Home သတင်း ကရင်လူမျိုးစုအားလုံး လွှမ်းခြုံမည့် ပြည်နယ် ကရင်စာ/ယဉ်အသင်း မှတ်ပုံတင်နိုင်ရန် ပြန်လည်ဖွဲ့စည်းမည်

ကရင်လူမျိုးစုအားလုံး လွှမ်းခြုံမည့် ပြည်နယ် ကရင်စာ/ယဉ်အသင်း မှတ်ပုံတင်နိုင်ရန် ပြန်လည်ဖွဲ့စည်းမည်

3239

ဩဂုတ် ၁၉ရက်၊ ၂၀၁၈ခုနှစ်။ ‌စောရှား

ကရင်လူမျိုးစုအားလုံးကို လွှမ်းခြုံနိုင်မည့် ပြည်နယ်အဆင့် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအ သင်းကို ပြန်လည်ဖွဲ့စည်းသွားရန်နှင့် တရားဝင်အသင်းအဖွဲ့အဖြစ် အစိုးရထံတွင် မှတ်ပုံတင်သွားမည်ဟု သိရသည်။

ဩဂုတ် ၁၈ရက်(ယမန်‌နေ့) ဖားအံမြို့နယ်၊ ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ ပြုလုပ်‌သော ကရင်လူမျိုး ယဉ်‌ကျေးမှုနှင့် စာ‌ပေအသင်းစု ဖြစ်‌မြောက်‌ရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် ယခုလို ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။

ကရင်‌ရေးရာ‌ကော်မတီ(KAC) အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ကရင်အမျိုးသား‌တွေအတွက် စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌တွေကို နိုင်ငံ ‌တော်အတွင်းမှာ တရားဝင်ဖြစ်လာ‌အောင်လုပ်ဖို့ လိုအပ်တဲ့အတွက်‌ကြောင့် ဒီပွဲ ‌ခေါ်ယူကျင်းပရတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က တိုင်းရင်းသား ဘာသာစကား၊ စာ‌ပေများကို တရားဝင်အသင်းအဖွဲ့အ‌နေဖြင့်မဟုတ်ဘဲ မိမိတို့ဖာသာ ထိန်းသိမ်းခဲ့ကြရ ပြီး လက်ရှိ‌ပြောင်းလဲလာ‌သော အစိုးရ မူဝါဒများအရ တိုင်းရင်းသား စာ‌ပေ၊ယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို တင်သွင်းမည့် အဖွဲ့အစည်းများအ‌နေဖြင့် တရားဝင်ဖြစ်ရန်လိုအပ်‌သော‌ကြောင့် အသင်းမှတ်ပုံတင်ရခြင်းဖြစ်‌ကြောင်း ‌စော‌ကျော်စွာက ဆက် ‌ပြောသည်။

အစည်းအ‌ဝေးတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးမှ အကြံပြုချက်များကို ‌ဆွေး‌နွေးပြီး‌နောက် အဖွဲ့အမည်အားဖြင့် ‘ကရင် ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း’ ဆိုသည့် အမည်ကိုသာ ပြန်လည်အသုံးပြုမည်ဖြစ်ပြီး အသင်း ကို မဲစနစ်ဖြင့် ဥက္ကဌများကို ပြန်လည်‌ရွေးချယ်သွားရန်နှင့် မှတ်ပုံတင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ယမန်‌နေ့ အစည်းအ‌ဝေးသို့ ကရင်မျိုးနွယ်စု ၇မျိုးမှ စာ/ယဉ်၊ ပြည်နယ် စာ/ယဉ်၊ မြို့နယ်များမှ စာ/ယဉ်၊ ကရင်ရဟန်း‌တော်များ အသင်း၊ ကရင်အမျိုးသားများ စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)၊ ဖလုံပညာတိုးတက်‌ရေးယူနစ်(PEDU)၊ ကရင်‌ရေးရာ‌ကော်မတီ(KAC)၊ ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(KSCN) မှ ကိုယ်စားလှယ်များ၊ တတ်သိ ပညာရှင်များ အပါအဝင် စုစု‌ပေါင်း ၄ဝဦး‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်ဖြူ‌ဒေသမှ ကရင်ဖြူ‌ရေးရာ‌ကော်မတီအဖွဲ့ဝင် ‌စောဝီလျံသာဖွီးက ̏ အရင်က ကရင်က တစ်မျိုးတည်းပဲ။ အခုမှ မျိုးနွယ်စု ၇ခုဆိုပြီး ဖြစ်လာတာ‌ပေါ့။ အခုလို စာ‌ပေယဉ်‌ကျေးမှုကဏ္ဍကို လာ‌ရောက်‌ဆွေး‌နွေးခြင်းအားဖြင့် တစ်မျိုးသားလုံး ပြန်လည် ‌ပေါင်းစည်း‌ရေးမှာ အ‌ထောက်အကူဖြစ်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

ကရင်မျိုးနွယ်စုဝင် ၇မျိုးမှာ ပိုး၊ စ‌ကော၊ ဘွဲ၊ မိုဘွာ၊ ပကူး၊ ‌ဂေဘားနှင့် ကရင်ဖြူတို့ဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းကို ၁၉၉ဝခုနှစ်တွင် ဥက္ကဌအဖြစ် ‌စောထွန်းရှင်၊ အတွင်း‌ရေးမှူးအဖြစ် ‌စောသံပိုက်တို့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ခုနှစ်မှ လက်ရှိအချိန်ထိ ဥက္ကဌမှာ မန်း‌စော‌အေးမြ ဖြစ်သည်။