Home သတင်း ‌ရေကြီးမှု‌ကြောင့် လှိုင်းဘွဲတွင် ‌ကျောင်း ၄၉ ‌ကျောင်း ပိတ်ထားရ

‌ရေကြီးမှု‌ကြောင့် လှိုင်းဘွဲတွင် ‌ကျောင်း ၄၉ ‌ကျောင်း ပိတ်ထားရ

3418

ဇူလိုင် ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မိုးဆက်တိုက်ရွာသွန်းပြီး ‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်ရှိ စာသင် ‌ကျောင်း ၄၉ ‌ကျောင်းအထိ ပိတ်ထားရသည်ဟု လှှိုှုင်းဘွဲမြို့နယ် ပညာ‌ရေးမှူး ‌ဒေါ်မိုးပုလဲစိုးက ဇူလိုင် ၂၄ ရက် (ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီ စ‌နေ၊ တနဂင်္‌နွေက ‌ရေကစတက်တာဆို‌တော့ မ‌နေ့ကစပြီး ‌ကျောင်း‌တွေပိတ်ထားရတယ်။ ဒီ‌နေ့မှ စပိတ်တဲ့‌ကျောင်း‌တွေလည်းရှိတယ်။ တချို့ရွာက‌ကျောင်း‌တွေက ‌ကျောင်းမမြှုပ်‌ပေမယ့် ရွာ‌နေ အိမ်‌တွေမြှုပ်တာ‌ကြောင့် သွားလာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ‌ကျောင်းပိတ်ထားတာရှိတယ်။ ‌ရေကျရင်‌တော့ သူ့‌ကျောင်းနဲ့သူ ပြန်ဖွင့်ကြမှာပါ”ဟု ‌ပြောသည်။

ဇူလိုင်လ ၂၃ ရက်(ယမန်‌နေ့)မှ စတင်ကာ အ.ထ.က ၃ ‌ကျောင်း၊ အ.ထ.က(ခွဲ) ၇ ‌ကျောင်း၊ အ.လ.က ၂ ‌ကျောင်း၊ အ.လ.က(ခွဲ) ၃ ‌ကျောင်း၊ မူလွန် ၆ ‌ကျောင်း၊ အ.မ.က (၂၇)‌ကျောင်း၊ အ.မ.က(ခွဲ) ၁ ‌ကျောင်း ပိတ်ထားရ‌ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်‌နေ့တွင် လှိုင်းဘွဲ‌ချောင်း ‌ရေလျှံမှု‌ကြောင့် မြို့‌ပေါ်‌ကျောင်း ၇ ‌ကျောင်းပိတ်ထားခဲ့ရာမှ ယခုတဖန် ဇူလိုင်လ ၂၁ ရက်‌နေ့မှ စတင်၍ ဒုတိယအကြိမ်‌ရေကြီးမှု‌ကြောင့် တမြို့နယ်လုံးအတိုင်း အတာဖြင့် ‌ရေလွှမ်းခဲ့ကာ သွားလာ‌ရေးအခက်အခဲ‌ကြောင့် ယခုလို ‌ကျောင်းများပိတ်ထားရခြင်း ဖြစ် ‌ကြောင်း မြို့နယ်အုပ်ချုပ်‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒ ဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက်‌နေ့မနက် တိုင်းထွာချက်အရ ကရင်ပြည်နယ် တွင် မိုးရွာသွန်းမှု ဆက်လက်တည်ရှိမည်ဖြစ်ပြီး ဖားအံ၊ သံလွင်မြစ်၏ စိုးရိမ်‌ရေအမှတ် ၈၃၁ စင်တီ မီတာ ‌ကျော်လွန်သွားပြီဖြစ်သည်။

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု‌ကြောင့် လှိုင်းဘွဲအပါအဝင် ဖားအံနှင့် မြဝတီမြို့ နယ်ရှိ မြို့‌ပေါ် ရပ်ကွက်များတွင် ‌ရေကြီး၊ ‌ရေလျှံမှု ဖြစ်ပွားခဲ့ကာ ၎င်းမြို့နယ်သုံးခုတွင် ကယ်ဆယ်‌ရေး စခန်း (၁၉ )ခု ဖွင့်လှစ်ထားပြီး လူဦး‌ရေ ငါး‌ထောင်နီးပါးကို ကူညီကယ်ဆယ် ထား‌ပေး‌ကြောင်းလည်း ပြည်နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ဇူလိုင်လ ၂၃ရက် (ယမန်‌နေ့) စာရင်းအရ သိရသည်။

‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှှိုင်းဘွဲမြို့ရှိ ‌မြေနိမ့်ပိုင်းအချို့တွင် နှစ်စဉ်‌ရေကြီးမှုနှင့် ကြုံရပြီး ယခင် နှစ်များတွင် ‌ရေ ၆ ‌ပေ‌ကျော်အထိ တက်သည့်အတွက် ‌ကျောင်းအချို့ယာယီပိတ်ထားခဲ့ရပြီး ‌ရေ‌ဘေး ‌ရှောင်အိမ်‌ထောင်စု ၅ဝ ‌ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။