဲ့မယ်ဆိုရင် ဒီလို အရုပ်ဆိုးအကျည်းတန်တဲ့ ကပျက်ယပျက်ကိစ္စကြီး ‌ပေါ်‌ပေါက်လာစရာအ ‌ကြောင်း ဘယ်လိုမှ မရှိနိုင်ပါဘူး။

အခု‌တော့ အမြင်ခပ်တိမ်တိမ်နဲ့ “တည်ဆဲဥပ‌ဒေနဲ့ ဗြူရိုက‌ရေစီယန္တရား”ကို အသုံးချပြီး မလုပ်သင့် မလုပ်ထိုက်တာကို မိုက်မိုက်မဲ မဲ လုပ်ခဲ့ကြတယ်။ ခြိမ်း‌ခြောက်မှု၊ တားဆီးမှု‌တွေ လုပ်ခဲ့ကြတယ်။ ဥပ‌ဒေပုဒ်မတပ်ပြီး တရားစွဲ အ‌ရေးယူဖို့အထိ လုပ်‌ဆောင်ခဲ့ကြ တယ်။

ဒီလို မဆင်မခြင်နဲ့ မိုက်မိုက်ကန်းကန်းလုပ်တဲ့ လုပ်ရပ်က တိုင်းရင်းသားအချင်းချင်း ‌သွေးစည်းညီညွတ်မှုကို မလိုလား၊ မနှစ်မြို့ တဲ့ သ‌ဘောထားဖြစ်တယ်။ တိုင်းရင်းသားအချင်းချင်း ‌သွေးခွဲရန်တိုက်‌ပေးတာ ဖြစ်တယ်။ ပြည်တွင်းစစ်မီးကို ရှည်ကြာ‌စေပြီး ပြည်တွင်း ငြိမ်းချမ်း‌ရေး မလိုလားတဲ့ သ‌ဘောထားကို ‌ဖော်ပြ‌နေတာပဲ ဖြစ်တယ်။

တကယ်‌တော့ “ကရင်အာဇာနည်‌နေ့”ဆိုတာ ပြည်တွင်းစစ် အ‌ထွေ‌ထွေပြဿနာထဲက အ‌လေးထားကိုင်တွယ် ရှုမြင်ရမယ့်ကိစ္စ ‌တွေထဲက ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်‌တွေက ကရင်လူမျိုး‌တွေထဲမှာသာ၊ (KNU)အဖွဲ့အစည်းတစ်ခုထဲမှာသာ ကွက် ပြီး တည်ရှိ‌နေတာ မဟုတ်ဘဲ အုပ်စိုးသူ လူတန်းစားအဆက်ဆက်ကို လက်နက်ကိုင်‌တော်လှန်‌ရေးဆင်နွှဲကြတဲ့ နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်းတိုင်းမှာ တည်ရှိ‌နေတဲ့ (‌ဖျောက်ဖျက်မရတဲ့) အသက်‌သွေးသမိုင်းဆိုင်ရာ ကိစ္စ‌တွေ ဖြစ်ပါတယ်။

ရှည်ကြာလှပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးထဲမှာ အုပ်စိုးသူလူတန်းစားက လက်နက်ကိုင်ပြီး အကြမ်းဖက်ဖိနှိပ်တာကို ခုခံ‌တော်လှန် ရင်း ‌တောင်‌ပေါ်‌မြေပြန့် ပြည်တွင်းစစ် စစ်မျက်နှာအသီးသီးမှာ၊ ကျွန်း‌ပေါ်မှာ၊ အကျဉ်း‌ထောင်‌တွေထဲမှာ၊ လမ်းမ‌တွေ‌ပေါ်က တိုက်ပွဲ‌တွေမှာ သူရဲ‌ကောင်းပီသစွာ၊ အာဇာနည်ပီသစွာ ကျဆုံးသွားကြတဲ့သူ‌တွေ များစွာရှိပါတယ်။ ‌ခြေလက်အဂင်္ါ စတဲ့ ကိုယ် ခန္ဓာ အစိတ်အပိုင်း တစ်ခု မဟုတ် တစ်ခု စွန့်လွှတ်ခဲ့ရသူ‌တွေလည်း အ‌မြောက်အများ ရှိ‌နေပါတယ်။

