Home သတင်း နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖားအံမြို့ ငြိမ်းချမ်း‌ရေး စကားဝိုင်း ရက်အကန့်အသတ်မရှိ ‌ရွှေ့ဆိုင်း

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖားအံမြို့ ငြိမ်းချမ်း‌ရေး စကားဝိုင်း ရက်အကန့်အသတ်မရှိ ‌ရွှေ့ဆိုင်း

2279

ဇူလိုင် ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဖားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်မည့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ငြိမ်းချမ်း‌ရေး စကားဝိုင်းကို ရာသီဥတု ဆိုးရွားမှု‌ကြောင့် ရက်အကန့် အသတ်မရှိ ‌ရွှေ့ဆိုင်းလိုက်‌ကြောင်း ကရင်ပြည်နယ် ဗမာတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ‌ပြောသည်။

“ ရာသီဥတုက မိုးတအားရွာ‌တော့ လာလို့ အဆင်မ‌ပြေဘူး။ မုန်တိုင်းကလည်း ၂၇ရက်‌နေ့ထိ ရှိတယ်လို့ မိုးဇလက ထုတ်ပြန်ထားတယ်။ အဓိကက‌တော့ ရာသီဥတု‌ကြောင့်ပဲဖြစ်ပါတယ်”ဟု ဗမာတိုင်းရင်းသား‌ရေးရာ ဝန်ကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ငြိမ်းချမ်း‌ရေး စကားဝိုင်းကို ဇူလိုင်လ ၂၆ ရက်‌နေ့တွင် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ် ‌အောင်ဆန်းစုကြည် အပါအဝင် ‌ဒေသခံတိုင်းရင်းသားလူငယ်များ ၊ ကွန်ပျူတာ ပညာရှင် နှင့် အရပ်ဖက် အဖွဲ့ အစည်းမှ လူငယ်များ ဝင်‌ရောက်‌ဆွေး‌နွေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ဖားအံမြို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ငြိမ်းချမ်း‌ရေး စကားဝိုင်းမှာ (၈) ကြိမ် ‌မြောက်ဖြစ်ပြီး ၂၀၁၇ခုနှစ်မှ စတင်ကာ ရှမ်းပြည်နယ် ပင်လုံ၊ ‌နေပြည်‌တော် ၊ မန္တ‌လေးတိုင်း ဝမ်းတွင်းမြို့နယ် ‌မြေတိုင်ကန်‌ကျေးရွာ၊ ကယားပြည်နယ် လွိုင်‌ကော်မြို့ ၊ ဧရာဝတီတိုင်း ‌မြောင်းမြမြို့နယ် နှင့် (၇)ကြိမ်‌မြောက် ကို ယခုနှစ် ဇွန်လ ၁၄ ရက်‌နေ့တွင် မွန်ပြည်နယ် ‌မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီးဖြစ်သည်။