နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ
မြန်မာနိုင်ငံသည် သမုဒ္ဒရာဇ်မင်းမှစ၍ ပုဂံမင်းဆက် (၅၅)ဆက်၊ ကုန်းဘောင်မင်းဆက် (၁၁)ဆက်၊ နောက်ဆုံး သီပေါမင်းအထိ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး သီပေါမင်းလက်ထက် (၁၈၈၆)ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့ အောက်သို့ ရောက်ခဲ့ရသည်။ ထိုမှ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံကြီးသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံကြီးအဖြစ် ရပ်တည်ခဲ့သည်။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမ မြန်မာနိုင်ငံတော် သမတအဖြစ် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ၁၉၄၈မှ ၁၉၅၂ အထိ၊ ဒေါက်တာဘဦးသည် ၁၉၅၂မှ ၁၉၅၇အထိ၊ မန်းဝင်းမောင်သည် ၁၉၅၇မှ ၁၉၆၂အထိ၊ ဦးနေဝင်းသည် ၁၉၇၄မှ ၁၉၈၁အ ထိ၊ ဦးစန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့သည် ၁၉၈၈အတွင်း တာဝန်ယူ အုပ်ချုပ်ခဲ့ရာ တိုင်းသူပြည်သား တို့သည် နိုင်ငံတော်၏ နိုင်ငံရေးခေတ်သမိုင်းတို့အပေါ် သမိုင်းဆိုးများအား သင်ခန်းစာယူကြရလေပြီး သမိုင်းကောင်းများကို နမူ နာယူကြရမည် ဖြစ်သည်။
အချုပ်အခြာအာဏာပိုင်သည့် ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများသည် နိုင်ငံတော် အချုပ်အခြာ၏ ခက်မသုံးဖြာဖြစ်သော “ဥပ ဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ”တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန် အလှန် ထိန်းကျောင်းနေကြရသည်။
ဥပဒေပြုရေး – ဥပဒေဆိုသည်မှာ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် သတ်မှတ်ထားချက် ဖြစ်သည်။ အစိုးရက လိုက်နာရန် ပြည်သူ တို့ ရေးဆွဲထားသော ဥပဒေကို “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟုခေါ်ပြီး “ပြည်သူတို့က လိုက်နာရန် အစိုးရရေးဆွဲပြဌာန်းထား သော ဥပဒေကို အုပ်ချုပ်ရေးဥပဒေ”ဟု ခေါ်သည်။ နိုင်ငံတော်နှင့် ဥပဒေသည် ဒွန်တွဲလျက်ရှိပြီး “အုပ်ချုပ်ရေးအပေါ် ထိန်းချုပ် ခြင်း”ကဲ့သို့ အခြားလုပ်ငန်းများကိုလည်း ထမ်းဆောင်လေ့ရှိသည်။
အုပ်ချုပ်ရေး – အုပ်ချုပ်ရေးသည် ဥပဒေပြုရေးဌာနမှ ရေးဆွဲပြဌာန်းထားသော ဥပဒေများကို လိုက်နာ၍ လက်တွေ့ အကောင်အ ထည်ဖော် ဆောင်ရွက်ရလေသည်။
တရားစီရင်ရေး – တရားဥပဒေကို ဆန့်ကျင်ချိုးဖောက်သူများအား ဟန့်တားအပြစ်ပေးရန်သည် တရားစီရင်ရေး၏ အဓိကတာဝန် ပင်ဖြစ်သည်။ တရားစီရင်ရေးမူများမှာ –
(က)ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး (ခ)ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင် ရေး (ဂ)အမှုများတွင် ဥပဒေအရ ခုခံခွင့်၊ ချေပခွင့်နှင့်အတူ အယူခံပိုင်ခွင့်ရရှိရေးတို့ ဖြစ်သည်။
တရားဥပဒေ၏ရှေ့မှောက်တွင် မင်း၊ သမတမှစ အောက်ခြေလူတန်းစားဟု မခွဲခြားဘဲ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အ ရေး ရရှိရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ စာမျက်နှာ(၁၄၉)၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်နှင့်တာဝန်များကဏ္ဍတွင် ပြဌာန်းထားသည်။ ထို့ကြောင့် လူ တစ်ဦးကို အခြားတစ်ဦးကသော်လည်းကောင်း၊ လူအများစုနှင့်အစိုးရကသော်လည်းကောင်း၊ တရားဥပဒေမဲ့ ထင်တိုင်း မပြုနိုင် ရန် ကာကွယ်ရသည်ဖြစ်ရာ “တရားစီရင်ရေးဌာန”ကို ပုဂ္ဂိုလ်တိုင်းအပေါ် ကာကွယ်သူအဖြစ် နားလည်ထားကြသည်။
နိုင်ငံနှင့် ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပြည်သူပြည်သားများသည်လည်းကောင်း၊ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအဆင့်ဆင့်သည်လည်းကောင်း လက်တွေ့အခြေအနေနှင့် ကိုက်ညီ၍ ခေတ်နှင့်လျော်ညီသော ပြဌာန်းချက်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာ ဗဟုသုတ စာပေများကိုဖတ်ခြင်း ဖြင့် “အသိတရားမှ အရှိတရား”များကို ဖော်ဆောင်ကြရမည်ဖြစ်သည်။
ထို့အပြင် အနာဂတ်ကြယ်ပွင့်လေးများဖြစ်သော ယနေ့ ကျောင်းသူကျောင်းသားများမှာလည်း ကျောင်းသင်ခန်းစာပြင်ပ ဘာသာ ရပ်အဖြစ် ကိုယ်ပိုင်အချိန်များတွင် ရသ၊ သုတဆိုင်ရာ စာပေများကို ဖတ်ရှု လေ့လာသင်ယူခြင်းဖြင့် ထူးချွန်ထက်မြက်ကာ ပုခုံး ပြောင်းတာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ကြသူများ ဖြစ်လာပေမည်။ သို့မှသာ နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင် မြဲရေးအတွက် တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်ရာတွင် ပြည့်ဝမှုများကိုဖြစ်စေ၍ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှ ခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလာကာ တိုင်းရင်းသားပြည်သူများအတွက် အစဉ် အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။