သမိုင်းကိုပြန်ကြည့်တဲ့အခါ ထိုစဉ်က KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ‌စောဘဦးကြီးနဲ့ ဗိုလ်ချုပ်စိုင်း‌ကေတို့ဟာ ‌ကော့ ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာအနီးက လယ်တဲတစ်ခုမှာ ‌ရောက်ရှိ‌နေတာပါ။ ဒီလို‌ရောက်‌နေတာကို ကရင်လူမျိုးတစ်ဦး ဖြစ်တဲ့ (‌စော‌မောင်အဲ)က စစ်တပ်ကို သွားသတင်း‌ပေးတဲ့အတွက် “ဗိုလ်စိန်လွင်” ဦးစီးတဲ့တပ်ခွဲက လာဝိုင်းပြီး လက်နက်ချ အဖမ်းခံဖို့ ‌ပြောတာကို လက်နက်ချ အညံ့မခံဘဲ ခုခံပစ်ခတ်ရင်း ကျဆုံးခဲ့ကြရတာပါ။

အဲဒီလို ကျဆုံးခဲ့ကြရတဲ့ ဩဂုတ်လ ၁၂ရက်‌နေ့ကို “ကရင်အာဇာနည်‌နေ့”အဖြစ် သတ်မှတ်ပြီး KNU-ကရင်အမျိုးသားအစည်းအ ရုံးက နှစ်စဉ် ကျင်းပခဲ့ကြတာပါ။ [အဲဒီ ဗိုလ်စိန်လွင်ဟာ “ဆဲဗင်းဇူလိုင်အ‌ရေးအခင်းနဲ့ ၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီး”မှာ ‌ကျောင်းသားပြည်သူ‌တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်တယ်။ သူဟာ (မဆလ)ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးနဲ့ သမ္မတ ဖြစ်တယ်]

နှစ်‌ပေါင်း ၇ဝနီးပါးရှိလာပြီဖြစ်တဲ့ ဒီသမိုင်းဖြစ်ရပ်ကို ‌အောက်‌ခြေက “‌ထွေအုပ်”တို့၊ “နယ်/လုံ”တို့ကိုအ‌ပေါ်က “ပြည်ထဲ‌ရေးဝန် ကြီး”က ညွန်ကြားလို့ “နယ်/လုံ”တို့၊ “‌ထွေအုပ်”တို့ကလည်း အထက်အမိန့်ညွန်ကြားချက်ကို မလွန်ဆန်နိုင်လို့ လိုက်နာအ ‌ကောင်အထည်‌ဖော်ရတယ်ပဲ ထားပါအုံး။ “ကာချုပ်”ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အ‌နေနဲ့ ဒီကိစ္စကို ချင့်ချင့်ချိန်ချိန် အချိန်မီ အ‌လေးထား ကိုင်တွယ်ဖို့ သိပ်လိုအပ်ပါတယ်။ ဒါ‌ပေမယ့် ဒီလိုကိုင်တွယ်ဖို့ လုံးဝ ပျက်ကွက်ခဲ့ပါတယ်။

“ကာချုပ်”ကို ဒီလို‌ပြောရတာ အ‌ကြောင်းအချက် ၃ချက်ရှိပါတယ်။

ပထမအချက် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”အရ ပြည်ထဲ‌ရေး၊ ကာကွယ်‌ရေး၊ နယ်စပ်‌ရေးဝန်ကြီး‌တွေ၊ တိုင်းနဲ့ပြည်နယ်/ နယ် လုံ အသီးသီးတို့ကို စစ်တပ်ထဲက စစ်ဗိုလ်‌တွေကိုပဲ ကာချုပ်ရဲ့ သ‌ဘောတူညီချက်နဲ့ တိုက်ရိုက်ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ဒုတိယအချက် KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌကြီး ‌စောမူတူး‌စေးဖိုးတို့နဲ့ ပုဂ္ဂိုလ်‌ရေး ရင်းနှီးမှု။

