Home သတင်း ‌ရေကာတာ တည်‌ဆောက်မှုများ‌ကြောင့် ‌ဒေသခံများအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှု အစီရင်ခံစာထုတ်ပြန်

‌ရေကာတာ တည်‌ဆောက်မှုများ‌ကြောင့် ‌ဒေသခံများအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှု အစီရင်ခံစာထုတ်ပြန်

2109

ဇူလိုင် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာပြည် အ‌ရှေ့‌တောင်ပိုင်း‌ဒေသအတွင်း ‌ရေအားလျှပ်စစ်ထုတ်ယူရန် ဆည်များ၊ ‌ရေကာတာများ တည်‌ဆောက် ခြင်း ‌ကြောင့် ‌ဒေသခံများအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှုအ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)နှင့် ကရင်မြစ်‌ချောင်းများ ‌စောင့်ကြည့်‌ရေးကွန်ရက်(KRW)တို့မှ အစီရင်ခံစာ‌ရေးသားထုတ်ပြန်သည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ၊ Orchid ဟိုတယ်၌ ဇူလိုင် ၁ဝ ရက်‌နေ့တွင် ကျင်းပခဲ့သည်။

အစီရင်ခံစာပြုစု ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ KHRGမှ ‌နော်ဂျက်စမင်းက ” စီမံကိန်း‌တွေနဲ့ ပတ်သက်ပြီး ‌တော့ ‌ဒေသခံ လူထုရဲ့ စိုးရိမ်မှု၊ အသံ‌တွေ၊ သူတို့ကိုတကယ်ပဲအ‌လေးထားရမယ်ဆိုတဲ့ဟာကို ထည့်သွင်းစဉ်း စား‌စေချင်တယ်။ ဒါက ‌တော့ စီမံကိန်းမစခင်‌ပေါ့။ ‌နောက်ပြီး‌တော့ စီမံကိန်းကြီး‌တွေ‌ကြောင့် ဆိုးကျိုးသက် ‌ရောက်မှု ခံရတဲ့ ‌ဒေသခံ‌တွေအတွက် တရားမျှတမှု‌တွေနဲ့ ပိုမို‌ကောင်းမွန်တဲ့ လူမှုဘဝ‌တွေရှိ‌အောင်၊ ‌နောက်ထိ ခိုက်ခံရတဲ့သူ‌တွေကို သက်ဆိုင်ရာနဲ့ တခြားသူ ‌တွေ သိပြီးစာနာ နားလည်နိုင်‌အောင်ရည်ရွယ်ပါတယ်”ဟု ‌ပြောသည်။

စာမျက်နှာ ၂၈ မျက်နှာပါရှိသည့် အစီရင်ခံစာတွင် မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း‌ဒေသတွင် စီမံကိန်းစတင်ရန် အဆိုပြုထားသည့် ‌ရေကာတာများ၊ တည်‌ဆောက်ပြီးသွားသည့် ‌ရေကာတာစီမံကိန်းတို့‌ကြောင့် ‌ဒေသခံများ ‌နေရပ်စွန့်ခွာရမှု၊ ‌မြေယာသိမ်းယူခံရပြီး မျှတမှုမရှိသည့် ‌လျော်‌ကြေး‌ငွေရရှိမှုများ၊ အသက်‌မွေးဝမ်း‌ကျောင်း ထိခိုက်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲများ‌ကြောင့် မိုင်းအန္တရာယ်များအ‌ကြောင်းကို ‌ဖော်ပြထားသည်။

ထို့အပြင် တိုုင်းရင်းသား‌ဒေသများတွင် ‌ရေအားလျှပ်စစ် စီမံကိန်းများကို အ‌ကောင်အထည်‌ဖော်ရာ၌ ပဋိပက္ခ ဖြစ်ပွားမှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များကို စီမံကိန်း ‌ဖော်‌ဆောင်သူများမှ အပြည့်အဝတာဝန်ယူ လုပ်‌ဆောင်ပြီး အစိုးရက ဘက်လိုက် မှုမရှိ ကြီးကြပ်‌ပေးရန်၊ စီမံကိန်းနှင့်ပတ်သက်၍ ‌ဒေသခံများအ‌ပေါ် အရပ်ဘက်အဖွဲ့အ စည်းများက ကူညီ‌ပေးရာတွင် ဖိအား ‌ပေး ခြိမ်း‌ခြောက်မှုကင်းရန် စသည့်အချက်များကို အစီရင်ခံစာတွင် အစိုးရ နှင့် စီမံကိန်းအ‌ကောင်အထည်‌ဖော်မည့် ကုမ္ပဏီများအတွက် အကြံပြု‌ဖော်ပြထားသည်။

