Home သတင်း မြန်မာ့ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ‌ရှေ့ဆက်ရန် မဖြစ်နိုင်‌တော့‌ကြောင်း KPSN ‌ပြောဆို

မြန်မာ့ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ‌ရှေ့ဆက်ရန် မဖြစ်နိုင်‌တော့‌ကြောင်း KPSN ‌ပြောဆို

3105

ဇူလိုင် ၆ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

လက်ရှိသွား‌နေသည့် မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ဆွေး‌နွေးမှုခရီးမှာ ‌ရှေ့ဆက်သွားရန် မဖြစ်နိုင်‌တော့‌ကြောင်း ကရင်ငြိမ်း ချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSN က ဇူလိုင်လ ၅ ရက်‌နေ့တွင် အစီရင်ခံစာထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်တွင် သွား‌နေရခြင်း‌ကြောင့် ‌ဆွေး‌နွေး မှုများအတွက် အကန့်အသတ်များစွာရှိခြင်းနှင့် တပ်မ‌တော်၏ လွှမ်းမိုးမှုပိုများခြင်းတို့‌ကြောင့် ‌ရေရှည်ငြိမ်းချမ်း‌ရေး (သို့မဟုတ်) ဒီမိုကရက် တစ် ဖက်ဒရယ်ပြည်‌ထောင်စုသစ်ဆီသို့ ဦးတည်ရန် မဖြစ်နိုင်‌တော့‌ကြောင်း KPSN၏ ‌ပြောခွင့်ရသူ ‌စောအဲလက်စ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “၂၀၀၈ ဖွဲ့စည်းပုံ‌ဘောင်ကို‌ကျော်ပြီး မသွားနိုင်တာက တစ်ချက်၊ ‌နောက်ပြီး တပ်ရဲ့လွှမ်းမိုးမှု တပ်ရဲ့ ထိန်းချုပ်မှုက တ အားကြီးတယ်။ လွတ်လွတ်လပ်လပ် ‌ဆွေး‌နွေးရမယ့် အ‌ခြေ‌နေ‌တွေမှာ အကန့်အသတ် အများကြီးရှိတယ်။ ငြိမ်းချမ်း‌ရေးဖြစ် စဉ်မှာ ‌ကျော်ဖြတ်ရမဲ့ကဏ္ဍအလိုက်အဆင့်၊ UPDJC အတွင်း‌ရေးမှူးအဆင့်၊ UPDJC အဆင့်၊ UPC အဆင့်နဲ့ လွှတ်‌တော်အ ဆင့်‌တွေက တပ်ရဲ့ကြီးစိုးမှုကို သွားပြီး‌တော့မှ ‌ပေးထားတာကို ‌တွေ့ရတယ်။ လွှတ်‌တော်မှာက တပ်ရဲ့ ၂၅ ရာခိုင်နှုန်း ဗီတို အာဏာအတိုင်း အတည်ပြုရမယ်ဆိုတဲ့အတွက် ဒီ Peace Process ‌ခေါင်း‌ထောင်လာနိုင်မှာမဟုတ်ဘူး။ ”ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်အတိုင်း ‌ရှေ့ဆက်သွားမည်ဆိုပါက အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စုသစ် ကို တည်‌ထောင်နိုင်မည်မဟုတ်သည့်အပြင် တိုက်ပွဲများ၊ ပဋိပက္ခများကိုသာ ဦးတည်သွားမည်ဖြစ်သည့်အတွက် ယခု ငြိမ်းချမ်း ‌ရေးဖြစ်စဉ် တစ်ခုလုံးကို ပြုပြင်သွားရန် လိုအပ်‌ကြောင်းလည်း ‌စောအဲလက်စ်က ဆက်‌ပြောသည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ‌ဖော်‌ဆောင်ခဲ့သည့် ၇ နှစ်တာ ကာလအတွင်း အစိုးရတပ်မ‌တော်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ‌ကြောင့် ကချင်၊ သျှမ်း(ရှမ်း)ပြည်နယ်တို့တွင် လူထုတစ်သိန်းခွဲ‌ကျော်နှင့် အပစ်ရပ်လက်မှတ် ‌ရေးထိုး ထားသည့် ကရင်ပြည်နယ်တွင်လည်း ပြည်သူ‌ပေါင်း ၈,၅၀ဝ ‌ကျော် ‌နေရပ်စွန့်ခွာခဲ့ရပြီး ၎င်းအ‌ပေါ် NLD အစိုးရအ‌နေဖြင့် တစုံတရာ‌ပြောဆိုရန် ပျက်ကွက်ခဲ့‌ကြောင်းလည်း KPSNက ‌ထောက်ပြ‌ပြောဆိုသည်။