တတိယအချက် “၂၁ရာစု ပင်လုံတတိယ အစည်းအ‌ဝေး”ဖွင့်ပွဲ‌နေ့ မိန့်ခွန်းထဲမှာ ပြည်တွင်းစစ် (ဝါ) ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခဟာ ထိုစဉ်က အုပ်စိုးသူအစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနု ဦး‌ဆောင်တဲ့ (ဖဆပလ)အစိုးရနဲ့ စတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး တပ်မ‌တော်က အစိုးရရဲ့ အုပ်ချုပ်‌ရေးယန္တရားကို အကာအကွယ်‌ပေးခဲ့ရတာပါလို့ ထည့်သွင်း‌ပြောဆိုခဲ့တယ်။

ဒီလို ‌ပြောဆိုခဲ့တဲ့ အတိုင်းသာဆိုရင် ဦးနု(ဖဆပလ)အစိုးရနဲ့ ဖြစ်ပွားခဲ့ရတဲ့ သမိုင်းဆိုင်ရာ ပဋိပက္ခကို လက်ရှိစစ်တပ် “ကာချုပ်” အ‌နေနဲ့ အ‌မွေဆက်ခံပြီး နာကျည်းမုန်းတီးမှုကို ဘာ‌ကြောင့် သက်တမ်းရှည်ကြာ‌စေချင်ရတာလဲ။ ပြည်တွင်းစစ်ထဲမှာ စစ်တပ်က ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခဲ့တာ‌တွေဟာ တရားတယ်/မှန်တယ်လို့ ယုံကြည်ယူဆထားလို့လား။ ဒါ‌တွေကို ဆက်ခံထိန်းသိမ်းရ မယ်လို့ သ‌ဘောပိုက်ထားလို့လား။

တိုင်းရင်းသားများကို ပြန်လည်‌သွေးစည်းညီညွတ်‌စေလိုတဲ့ သ‌ဘောထားအမှန်သာ တကယ်တမ်းရှိ‌နေတယ်ဆိုရင် ဘယ်သူမဆို ဒီလိုကိစ္စရပ်‌တွေအ‌ပေါ်မှာ ‌ပေါ့ပျက်‌သေးသိမ်တဲ့၊ ရန်လိုမုန်းထားတဲ့ သ‌ဘောထားမျိုး၊ လုပ်ဟန်မျိုး‌တွေ ဘယ်လိုမှ မထားရှိသင့်ပါ ဘူး။ မ‌ဖော်ပြသင့်ပါဘူး။ လက်ရှိ အာဏာရအစိုးရကို ‌ချောက်ထဲမကျ ကျ‌အောင် တွန်းပို့တဲ့ ယုတ်မာ‌ကောက်ကျစ်မှုလည်း မလုပ် သင့် မလုပ်ထိုက်ပါဘူး။

အခုလုပ်ရပ်က “ပြည်နယ် – နယ်/လုံ”ကတဆင့် ‌နှောင့်ယှက်တားဆီးတယ်။ ဒီလို တားဆီးကန့်သတ်ဖို့ “နယ်/လုံ”ကို ဘယ်သူက ‌စေခိုင်းသလဲ။ ပြည်နယ်အစိုးရက တာဝန်‌ပေး‌စေခိုင်းတယ်။ ပြည်နယ်အစိုးရကို အဓိကဦး‌ဆောင်သူက ပြည်နယ်ဝန်ကြီးချုပ်ပဲ။ ပြည်နယ်ဝန်ကြီးချုပ်က ဘယ်သူလဲ၊ ‌ဒေါ်နန်းခင်‌ထွေးမြင့်ဖြစ်တယ်။ ‌ဒေါ်နန်းခင်‌ထွေးမြင့်ဟာ လူမျိုးအရဆိုရင် ကရင်လူမျိုးဖြစ် တယ်။ ‌ဒေါ်နန်းခင်‌ထွေးမြင့်က ဘယ်နိုင်ငံ‌ရေးပါတီကလဲ၊ ဒီချုပ်ပါတီကဖြစ်တယ်။ ဒီချုပ်ပါတီဟာ ဒီက‌နေ့ အာဏာရ‌နေတဲ့ “ပြည် ‌ထောင်စု အစိုးရ” ဖြစ်တယ်။

