Home သတင်း ‌တောင်ပြိုမှု‌ကြောင့် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းမကြီး သွားလာ‌ရေးပြတ်‌တောက်

‌တောင်ပြိုမှု‌ကြောင့် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းမကြီး သွားလာ‌ရေးပြတ်‌တောက်

1792

ဇူလိုင် ၂၉ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူ လမ်းမကြီး ယက္ကလား‌ကျေးရွာအနီး၌ ယ‌နေ့ ဇူလိုင် ၂၉ ရက်‌နေ့ ‌တောင်ပြိုမှု‌ကြောင့် သွားလာ‌ရေးပြတ်‌တောက်သွား‌ကြောင်း သိရသည်။

“ ည ၁၂ နာရီ‌ကျော် ယက္ကလား‌ကျေးရွာ ‌ဒေါ်တင်‌အေး ထမင်းဆိုင်အနားမှာ ‌တောင်ပြိုတယ် ။ ‌ရေး‌ဘေးသင့်ပြည်သူ‌တွေကို ‌ထောက်ပံ့ဖို့လာတဲ့ ဘုရားသုံးဆူလူမှုကယ်ဆယ်‌ရေးအဖွဲ့‌တွေ လမ်းပိတ်ဆို့‌နေလို့ သွားကူ‌ပေးရတယ်။ အခုလုံးဝသွားလို့မရ‌တော့ဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့ခံ နိုင်လင်း‌အောင်က ‌ကေအိုင်စီ သို့‌ပြောသည်။

ကြာအင်းဆိကြီးမြို့နယ်အင်ဂျင်နီယာ ဦးစီးမှူး ဦးသိန်း‌ဇော်‌ဌေးက “ ‌ရေကြီး‌နေလို့ စက်‌တွေ ပို့လို့မရဘူး။ ရွာမှာ ထွန်စက်‌တွေ လိုက်ဌား‌နေတယ်။ ပြီး‌အောင်လုပ်မယ်။ ‌လော‌လောဆယ် ထွန်စက်မရ‌သေးလို့ လူနဲ့ဘဲ ဖယ်‌နေတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ ‌တောင်ပြိုမှု‌ကြောင့်လမ်းပိတ်ဆို့မှုအ‌ပေါ် သက်ဆိုင်ရာနှင့်‌ဒေသခံများ ရှင်းလင်း‌ရေး တက်နိုင်သ‌လောက်လုပ်‌ဆောင်‌နေသည်ဟု ‌ဒေသခံများက‌ပြောသည်။