Home သတင်း ‌မော‌ဒေး‌တောင်တွင် ကျွန်းပင် နှစ်‌သောင်း‌ကျော် စိုက်ပျိုး

‌မော‌ဒေး‌တောင်တွင် ကျွန်းပင် နှစ်‌သောင်း‌ကျော် စိုက်ပျိုး

4414

ဇူလိုင် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌မော‌ဒေး‌တောင်တန်းကို အများပိုင်ဘုံသစ်‌တောအဖြစ် သတ်မှတ်ပြီး‌နောက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းလာ‌စေရန် ‌မော‌ဒေး‌တောင်ထိန်းသိမ်း‌ရေး‌ကော်မတီ ဦး‌ဆောင်မှုနှင့်အတူ ‌ဒေသခံများက ဇူလိုင်လ ၁၆ရက်‌နေ့မှ စတင် ပြီး ကျွန်းပင်‌ပေါင်း နှစ်‌သောင်း‌ကျော်ပြန်လည်စိုက်ပျိုးသည်ဟု သိရသည်။

‌မော‌ဒေး‌တောင်တန်းအတွင်း သစ်‌တောများခုတ်ယူခြင်းမပြုလုပ်ရန် ‌ဒေသခံလူထုများ‌တောင်းဆိုချက်အရ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်‌တောဌာနမှ အများပိုင်ဘုံ သစ်‌တောအဖြစ် သတ်မှတ်‌ပေးပြီး‌နောက် ယခုနှစ် ပထမဦးဆုံးအကြိမ် ‌ဒေသခံများစု‌ပေါင်းပြီး ကျွန်းပင်စိုက်ခြင်းလည်း ဖြစ်သည်။

‌မော‌ဒေး‌တောင်ထိန်းသိမ်း‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး မန်းချစ်‌အေးက “အများပိုင်ဘုံသစ်‌တော ပြန်သတ်မှတ်ပြီး အခုမှ စု‌ပေါင်းပြီး သစ်ပင်စိုက်တာ၊ ကျွန်းပင်ကို‌ရွေးပြီးစိုက်တဲ့အ‌ကြောင်းရင်းက ကျွန်းပင်က မီး‌လောင်ရင် မ‌သေတဲ့အပင်ဖြစ်တယ်။ တန်ဖိုးကြီး သစ်လည်းဖြစ်‌တော့ အဲဒါ‌ကြောင့်လည်း ပါတယ်။ ‌တောင်‌ပေါ်မှာသစ်‌တောများလာ‌အောင် ကျ‌နော်တို့ စည်းမျဉ်းစည်းကမ်း ဥပ ‌ဒေနဲ့ပဲ ကိုင်တွယ်ရမယ်။ အခုကလည်း သစ်ပင်စိုက်ဖို့ ကျ‌နော်တို့ ‌ထောက်ပံ့တဲ့ အဖွဲ့ရှိလို့သာ ကျ‌နော်တို့စိုက်နိုင်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျွန်းပင်များ ပြန်လည်စိုက်ပျိုးနိုင်‌ရေးအတွက် ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် “သွီး” လူထုအ‌ခြေပြုဖွံ့ဖြိုး‌ရေးကွန်ယက်အဖွဲ့မှ ကူညီ‌ဆောင်ရွက်ပြီး တရိတ‌ခေါင်း၊ အံ‌ကောင်၊ သပြု၊ ‌လောင်းကိုင်၊ သမိန်ဒွတ်၊ ဝင်းက၊ ထီဟူးသံနှင့် မယ်သ‌ရော စသည့်‌ကျေး ရွာအုပ်စုများမှ တာဝန်ယူစိုက်ပျိုးပြီး ထိန်းသိမ်းကြည့်ရှုသွားမည်ဖြစ်‌ကြောင်းလည်း ‌မော‌ဒေး‌တောင်ထိန်းသိမ်း‌ရေး‌ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ကျွန်းပင်‌ပေါင်း တစ်‌သောင်း‌ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်သလို ‌မော‌ဒေး‌တောင်တန်းသစ်‌တော တည်မြဲဖို့အတွက် အခြားထိန်းသိမ်း‌ရေးလုပ်ငန်းစဉ်များလည်း လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု “သွီး”အဖွဲ့မှ ‌မော‌ဒေး‌တောင်တန်း ထိန်းသိမ်း‌ရေး အပိုင်းတွင် ပါဝင်သည့် တာဝန်ခံ ‌စောချစ်ပွဲက ယခုလို ‌ပြောသည်။

“‌တောင်‌ခြေမှာရှိတဲ့ ‌ကျေးရွာ ၂၄ရွာက လူထု‌တွေ သစ်ခုတ်တာ‌တွေနည်းလာ‌အောင် သစ်‌တွေ ပြန်လည်စိုက်ချင်စိတ်၊ ထိန်းသိမ်း ချင်စိတ်ရှိလာဖို့ ပညာ‌ပေးအပိုင်း၊ သင်တန်း‌ပေးအပိုင်းလုပ်‌ပေးဖို့ရှိတယ်။ ပညာရှင်‌တွေ‌ခေါ်ပြီး သူတို့ကို ကူညီဖို့ ကျ‌နော်တို့အဖွဲ့ က အစီအစဉ်ဆွဲထားတယ်။ အခု‌ဒေသခံ အ‌တော်များများကလည်း ပူး‌ပေါင်းပါဝင်တာရှိပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မော‌ဒေး‌တောင် ‌ကျေးရွာပိုင်ဘုံသစ်‌တောသည် ဧက‌ပေါင်း ၃၀,၀၀၀(သုံး‌သောင်း)‌ကျော်ရှိပြီး ‌တောင်ကိုအမှီပြု၍ ‌တောင်‌ခြေတွင် ဘိုးစဉ်‌ဘောင်ဆက် ‌ဒေသခံများ ဥယျာဉ်ခြံနှင့် အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေရသည့် ‌တောင်တစ်ခုလည်းဖြစ်သည်။

အပစ်ခတ်ရပ်စဲ‌ရေးကာလ‌နောက်ပိုင်း ယင်း‌တောင်အနီးတဝိုက် စီးပွား‌ရေးလုပ်ငန်းရှင်များ ‌ရောက်ရှိလာပြီး ‌ဒေသခံများထံမှ သစ် ဝယ်ယူထုတ်လုပ်မှုများ‌ကြောင့် သစ်‌တောများ တဖြည်းဖြည်းပြုန်းတီးလာသည့်အတွက် KNU ခွင့်ပြုချက်ရယူကာ ‌ဒေသခံများ စု‌ပေါင်းပြီး အများပိုင်ဘုံသစ်‌တောအဖြစ် ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။