အထက်မှာ မြို့နယ်/ခရိုင်‌ထွေအုပ် – “နယ်/လုံ” က‌နေ – “ ပြည်‌ထောင်စုအစိုးရ”အထိ တင်ပြခဲ့ပါတယ်။
အဲဒီလမ်း‌ကြောင်းအတိုင်း ခွင်ဆင်ပြီး ‌ကောက်‌ကောက်ကျစ်ကျစ်နဲ့ ကပျက်ယပျက် လုပ်ခဲ့တာပဲဖြစ်တယ်။ အဓိက ဦးတည်ချက် က‌တော့ ဒီချုပ်အစိုးရ၊ ဒီချုပ်ပါတီနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးအကြား၊ ဒီချုပ်ပါတီနဲ့ ကရင်လူမျိုး‌တွေအကြား၊ ဝန်ကြီး ချုပ်ဖြစ်တဲ့ ကရင်အမျိုးသမီး ‌ဒေါ်နန်းခင်‌ထွေးမြင့်နဲ့ ကရင်လူမျိုး‌တွေအချင်းချင်းအကြား၊ ကရင်နဲ့ဗမာအကြား စတဲ့ သပ်ရှို၊ ‌သွေး ခွဲ ရန်တိုက်‌ပေးမှု တသီတတန်းကြီးကို ‌ဒေဝဒတ်နည်းနဲ့ လုပ်ချလိုက်တာဖြစ်တယ်လို့ပဲ သ‌ဘောထားမှန်မှန်နဲ့ကြည့်နိုင်ရင် တည့်တည့် တန်းတန်း မြင်နိုင်ပါတယ်။

တချို့က ဒီအကွက်၊ ဒီအချက်၊ ဒီ‌ထောင်‌ချောက်နဲ့ တကယ့်လက်သည်ကို မမြင်နိုင်ဘဲ (တချို့က‌တော့ ရိုးရိုးသားသား မမြင်တာ ပါ၊ တချို့က‌တော့ တမင်တကာ မမြင်ဟန်‌ဆောင်ပြီး) အခုလို မဆင်မခြင် ‌ပြောဆို‌နေတာ‌တွေကို ကြားသိ‌နေရပါတယ်။

– “၂၆ရက်‌နေ့မှာ ရန်ကုန် MCC ခန်းမမှာ လက်ချည်ပွဲလုပ်မယ်။ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် တက်မယ်။ KNU ဥက္ကဌနဲ့ KNU ရဲ့ အဆင့်မြင့်‌ခေါင်း‌ဆောင်‌တွေ ဖိတ်မယ်။ တစ်ဖက်က‌တော့ ဒီမှာ အဲ့လိုလုပ်တဲ့ဟာက အစိုးရနဲ့ ဒီပါတီဟာ မရိုးသားဘူး။ တိုင်းရင်း သား‌တွေအ‌ပေါ်မှာ မရိုးသားဘူးဆိုတာကို ပြတာပဲ။ ဒီအစိုးရက တစ်ဖက်က‌တော့ KNU ဥက္ကဌကြီး ‌စောမူတူး‌စေးဖိုးနဲ့ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း၊ ဖထီး‌ရောဂျာတို့ကို ဖိတ်ပြီး‌တော့ NLD ကို KNU က ‌ထောက်ခံတယ်။ KNU က ပူး‌ပေါင်း‌ဆောင်ရွက်တာရှိ တယ်ဆိုပြီး‌တော့ ကရင်လူထုကို လိမ်ညာပြီး‌တော့ မဲဆွယ်‌နေတယ်‌လေ။

