Home သတင်း ပြည်နယ်တွင်းရှိ အ‌ခြေခံပညာ‌ကျောင်း ၃၇ ‌ကျောင်းတွင် ရိုးရာဂျပ်ခုတ်ပညာ ထည့်သွင်းသင်ကြားမည်

ပြည်နယ်တွင်းရှိ အ‌ခြေခံပညာ‌ကျောင်း ၃၇ ‌ကျောင်းတွင် ရိုးရာဂျပ်ခုတ်ပညာ ထည့်သွင်းသင်ကြားမည်

2932

ဇူလိုင် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်း ၃၇ ‌ကျောင်းတွင် အိမ်တွင်းမှု သက်‌မွေး လုပ်ငန်းပညာဖြစ်‌သော ရိုးရာဂျပ်ခုတ်ပညာကို ‌ကျောင်းချိန်အတွင်း ထည့်သွင်းသင်ကြား ‌ပေးသွားမည်ဖြစ် ‌ကြောင်း ပြည်နယ် ပညာ‌ရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့သင်ကြား‌ပေးနိုင်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ပညာ‌ရေးဝန်ကြီးဌာနမှ ဖားအံမြို့ ရက်ကန်းနှင့် အသက်‌မွေးပညာ သင်တန်း‌ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်‌မွေးလုပ်ငန်း ပညာ သင်တန်း‌ကျောင်းမှ သင်တန်းဆင်း ၃၇ ဦးကို ဧပြီလနှင့် ဇွန်လများတွင် ‌ကျောင်းချိန်အတွင်း ဂျပ်ခုတ်ပညာ သင်ကြား‌ပေးရန်အတွက် ‌ရွေးချယ်ခန့်အပ်ထားပြီးလည်းဖြစ်သည်။

ပြည်နယ် ပညာ‌ရေးမှူးရုံး ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌မောင်ထွန်းက “ ကိုယ့်‌ဒေသရဲ့ ဂျပ်ခုတ်ပညာကိုလည်း တတ်သွားမယ်။ အသက်‌မွေးဝမ်း‌ကျောင်း ပညာတစ်ခု တတ်ထားမယ်ဆိုရင် ‌ကျောင်းထွက်သွားရင်လည်း ကိုယ့်ဘာသာကိုယ် လုပ်ကိုင်စား‌သောက် နိုင်မယ်‌ပေါ့။ အဲ့လို ရည်ရွယ်ချက်နဲ့ လုပ်တာ‌ပေါ့‌နော် ” ဟု‌ပြော သည်။

ယခုပညာသင်နှစ်အတွင်း အ‌ခြေခံပညာ အလယ်တန်း‌ကျောင်း နှင့် အထက်တန်း‌ကျောင်းများတွင် ဂျပ်ခုတ်ပညာကို ‌ကျောင်းတွင်း ဖွံဖြိုး‌ရေး အချိန်များတွင် သင်ကြား‌ပေးသွားရန်ရှိ‌သော်လည်း သင် ‌ထောက် ကူပစ္စည်းများ လိုအပ်‌နေ‌သေးသည့်အတွက် ဂျပ်ခုတ်စင်အပါအဝင် ချည်များကိုလည်း သက်ဆိုင်ရာများထံ တင်ပြ‌တောင်းခံသွားမည်ဖြစ်‌ကြောင်းလည်း ဦး‌မောင်ထွန်းက ဆက်‌ပြောသည်။

ရိုးရာဂျပ်ခုတ်ပညာ သင်ကြားရာတွင် သီအိုရီပိုင်းအပါအဝင် စာ‌တွေ့ ၃ဝရာခိုင်နှုန်းနှင့် လက်‌တွေ့ ၇ဝ ရာခိုင်နှုန်း သင်ကြား‌ပေးမည်ဖြစ်ပြီး ဂျပ်ခုတ် သင်ကြားမည်ဆိုလျှင် ချည် ၊ ဝါးလုံး ၊ သစ်သား‌ချောင်း၊ ဒီဇိုင်းစာအုပ်များစသည့် သင်‌ထောက်ကူပစ္စည်းများကို လိုအပ်မည်ဖြစ်သည်ဟုလည်း သိရသည်။

ဖားအံမြို့ရက်ကန်းနှင့် အသက်‌မွေးဝမ်း‌ကျောင်း ပညာသင်တန်း‌ကျောင်းမှ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်ဧကရီ‌အောင်‌အောင်က “ ဂျပ်ခုတ်ဆိုတာကလည်း ရိုးရာတစ်ခုပဲ။ ကရင်ရိုးရာ ဂျပ်ခုတ်တို့၊ ကချင်ရ၏ရိုးရာ ဂျပ်ခုတ်တို့၊ ရခိုင်ရိုးရာ ဂျပ်ခုတ်တို့ ရှိတယ်‌လေ။ ဂျပ်ခုတ်ပညာကို ‌ကျောင်း‌တွေမှာ သင်‌ပေးလိုက်ပြီး‌တော့ ကိုယ့်ရဲ့ ရိုးရာအ‌မွေအနှစ်ကို တိုင်းရင်းသား‌တွေက မ‌ပျောက်မပျက်‌အောင် ထိန်းသိမ်းလို့ ရ‌အောင်လို့။ ‌ကျောင်းမှာဆို‌တော့ မဖြစ်မ‌နေ သင်ရ‌တော့ ရိုးရာကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်။ မထိန်းသိမ်းရင်‌ပျောက်ကွယ်သွားမှာပဲ‌လေ ” ဟု‌ပြောသည်။

ထို့အတူ တိုင်းရင်းသားစာ‌ပေကို သင်ကြားသကဲ့သို့ ဂျပ်ခုတ်ပညာ သင်ကြား‌ပေးခြင်းဖြင့် ငယ်စဉ်ကတည်းက ဂျပ်ခုတ်အ‌ခြေခံပညာကို တတ်‌မြောက်သွားမည်ဖြစ်သည့်အပြင် မိမိတို့၏ ရိုးရာတစ်ခုဖြစ်‌ကြောင်း နားလည် သ‌ဘော‌ပေါက်လာပြီး ရိုးရာအ‌မွေအနှစ်များကို မ‌ပျောက်ကွယ်‌အောင် ထိန်းသိမ်းသွားနိုင်မည် ဖြစ်‌ကြောင်း လည်း၎င်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ‌ကျောင်းချိန်အတွင်း ရိုးရာဂျပ်ခုတ်ပညာ သင်ကြား‌ပေးမှုများကို ယခုစာသင်နှစ်တွင် ပထမဆုံးအကြိမ် စတင်ကာ ထည့်သွင်းသင်ကြား ‌ပေးခြင်းလည်း ဖြစ်သည်။