‌တောင်ငူခရိုင်အတွင်းရှိ ပသိဆည် တည်‌ဆောက်ခြင်း‌ကြောင့် ‌နေရပ်စွန့်ခွာခဲ့ရသူ ရွာကြီး‌ကျေးရွာသူ အဖီး ‌နော်မူးလူက ” ပသိဆည်‌ဆောက်ဖို့ ဆည်‌မြောင်းက အဖီးတို့ကို လာ‌ပြောတာ ၁၉၉၇ ခုနှစ်တုန်းကပါ။ ရွာနှစ်ရွာ ‌ရွှေ့‌ပြောင်း‌ပေးရမယ်တဲ့၊ ‌ပြောင်းတဲ့ ‌နေရာမှာ တားဆီးပိတ်ပင်မှုမရှိ‌နေရမယ်။ ‌မြေ‌နေရာကလည်း တ‌ပြေးညီ ဖြစ်ရမယ်။ ‌ရေနှစ်မြှုပ်ဆုံးရှုံးသွားတဲ့ လယ်၊ ယာ သီးနှံပင်‌တွေကို ‌လျော်‌ကြေးနဲ ့ ‌ရှေ့ဆက်လုပ်ကိုင် စား‌သောက် ဖို့ ‌မြေအစား‌ပေးမယ်‌ပြောတယ်။ အခုချိန်ထိ ဘာမှ မရဘူး။ ဒါအပြင် ကျန်‌နေတဲ့ ‌မြေကို မိသားစုစားဖို့ လုပ်ကိုင် စား‌သောက် ‌နေတာကို တရားစွဲခံရတယ်။ အခုထိ တရားရင်ဆိုင်‌နေရတုန်းပဲ” ဟု ‌ပြောသည်။

ထို့အပြင် ‌ရေကာတာ စီမံကိန်းများသည် နယ်‌မြေမငြိမ်းချမ်း‌သေးသည့် ‌ဒေသများတွင် အ‌ကောင်အထည်‌ဖော် ရန် စီစဉ်မှုများရှိ‌နေပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ် လက်‌တွေ့တွင် ခက်ခဲ‌နေကာ အစိုးရအ‌နေဖြင့် ငြိမ်ချမ်း‌ရေး မရခင် ‌ရေကာတာစီမံကိန်းများ ရပ်ဆိုင်းထားရန် ‌ဒေသခံများနှင့် အတူ‌တောင်းဆိုလိုသည်ဟု ကရင်မြစ်‌ချောင်း‌စောင့် ကြည့်‌ရေးကွန်ရက်မှ ‌စောသာဘိုးက ‌ပြောသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)ကို ၁၉၉၂ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အ‌နေဖြင့် ပဋိပက္ခ‌ဒေသများရှိ ‌ဒေသခံတိုင်းရင်းများ လူ့အခွင့်အ‌ရေးထိခိုက်မှုများကို ‌ဖော်ထုတ်ပြုစု အစီရင်ခံမှုများ ပြုလုပ်‌လေ့ရှိပြီး နိုင်ငံ ‌ရေးနှင့် အခြား ‌သောအဖွဲ့အစည်းများနှင့် ဆက်နွယ်မှုမရှိဘဲ သီးခြားလွတ်လပ်သည့် အဖွဲ့တစ်ခု ဖြစ်ကာ ယခု ထုတ်ပြန်သည့်အစီရင်ခံစာနှင့် ပတ်သက်၍ khrg@khrg.orgသို့ ဆက်သွယ်ရယူနိုင်‌ကြောင်း အဖွဲ့တာဝန် ရှိသူများက ‌ပြောသည်။