– အခုဖားအံမှာ အဲ့ဒီ ဗွီနိုင်း‌တွေ ‌ထောင်ထားတယ်‌လေ။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ KNU ဥက္ကဌတို့‌ခေါင်း‌ဆောင်ကြီး‌တွေနဲ့ လက်တွဲ ပြီး‌တော့ သူတို့ကို ‌ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒါကသွယ်ဝိုက်ပြီး‌တော့ စည်းရုံး‌နေတာပဲ‌လေ။ အဲ့ဒီ အဓိပ္ပါယ်ထွက်တယ်‌လေ။ တစ်ဖက်မှာ အဲ့လိုလုပ်ပြီး‌တော့ ကျ‌နော်တို့ကရင်အမျိုးသား‌တွေ အများစုရှိ‌နေတဲ့ ဧရာဝတီတိုင်းမှာ ကိုယ့်ကရင်အမျိုးသား‌တွေ ကရင်‌ခေါင်း‌ဆောင်‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေလုပ်မှာကို ပိတ်ပင်တားမြစ်တယ်ဆိုတာ သ‌ဘောထားကိုက မရိုးသား၊ မသန့်ရှင်း တာကို လက်‌တွေ့ ‌ဖော်ပြ‌နေတာပဲ။”

ကိုယ့်အမျိုးသား၊ ကိုယ့်လူမျိုးကို ချစ်ကြရမှာပါ။ ကိုယ့်အမျိုးသားပြည်သူ‌တွေရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံရမှု‌တွေကိုလည်း ‌လေးစားမြတ်နိုးကြရမှာပါ။ ဒါ‌ပေမယ့် တစ်ဖက်ကလည်း အကွက်ဆင် အသုံးချခံရမယ့် လှည့်စားမှုနဲ့ ‌ထောင်‌ချောက်‌တွေကို မျက် ‌စေ့ကျယ်ကျယ်ဖွင့်၊ သတိကြီးကြီးထားပြီး မျက်ခြည်မပြတ် ကြည့်ကြရမှာဖြစ်ပါတယ်။

ဒါ‌ကြောင့် “ကရင်အာဇာနည်‌နေ့” ကပျက်ယပျက်ဖြစ်‌အောင်၊ ‌သွေးခွဲသပ်ရှိုမှု‌တွေ ဘယ်လိုပုံဘယ်နည်း လုပ်‌ဆောင်‌နေကြပုံ‌တွေ၊ ကြိုးကိုင်လက်သည် ဘယ်သူဖြစ်တယ်ဆိုတာ‌တွေကို ဒီ‌ဆောင်းပါးထဲမှာ မြင်သ‌လောက် တင်ပြ ဖွင့်ချ ‌ဝေဖန်ထားပါတယ်။

ကိုယ့်အမျိုးသား၊ ကိုယ့်တိုင်းပြည်ချစ်ကြသူတိုင်းဟာ ကိုယ့်ကိုယ်ကို “၂၁ ရာစု ဂဠုန်ဦး‌စော – ၂၁ ရာစု ‌စော‌မောင်အဲ” ‌တွေအဖြစ် အသုံးချတာ မခံရ‌အောင် နိုးကြားကာ သတိမပြတ်ရှိကြဖို့လည်း သိပ်ကို လိုအပ်ပါတယ်။

လူမျိုး‌ရေး၊ ဘာသာ‌ရေး ‌သွေးခွဲရန်တိုက်‌ပေးမှု အလိုမရှိ – အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများ ‌သွေးစည်းညီညွတ်ကြပါ။