အလားတူ KPSN၏ အစီရင်ခံစာ သတင်းထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ကန့်သတ်ချက်နှင့် ကင်းလွတ်‌သော နိုင်ငံ ‌ရေး‌ဆွေး‌နွေးမှုနှင့် ‌ဆွေး‌နွေးအ‌ဖြေရှာမှု ပါဝင်‌သော မူ‌ဘောင်သစ်တစ်ခုကို ‌ရေးဆွဲရန်၊ ထိုးစစ်ဆင်မှု အားလုံးကို ရပ်တန့် သင့်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကို အ‌ကောင်အထည်‌ဖော်ရန်၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးညှိ နှိုင်းမှု ‌ကော်မတီ (FPNCC)နှင့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)အပါအဝင် တိုင်းရင်းသားများ အားလုံး ပါဝင်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုကို ကျင်းပရန်၊ ‌ဆွေး‌နွေးမှု လုပ်ငန်းစဉ်တစ်‌လျှောက် ဖွံ့ဖြိုး‌ရေးစီမံကိန်းကို ယာယီ ရပ်စဲရန်၊ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ကန့်သတ်ပိတ်ပင်ခြင်းမရှိ‌စေရန်နှင့် NLD ပါတီအ‌နေဖြင့် ၎င်းတို့၏ ‌ရွေး‌ကောက်ပွဲဝင် ကတိကဝတ်များကို အ‌ကောင်အထည်‌ဖော်ရန်စသည်ဖြင့် အစိုးရနှင့် တပ်မ‌တော်အား အကြုံပြု‌ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တိုင်းရင်းသားလူထုများကိုယ်တိုင် စီမံအုပ်ချုပ်သည့် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံဇာတစီမံခန့်ခွဲမှုများနှင့် တရား‌ရေး ယန္တရားများကို အသိအမှတ်ပြုရန်၊ ‌ထောက်ပံ့မှုဖြတ်‌တောက် ခံရသည့် IDPs ပြည်သူများအတွက် ‌ထောက်ပံ့မှုများကို နိုင်ငံတကာစံနှုန်းအတိုင်း ချက်ချင်းပြန်လည်‌ထောက်ပံ့ကူညီရန်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ကူညီ‌ထောက်ပံ့သည့် ‌ငွေ‌ကြေးများမှာ စစ်မှန်သည့် အ‌ပြောင်းအလဲသို့ ဦးတည်ရန်နှင့် လွှတ် ‌တော်တွင်း‌မြေယာပြုပြင်‌ပြောင်းလဲမှုလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီသည့် ‌ငွေ‌ကြေး၊ နည်းပညာများသည် ဒီမိုက‌ရေစီ ဖက်ဒရယ်စနစ်ကို ဦးတည်ရန် ဟူ၍ အကြံပြုထားသည်။

ဦးသိန်းစိန် အစိုးရ လက်ထက်မှစတင်ခဲ့သည့် မြန်မာငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် လက်ရှိအမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)အစိုးရ လက်ထက်အထိ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း (၁၀)ဖွဲ့ဖြင့် အပစ်ရပ်စာ ချုပ်(NCA)ကို လက်မှတ်‌ရေးထိုးထားပြီး ပြည်‌ထောင်စုငြိမ်ချမ်း‌ရေးညီလာခံမှ ပြည်‌ထောင်စုသ‌ဘောတူညီချက် (၃၇)ချက် အထိ သ‌ဘောတူညီချက်ရရှိထားကာ ယခုလ ၁၁ ရက်‌နေ့၌ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်အ‌ဝေးပွဲကိုလည်း ကျင်းပရန်ရှိသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSNကို ကရင်အရပ်ဘက်အဖွဲ့အစည်း‌ပေါင်း (၂၉) ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်၌ ‌ပေါင်းစပ်ဖွဲ့စည်းထား‌သော ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းကွန်ယက်ဖြစ်ပြီး ပဋိပက္ခဒဏ်ခံ နယ်‌မြေများရှိ ပြည်သူလူ ထုများ၏ အခွင့်အ‌ရေးများနှင့် ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေး‌ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။